စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
တနင်္ဂနွေ”
တနင်္လာ”
အင်္ဂါ”
ဗုဒ္ဓဟူး”
ကြာသပတေး”
သောကြာ”
စနေ
Unicode Version ဖြင့်ဖတ်ရန်
ချစ်စရာ မွေးရက်ပိုင်ရှင်လေးများ အကြောင်း…
တနင်္ဂနွေ”
ချစ်ဖို့ကောင်းတဲ့ နေရာမှာ No.1 ရုပ်တည်ကြီးနေတတ်ပေမယ့် တကယ်ခင်သွားရင်လည်း သူငယ်ချင်းအဖွဲ့ထဲမှာ မျက်နှာအပြောင်ဆုံးက သူပဲ …။
အချစ်ကြီးသလောက် အချစ်ရေးမှာတော့ အရမ်းကံခေတယ်။ ရတာမလို လိုတာမရတွေလေ။ အစွဲလန်းလဲ ကြီးတယ်။ ချစ်ပြီဆို တခြားလူနဲ့မတူသလို မုန်းပြီဆိုလဲ လှည့်မကြည့်တတ်ဘူး။ အချောကြီးမဟုတ်ပေမယ့် ဆွဲဆောင်မှုအရမ်းရှိတယ်။ ညို့အားအပြင်းဆုံးက အသံ (အသံလေး ကြားဖူးရုံနဲ့တင် စွဲလန်းသွားစေတာမျိုး…။)
တနင်္လာ”
အထာကျတဲ့ နေရာမှာ No. 1 တခုခုဆို အရမ်းပြတ်သားတယ်။ ပြောစရာရှိရင် ဘယ့်သူ့ကိုမှာ အားမနာတတ်ဘူးမှန်တဲ့ ဖက်က ရပ်တည်တာမျိုးပေါ့။ ရန်လိုတဲ့လူ နဲနဲများတယ် ဒါမယ့်ဘသူ့ကိုမှသိပ်ဂရုမစိုက်တတ်ဘူး။ ဘယ်လို အခြေနေပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိပါတယ် …။
အပေါင်းသင်းဆိုလဲ ရွေးပြီးပဲပေါင်းတယ်။ အုတ်ရောရော ကျောက်ရောရော သိပ်မထားတတ်ဘူး။ အတုယောင်တွေကို မုန်းလို့တဲ့။ လေညို့အားအပြင်းဆုံးက ခန္ဓာကိုယ်ပါ။ ယောက်ျားလေးဆို အရမ်းခန့်ပြီး မိန်းကလေးဆိုလည်း အချိုးအစားကျတယ်။ ဆွဲဆောင်မှု အရမ်းရှိပါတယ် …။
အင်္ဂါ”
ဆရာကြီး လုပ်တဲ့နေရာမှာ No.1 ပြောသာပြောတာနော် သြဇာက အရမ်းညောင်းတယ်။ လူချစ်လူခင်လဲ ပေါတယ်။ လူတိုင်းကလဲ ယုံကြည်တယ်။ ခေါင်းဆောင်ကောင်း ပီသတဲ့ သူတွေပါ …။
ဒါမယ့် သိပ်မပွင့်လင်းတော့ ပျော်တယ်လို့ပဲ ထင်ရတာ အမြဲတမ်းလိုလို အထီးကျန်နေတတ်တယ်။ မိသားစုဖြစ်ဖြစ် သူငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ် အပစ်ပယ်ခံရတဲ့ အချိန်က များနေတတ်တယ်ညို့အားအပြင်းဆုံးက မျက်လုံးပါ။ အကြည့်နဲ့ညို့တာနော်…သူတို့နဲ့တွေ့ရင် မျက်လုံးတွေကို သတိထား အရမ်းကြောက်ဖို့ကောင်းတာ …။
ဗုဒ္ဓဟူး”
ရူးတဲ့နေရာမှာ No.1 တလောကလုံး သူတို့နဲ့တည့်, တဲ့လူ မရှိသလောက်ပဲ။ စိတ်ရင်းကောင်းတယ် အပြောဆိုးတယ်။ စိတ်ဆိုးတုန်းလဲ ခနပဲ ပြီးရင် ဘာမှမဟုတ်ဘူး။ ပေါင်းသင်းရ ခက်တဲ့သူတွေပါ …။
အဖေကလွဲရင် တမိသားစုလုံးနဲ့ မျက်နှာကြောမတည့်ဘူး။ ဘယ်လောက်အသက်ကြီးကြီး ခလေးစိတ်ကမပျောက်ဘူး။ ညို့အားအပြင်းဆုံးက ဆံပင်ပုံစံ( မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် သူတို့တွေက ဆံပင်ကို အရမ်းတန်ဖိုးထားတာပါ …။
ကြာသပတေး”
ချန်း တဲ့နေရာမှာ No.1 -ဘာလုပ်လုပ်လွဲတယ် သေချာခိုင်းလေ လွဲလေပဲ။ တခုခုဆို အမြဲအဆူအငေါက် ခံရတယ် …။
စိတ်ရင်းကောင်းတော့ သူငယ်ချင်းတော့ ပေါတာပေါ့။ ဒါမယ့် အတုအစစ် သိပ်မခွဲတတ်တော့ သူငယ်ချင်းကြောင့်ပဲ ခနခန ချောက်ချခံရတဲ့ သူတွေ၊ အယုံလွယ်တယ်၊ ပိန်းတယ်။ ကိုယ့်ဖို့ ဘယ်တော့မှ မကြည့်တတ်ဘူး။ အနစ်နာအရမ်းခံတတ်တယ်။ ညို့အားအပြင်းဆုံးက မျက်နှာ(သေချာကြည့်မိလေ လှလေပါပဲ)
သောကြာ”
လေပွားတဲ့ နေရာမှာ No.1 အရမ်းစကားများတယ်။ အကြောင်းမရှိ အကြောင်းရှာပြီးကို တတွတ်တွတ်ပြောနေတတ်တာ …။
ဒါပေမယ့် အကုန်လုံးကို သီးခံပြီး ပေါင်းတတ်တယ်။ ရောက်တဲ့နေရာမှာ ချစ်မယ့်လူ ပေါတယ် …။
ပြသနာတော့ ခနခနဖြစ်တယ် ပြသနာကမလာရင်တောင် သူတို့ကသွားရှာတာ အယုံလွယ်သလောက် သူတို့ဘေးမှာလဲ လိမ်မယ့်လူတွေချည်းပဲ။ ညို့အားအပြင်းဆုံးက တော်ကီ..( အပြောတွေအောက်မှာ မျောသွားအောင်ကိုစွမ်းတာ သတိထားပြီးသာ ဆက်ဆံပါ)
စနေ
ယုတ်မာတဲ့ နေရာမှာ No.1 အစစအရာရာ ဗိုလ်ကျတယ်။ လိုချင်တာမရရင် တလောကလုံး စိန်ခေါ်ဖို့လဲ ဝန်မလေးဘူး။ နေရာတကာ စိတ်ကြီးတတ်တဲ့ ဒေါသအိုးလေးတွေ ဒါမယ့် စိတ်ရင်းကောင်းတယ် အပေါင်းအသင်းမင်တယ် အနစ်နာခံတတ်လို့လဲ ချစ်မယ့်လူပေါတယ်။ ထင်တိုင်းကြဲနေတတ်ပေမယ့် အဆင်မပြေတာတွေ ခနခနကြုံနေတတ်တယ် …။
ဘယ့်သူ့ကိုမှလဲ သိပ်မယုံဘူး။ သူတို့အနားလာတဲ့လူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်တတ်တယ်။ ညို့အားအပြင်းဆုံးက အပြုံး( အထူးသဖြင့် သွားတက်၊ ပါးခွက် တွေပါနေတတ်တယ် သူတို့ပြုံးနေရင် မျက်နှာသာ ရအောင်လွှဲ အပြုစားခံရတာထက်ဆိုးတယ်…)
မူရင်းပို့စ် အားခရစ်ဒစ်ပေးပါတယ်။