ပြည်တွင်းသတင်း

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကောက်ရိုးမှို ဆီသွပ်ဘူးစက်ရုံကို တည်ဆောက်ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ကောက်ရိုးမှို ဆီသွပ်ဘူးစက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ကောက်ရိုးမှိုစိုက် ဒေသခံများ စျေးကွက်အဆင်ပြေစေရန်အတွက် မှိုဆီသွပ်သူစက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကောက်ရိုးမှို ဆီသွတ်ဘူးများ လုပ်ဆောင်နိုင်ရန်အတွက် ရေသန့်စင်ဆေးကြောရန် လိုအပ်ပြီး ရေထဲတွင်လည်း ကလိုရင်းဓာတ်မပါဝင်ဘဲ ကောင်းမွန်သည့်ရေဖြစ်ရန်လိုအပ်သည့်အတွက် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာကို ရွေးချယ်လျာထားခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ကောက်ရိုးမှို ဆီသွပ်ဘူးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရန်ကုန်တောင်ပိုင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ UMFCCI နှင့် မှိုစိုက်ပျိုးထုတ်လုပ်သူများနှင့် အသင်းအဖွဲ့များ ဆွေးနွေးခြင်းများကို ၂၀၂ဝပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်က ပထမအကြိမ်နှင့် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာ ၂၁ ရက်က ဒုတိယအကြိမ်ပြုလုပ်ထားကြောင်း သိရပါတယ်။

139851368_3642546599200186_8316389773701386717_n.jpg

myanmaplatform