အနုပညာသတင္း

သူငယ်ချင်းလေးယောက်စုပေါင်းပြီးခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ညီထွဋ်ခေါင်၊ကျော်ကျော်၊ဆုမြတ်နိုးဦးနဲ့သဉ္ဇာမြင့်မိုရ်

သူငယ်ချင်းလေးယောက်စုပေါင်းပြီးခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ညီထွဋ်ခေါင်၊ကျော်ကျော်၊ဆုမြတ်နိုးဦးနဲ့သဉ္ဇာမြင့်မိုရ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံနေရတဲ့ မိဘမဲ့ကလေးတွေကိုခိုင်မိသားစုဂေဟာကိုဖွင့်လှစ်ပြီး အမေတစ်ယောက်သဖွယ်စောင့်လျောက်ပေးနေတာလည်းဖြစ်ပါတယ်။ကလေးတစ်ယောက်ရဲ့စားရိတ်ဟာမနည်းပါဘူးဒီလိုကလေးတွေအများကြီးကိုစောင့်ရှောက်နေရတဲ့မေမေခိုင်နှင်းဝေရဲ့တစ်ရက်ကုန်ကျစားရိတ်ဟာလည်းအတော်လေးများမှာပါ။အခုလိုအလှူရှင်တွေရှိနေလို့သာကူကယ်ရာမဲ့နေတဲ့ကလေးလေးတွေရဲ့ဘဝကိုအချိန်မီကယ်တင်နိုင်ခဲ့ပြီးနွေးထွေးတဲ့ရိပ်မြုံတစ်ခုမှာကောင်းကောင်းမွန်မွန်စောင့်ရှောက်နိုင်ခဲ့တာပါ။


ရင်ခွင်မဲ့ကလေးငယ်တွေကိုမေတ္တာနဲ့နွေးထွေးစွာစောင့်ရှောက်ပေးနေတဲ့ခိုင်နှင်းဝေဂေဟာကိုသွား ရောက်လှူဒါန်းသူတွေများပြားလာခဲ့ပါတယ်။ဒီနေ့မှာလည်းအမြဲတမ်းအခွီတွေလုပ်ပြီးပရိသတ်တွေကိုပျော်အောင်ဖန်တီးပေးကြတဲ့ညီထွဋ်ခေါင်၊ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်အပြင်သဉ္ဇာမြင့်မိုရ်ကလည်းသုံးယောက်သားရဲ့အလှူလေးမှာပါဝင်လာခဲ့ပါတယ်။

အလှူရှင်လေးယောက်ရဲ့ဒါနလေးကိုသရုပ်ဆောင်ကျော်ကျော်၊ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦး၊သဉ္ဇာမြင့်မိုရ်တို့မှကလေးတွေအတွက်အလှုငွေ(ခြောက်သိန်းငါးသောင်း)ကျပ်အားလာရောက်လှူဒါန်းပေးပါတယ်ရှင်ကလေးတွေကိုချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီထက်မကအောင်မြင်ပြီးသက်ရှည်ကျန်းမာပါကြပါစေရှင်ဆိုပြီးကလေးတို့မေမေခိုင်နှင်းဝေကကျေးဇူးတင်စကားဆိုခဲ့ပါတယ်။


Zawgyi Version

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံနေရတဲ့ မိဘမဲ့ကလေးတွေကို ခိုင်မိသားစုဂေဟာကိုဖွင့်လှစ်ပြီး အမေတစ်ယောက်သဖွယ်စောင့်လျောက်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း အမြဲတမ်းအခွီတွေလုပ်ပြီး ပရိသတ်တွေကိုပျော်အောင်ဖန်တီးပေးကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်အပြင် သဉ္ဇာမြင့်မိုရ်ကလည်း သုံးယောက်သားရဲ့အလှူလေးမှာပါဝင်လာခဲ့ပါတယ်။

အလှူရှင်လေးယောက်ရဲ့ဒါနလေးကို သရုပ်ဆောင်ကျော်ကျော်၊ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦး၊သဉ္ဇာမြင့်မိုရ်တို့မှကလေးတွေအတွက် အလှုငွေ(ခြောက်သိန်းငါးသောင်း)ကျပ်အားလာရောက်လှူဒါန်းပေးပါတယ်ရှင်ကလေးတွေကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီထက်မကအောင်မြင်ပြီးသက်ရှည်ကျန်းမာပါကြပါစေရှင်ဆိုပြီးကလေးတို့မေမေခိုင်နှင်းဝေကကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Credit