ကျန်းမာရေး ပြည်တွင်းသတင်း

အဆင့်အလိုက် ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည့် အလုပ်အကိုင်စာရင်းများထုတ်ပြန်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးသွားမည့် အဆင့်အလိုက် အလုပ်အကိုင်အမည်စာရင်းနဲ့စပ်လျဉ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါစာရင်းမှာ အဆင့် ၁မှ အဆင့် ၂၀အထိ ပါဝင်ပြီး အဆင့် ၁အနေနဲ့ ဗဟို/တိုင်း/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များနဲ့ အဆင့် ၂အနေဖြင့် ဗဟို/တိုင်း/ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များဟုဆိုကာ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး အဆင့် ၃အနေနဲ့ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်ထားကြောင်း သိရပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အဆင့် ၄နဲ့ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို အဆင့် ၅အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

l_1536124177.jpg

ဒါ့ပြင် အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူများကို အဆင့် ၁၆အဖြစ် သတ်မှတ်ထားကာ ထိုသူများမှာ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်မရှိသော တစ်ပိုင်တစ်နိုင်လုပ်ငန်းများ၊ လက်ခစားလုပ်ငန်းများ၊ အငှားလုပ်ကိုင်သူများနဲ့ ပျံကျ/ဘောက်လုပ်ကိုင်သူများ စသည်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့နောက် နောက်ဆုံးအနေနဲ့ ဘာသာရေးကျောင်းများနဲ့အဖွဲ့အစည်းများ၊ ရွှေ့ပြောင်းအုပ်စုများနဲ့ယာယီစခန်းမျး၊ အကျဉ်းထောင်များနဲ့ မှီခိုများကို သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုအချိန်မှာ အိန္ဒိယနိုင်ငံမှ ထောက်ပံ့လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၁ဒသမ၅သန်းမှာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ ထိုကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးသွားမှာလည်းဖြစ်ပါတယ်။

myanmaplatform