႐ိုးမေပၚမွာ အမဲလိုက္ခံေနရတဲ့ စစ္တပ္
The Nation Voice
ဧရာဝတီျမစ္ အေနာက္ျခမ္းမွာရွိတဲ့ အေနာက္႐ိုးမေတာင္တန္းႀကီးေတြအေျခမွာ ဖက္ဆစ္စစ္တပ္ရဲ႕ လက္နက္စက္႐ုံေတြက အတန္းလိုက္တည္ရွိေနပါတယ္။
အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္မႈးႀကီး သန္းေ႐ႊလက္ထက္ကစလို႔ ျမန္မာစစ္တပ္ဟာ သူတို႔ရဲ႕ လက္နက္စက္႐ုံေတြကို အေနာက္႐ိုးမေတာင္တန္းေတြဆီေက်ာမွီလို႔ တည္ေဆာက္ခဲ့ၾကပါတယ္။
ပဲခူးတိုင္း ျပည္ၿမိဳ႕ရဲ႕အေနာက္ဘက္ ဧရာဝတီျမစ္တစ္ဘက္ကမ္း ႐ိုးမေတာင္တန္းေတြကအစျပဳလို႔ မေကြးတိုင္းအထက္ပိုင္း ေဆာၿမိဳ႕အနီးကေတာင္တန္းေတြအထိ ေတာင္ေျခနဲ႔ေတာင္ေၾကာေတြမွာ
လက္နက္စက္႐ုံေတြကို စနစ္တက်ေဆာက္လုပ္ခဲ့ၾကပါတယ္။အာဏာရွင္ေတြအတြက္ေတာ့ ျမန္မာႏိုင္ငံအလယ္ပိုင္းက ေဒသခံ ဗမာလူမ်ိဳးေတြဟာ စစ္အာဏာရွင္ အဆက္ဆက္အတြက္ ငယ္ႏိုင္ေတြလို႔ မွတ္ယူထားခဲ့ဟန္တူပါတယ္။ ယင္းေဒသေတြကို စစ္အာဏာရွင္ေတြက သူတို႔ရဲ႕ ေျခကုတ္စခန္းေတြအျဖစ္ေမွ်ာ္ေတြးခဲ့ၾကဟန္လည္းတူပါတယ္။
အခုေတာ့ မေကြးတိုင္းအေနာက္ျခမ္းေတာင္တန္းေတြေပၚမွာ မေကြးတိုင္းအေျချပဳ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြက အမဲလိုက္မုဆိုးေတြလို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို ၿခိမ္းေျခာက္လ်က္ရွိေနပါတယ္။
“PRA Magway ကို လာစမ္းတဲ့ေခြးေတြေတာ့ တပ္ပ်က္ကုန္ၿပီ … စစ္ေၾကာင္းထဲမွာကို ကိုယ့္ဘာသာသတ္ေသတာ ၂ ေယာက္ရွိၿပီ၊ ေသဆုံးနဲ႔ ဒဏ္ရာရ ၁၀၀ ေက်ာ္ရွိေနၿပီ၊ အေလာင္းေတြကို ေတာထဲမွာပဲ ျမဳပ္ထားတယ္၊ အခု ေတာထဲမွာ ပိတ္မိေနၿပီး ဘယ္ကိုမွ မသြားရဲလို႔ လာႀကိဳဖို႔ တပ္ကူေခၚရတယ္” လို႔ PRA Magway ရဲ႕တာဝန္ရွိသူကဆိုပါတယ္။
အၾကမ္းဖက္စစ္တပ္က အင္အား ၆၀၀ ခန႔္ဟာ PRA Magway ရဲ႕စခန္းခ်ရာ ေဒသကို ဧၿပီလ ၆ ရက္ေန႔မွာ ထိုးစစ္ဆင္ခဲ့တာပါ။ “စစ္ဦး ဘီလူးဆိုသလို ပထမရက္မွာပဲ စစ္ေကာင္စီ ၂၀ ေလာက္က်ေအာင္တိုက္ႏိုင္ခဲ့တယ္။ ဧၿပီလ ၆ ရက္ေန႔ တစ္ေနကုန္ပဲ ညေနေစာင္းတဲ့အထိ ကြၽန္ေတာ္တို႔တိုက္ခဲ့ရတယ္”လို႔ PRA ရဲ႕တာဝန္ရွိသူကဆိုပါတယ္။
အင္အား ၆၀၀ေလာက္ရွိတဲ့ စစ္ေကာင္စီတပ္က စစ္ေၾကာင္းႏွစ္ခုခြဲလို႔ PRA Magway ကိုလာတိုက္ခဲ့တာပါ။ဒါေပမယ့္ PRA Magway အတြက္ေတာ့ အေနာက္႐ိုးမေတာင္တန္းႀကီးေတြဟာ မဟာဗ်ဴဟာက်တဲ့ သဘာဝခံတပ္ႀကီးေတြလို႔ဆိုရမွာပါ။
ေနေပ်ာက္မထိုးတဲ့ သစ္ႀကီး ဝါးႀကီးေတြ မတ္ေစာက္ျမင့္မားလွတဲ့ ေတာင္နံရံ ကမ္းပါးေတြ၊ လူေလးငါးေယာက္ဖက္စာႀကီးမားတဲ့ႏွစ္ခ်ိဳ႕သစ္ပင္ႀကီးေတြက ေတာင္တစ္လုံးနဲ႔ တစ္လုံးအၾကား အဆင့္ဆင့္ကာယံထားပါတယ္။
ရာသီမေ႐ြး စီးဆင္းေနတဲ့ေတာင္က်စမ္းေရေတြနဲ႔စားပင္ေသာက္ပင္ေတြက ေဒသခံေတြနဲ႔ ေတာကိုကြၽမ္းက်င္ၾကသူေတြအဖို႔ေတာ့ ရိကၡာေထာက္ပို႔မလိုအပ္သေလာက္ၿပီးျပည့္စုံတဲ့ သဘာဝရဲ႕ အိမ္ေတာ္ႀကီးတစ္ခုလို႔ဆိုရပါမယ္။
ႏိုင္ငံကိုျပန္လည္တည္ေဆာက္လိုၾကတဲ့ ေတာ္လွန္ေရးသမား ျပည္သူ႔ကာကြယ္ေရးတပ္သားေတြဟာ ဒီ႐ိုးမႀကီးကို အမွီျပဳလို႔ စစ္ပညာကိုေလ့က်င့္ရင္း အေျချပဳစစ္စခန္းေတြကိုတည္ေဆာက္ခဲ့ၾကတာပါ။
မေကြးတိုင္းဟာ ေနျပည္ေတာ္နဲ႔ကပ္ရပ္တည္ရွိေနတဲ့ ေဒသတစ္ခုပါ။ ဒါ့အျပင္ စစ္ေကာင္စီရဲ႕ လူသတ္လက္နက္ေတြကို အဓိကထုတ္လုပ္ေနတဲ့ လက္နက္စက္႐ုံေတြ အမ်ားဆုံးရွိတဲ့ ေဒသတစ္ခုလည္းျဖစ္ပါတယ္။
ဒီေဒသမွာ စစ္ေကာင္စီက ငဖဲၿမိဳ႕နယ္ထဲက PRA Magway ရဲ႕စစ္စခန္းကို စုစုေပါင္းအင္အားတစ္ေထာင္နီးပါးနဲ႔ ထိုးစစ္ဆင္ေနခဲ့တာ ၁၀ ရက္ေက်ာ္ၾကာျမင့္ခဲ့ပါၿပီ။လက္နက္အင္အား၊ လူအင္အား အသာစီးနဲ႔ထိုးစစ္ဆင္ခဲ့တဲ့ စစ္ေကာင္စီရဲ႕တပ္ေတြဟာ အေနာက္႐ိုးမေတာင္ေၾကာေပၚက PRA Magway ရဲ႕ နယ္ေျမမွာထဲအေရာက္မွာေတာ့ အမဲလိုက္ခံေနရေတာ့တဲ့ အေျခအေနျဖစ္ခဲ့ပါတယ္။
“က်ားထိုးၿပီး လူအင္အား၊ ပစ္အားကိုအသုံးျပဳၿပီး သိမ္းဖို႔ႀကိဳးစားၾကတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ေျမျပင္အသာစီးနဲ႔ ရဲေဘာ္ေတြရဲ႕ ႀကံ့ႀကံ့ခိုင္တဲ့စိတ္ဓါတ္နဲ႔ ေကာင္းေကာင္းခုခံႏိုင္တယ္”လို႔ PRA Magway ရဲ႕တာဝန္ရွိသူက ေျပာပါတယ္။
PRA Magway နဲ႔ စစ္ေကာင္စီတပ္ေတြဟာ ၆ ရက္ၾကာ ႏွစ္ဘက္ထိေတြ႕တိုက္ပြဲေတြျဖစ္ပြါးခဲ့ၿပီး က်န္တဲ့ရက္ေတြမွာေတာ့ စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ အေဝးကေနလွမ္းပစ္ခက္တာမ်ိဳးေတြပဲရွိခဲ့ပါတယ္။အေဝးကပစ္တဲ့ လက္နက္ႀကီးထိမွန္လို႔ PRA Magway ကရဲေဘာ္ ၃ ဦးဒဏ္ရာရခဲ့ပါတယ္။
ဒီတိုက္ပြဲေတြမွာ စစ္ေကာင္စီဘက္က အေယာက္ ၆၀ နီးပါးက်ဆုံးခဲ့တာကို PRA Magway ရဲ႕ တပ္ဖြဲ႕ဝင္ေတြက မ်က္ျမင္ေရတြက္ႏိုင္ခဲ့ပါတယ္။PRA Magway ကိုကူညီေပးေနတဲ့ တပ္တြင္းဖရဲသီးေတြရဲ႕ သတင္းေပးခ်က္အရေတာ့ စစ္ေကာင္စီတပ္က ဒဏ္ရာရတဲ့ အေရအတြက္ဟာ အေယာက္ ၉၀ ေက်ာ္လြန္ခဲ့ပါၿပီ။
ဒါ့အျပင္ ေတာထဲမွာေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္သား အေလာင္းအခ်ိဳ႕ကိုလည္း ေတာထဲမွာပဲျမဳပ္ခဲ့ၾကရတဲ့ အေျခအေနေတြျဖစ္ေနတယ္လို႔ PRA Magway ရဲ႕ တာဝန္ရွိသူက အတည္ျပဳထားပါတယ္။
“PRA Magway ကို စစ္ေၾကာင္းထိုးတဲ့ စကစ စစ္ေၾကာင္းက ဆူဆိုက္လုပ္သြားတဲ့ ၂ ေယာက္ထဲက တစ္ေယာက္က ဗိုလ္အဆင့္ရွိတယ္တဲ့၊ ေနာက္အရာရွိ ၂ ေယာက္လည္း လက္နက္နဲ႔တကြ ေပ်ာက္ေနတယ္လို႔ သိရတယ္”လို႔ PRA Magway ရဲ႕တာဝန္ရွိသူက ေျပာပါတယ္။
မဟာဗ်ဴဟာက်တဲ့ ေဒသေတြကို စစ္ေကာင္စီက လူအင္အားမ်ားစြာသုံးလို႔တိုက္ေလ့ရွိပါတယ္။ေနျပည္ေတာ္နဲ႔နီးစပ္တဲ့ မိုးၿဗဲေဒသကို ထိုးစစ္ဆင္တုန္းက လူသိမ်ားထင္ရွားခဲ့ေပမယ့္ ယခုအခါ မိုးၿဗဲထက္မေလ်ာ့တဲ့ အင္အားနဲ႔ တိုက္ခိုက္ေနတဲ့ ငဖဲၿမိဳ႕နယ္ထဲက တိုက္ပြဲေတြကေတာ့ လူသိနည္းလွပါတယ္။
ဒီေဒသကို စစ္ေကာင္စီက အင္အားအလုံးအရင္းနဲ႔တိုက္ေနရတဲ့ အေၾကာင္းအရင္းေတြထဲက ေနာက္တစ္ခုကေတာ့ PRA Magway ဟာ ၎တို႔စိုးမိုးရာနယ္ေျမေတြမွာ စစ္ေကာင္စီရဲ႕ ယႏၲယားေတြ မလည္ပတ္ႏိုင္ေအာင္စြမ္းေဆာင္ထားႏိုင္တဲ့ အေျခအေနေၾကာင့္ပါ။
ေဒသခံျပည္သူေတြရဲ႕ ေထာက္ခံမႈ အျပည့္အဝရေနတဲ့ PRA Magway ကိုစစ္ေကာင္စီကေသခ်ာစုဖြဲ႕ျပင္ဆင္ၿပီး တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
“အင္အား ႀကီးႀကီးမားမား အခ်ိန္တိုတိုနဲ႔ အျပတ္အသတ္ ေခ်မႈန္းမယ့္ ရည္႐ြယ္ခ်က္နဲ႔တိုက္ေနတာလို႔ ကြၽန္ေတာ္ထင္တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ရဲ႕ တာဝန္ခံကဆိုပါတယ္။
PRA Magway ကိုစတင္တိုက္ခိုက္ခဲ့တဲ့ စစ္ေကာင္စီတပ္က ေလေၾကာင္းကေန ေလယာဥ္နဲ႔ ရဟတ္ယာဥ္ေတြပါသုံးလို႔ တိုက္ခိုက္ခဲ့တာပါ။
ေထာင္နဲ႔ခ်ီတဲ့ စစ္အင္အားအျပင္ တာေဝးပစ္အေျမႇာက္ေတြနဲ႔ ေလေၾကာင္းကပါတိုက္ခိုက္ခဲ့ေပမယ့္ စစ္ေကာင္စီတပ္က ႐ိုးမေတာရဲ႕ သစ္ေတာအုပ္ေတြအၾကားမွာ ပိတ္မိေနခဲ့ပါတယ္။
“အခု ေတာထဲမွာ ပိတ္မိေနၿပီး ဘယ္ကိုမွ မသြားရဲလို႔ လာႀကိဳဖို႔ တပ္ကူေခၚရတယ္
Credit.
ရိုးမပေါ်မှာ အမဲလိုက်ခံနေရတဲ့ စစ်တပ်
The Nation Voice
ဧရာဝတီမြစ် အနောက်ခြမ်းမှာရှိတဲ့ အနောက်ရိုးမတောင်တန်းကြီးတွေအခြေမှာ ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်စက်ရုံတွေက အတန်းလိုက်တည်ရှိနေပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေလက်ထက်ကစလို့ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ လက်နက်စက်ရုံတွေကို အနောက်ရိုးမတောင်တန်းတွေဆီကျောမှီလို့ တည်ဆောက်ခဲ့ကြပါတယ်။
ပဲခူးတိုင်း ပြည်မြို့ရဲ့အနောက်ဘက် ဧရာဝတီမြစ်တစ်ဘက်ကမ်း ရိုးမတောင်တန်းတွေကအစပြုလို့ မကွေးတိုင်းအထက်ပိုင်း ဆောမြို့အနီးကတောင်တန်းတွေအထိ တောင်ခြေနဲ့တောင်ကြောတွေမှာ
လက်နက်စက်ရုံတွေကို စနစ်တကျဆောက်လုပ်ခဲ့ကြပါတယ်။အာဏာရှင်တွေအတွက်တော့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသခံ ဗမာလူမျိုးတွေဟာ စစ်အာဏာရှင် အဆက်ဆက်အတွက် ငယ်နိုင်တွေလို့ မှတ်ယူထားခဲ့ဟန်တူပါတယ်။ ယင်းဒေသတွေကို စစ်အာဏာရှင်တွေက သူတို့ရဲ့ ခြေကုတ်စခန်းတွေအဖြစ်မျှော်တွေးခဲ့ကြဟန်လည်းတူပါတယ်။
အခုတော့ မကွေးတိုင်းအနောက်ခြမ်းတောင်တန်းတွေပေါ်မှာ မကွေးတိုင်းအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အမဲလိုက်မုဆိုးတွေလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။
“PRA Magway ကို လာစမ်းတဲ့ခွေးတွေတော့ တပ်ပျက်ကုန်ပြီ … စစ်ကြောင်းထဲမှာကို ကိုယ့်ဘာသာသတ်သေတာ ၂ ယောက်ရှိပြီ၊ သေဆုံးနဲ့ ဒဏ်ရာရ ၁၀၀ ကျော်ရှိနေပြီ၊ အလောင်းတွေကို တောထဲမှာပဲ မြုပ်ထားတယ်၊ အခု တောထဲမှာ ပိတ်မိနေပြီး ဘယ်ကိုမှ မသွားရဲလို့ လာကြိုဖို့ တပ်ကူခေါ်ရတယ်” လို့ PRA Magway ရဲ့တာဝန်ရှိသူကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က အင်အား ၆၀၀ ခန့်ဟာ PRA Magway ရဲ့စခန်းချရာ ဒေသကို ဧပြီလ ၆ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တာပါ။ “စစ်ဦး ဘီလူးဆိုသလို ပထမရက်မှာပဲ စစ်ကောင်စီ ၂၀ လောက်ကျအောင်တိုက်နိုင်ခဲ့တယ်။ ဧပြီလ ၆ ရက်နေ့ တစ်နေကုန်ပဲ ညနေစောင်းတဲ့အထိ ကျွန်တော်တို့တိုက်ခဲ့ရတယ်”လို့ PRA ရဲ့တာဝန်ရှိသူကဆိုပါတယ်။
အင်အား ၆၀၀လောက်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုခွဲလို့ PRA Magway ကိုလာတိုက်ခဲ့တာပါ။ဒါပေမယ့် PRA Magway အတွက်တော့ အနောက်ရိုးမတောင်တန်းကြီးတွေဟာ မဟာဗျူဟာကျတဲ့ သဘာဝခံတပ်ကြီးတွေလို့ဆိုရမှာပါ။
နေပျောက်မထိုးတဲ့ သစ်ကြီး ဝါးကြီးတွေ မတ်စောက်မြင့်မားလှတဲ့ တောင်နံရံ ကမ်းပါးတွေ၊ လူလေးငါးယောက်ဖက်စာကြီးမားတဲ့နှစ်ချို့သစ်ပင်ကြီးတွေက တောင်တစ်လုံးနဲ့ တစ်လုံးအကြား အဆင့်ဆင့်ကာယံထားပါတယ်။
ရာသီမရွေး စီးဆင်းနေတဲ့တောင်ကျစမ်းရေတွေနဲ့စားပင်သောက်ပင်တွေက ဒေသခံတွေနဲ့ တောကိုကျွမ်းကျင်ကြသူတွေအဖို့တော့ ရိက္ခာထောက်ပို့မလိုအပ်သလောက်ပြီးပြည့်စုံတဲ့ သဘာဝရဲ့ အိမ်တော်ကြီးတစ်ခုလို့ဆိုရပါမယ်။
နိုင်ငံကိုပြန်လည်တည်ဆောက်လိုကြတဲ့ တော်လှန်ရေးသမား ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ဒီရိုးမကြီးကို အမှီပြုလို့ စစ်ပညာကိုလေ့ကျင့်ရင်း အခြေပြုစစ်စခန်းတွေကိုတည်ဆောက်ခဲ့ကြတာပါ။
မကွေးတိုင်းဟာ နေပြည်တော်နဲ့ကပ်ရပ်တည်ရှိနေတဲ့ ဒေသတစ်ခုပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ လူသတ်လက်နက်တွေကို အဓိကထုတ်လုပ်နေတဲ့ လက်နက်စက်ရုံတွေ အများဆုံးရှိတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ဒီဒေသမှာ စစ်ကောင်စီက ငဖဲမြို့နယ်ထဲက PRA Magway ရဲ့စစ်စခန်းကို စုစုပေါင်းအင်အားတစ်ထောင်နီးပါးနဲ့ ထိုးစစ်ဆင်နေခဲ့တာ ၁၀ ရက်ကျော်ကြာမြင့်ခဲ့ပါပြီ။လက်နက်အင်အား၊ လူအင်အား အသာစီးနဲ့ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ အနောက်ရိုးမတောင်ကြောပေါ်က PRA Magway ရဲ့ နယ်မြေမှာထဲအရောက်မှာတော့ အမဲလိုက်ခံနေရတော့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
“ကျားထိုးပြီး လူအင်အား၊ ပစ်အားကိုအသုံးပြုပြီး သိမ်းဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က မြေပြင်အသာစီးနဲ့ ရဲဘော်တွေရဲ့ ကြံ့ကြံ့ခိုင်တဲ့စိတ်ဓါတ်နဲ့ ကောင်းကောင်းခုခံနိုင်တယ်”လို့ PRA Magway ရဲ့တာဝန်ရှိသူက ပြောပါတယ်။
PRA Magway နဲ့ စစ်ကောင်စီတပ်တွေဟာ ၆ ရက်ကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး ကျန်တဲ့ရက်တွေမှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ အဝေးကနေလှမ်းပစ်ခက်တာမျိုးတွေပဲရှိခဲ့ပါတယ်။အဝေးကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ PRA Magway ကရဲဘော် ၃ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၆၀ နီးပါးကျဆုံးခဲ့တာကို PRA Magway ရဲ့ တပ်ဖွဲ့ဝင်တွေက မျက်မြင်ရေတွက်နိုင်ခဲ့ပါတယ်။PRA Magway ကိုကူညီပေးနေတဲ့ တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေးချက်အရတော့ စစ်ကောင်စီတပ်က ဒဏ်ရာရတဲ့ အရေအတွက်ဟာ အယောက် ၉၀ ကျော်လွန်ခဲ့ပါပြီ။
ဒါ့အပြင် တောထဲမှာသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းအချို့ကိုလည်း တောထဲမှာပဲမြုပ်ခဲ့ကြရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ PRA Magway ရဲ့ တာဝန်ရှိသူက အတည်ပြုထားပါတယ်။
“PRA Magway ကို စစ်ကြောင်းထိုးတဲ့ စကစ စစ်ကြောင်းက ဆူဆိုက်လုပ်သွားတဲ့ ၂ ယောက်ထဲက တစ်ယောက်က ဗိုလ်အဆင့်ရှိတယ်တဲ့၊ နောက်အရာရှိ ၂ ယောက်လည်း လက်နက်နဲ့တကွ ပျောက်နေတယ်လို့ သိရတယ်”လို့ PRA Magway ရဲ့တာဝန်ရှိသူက ပြောပါတယ်။
မဟာဗျူဟာကျတဲ့ ဒေသတွေကို စစ်ကောင်စီက လူအင်အားများစွာသုံးလို့တိုက်လေ့ရှိပါတယ်။နေပြည်တော်နဲ့နီးစပ်တဲ့ မိုးဗြဲဒေသကို ထိုးစစ်ဆင်တုန်းက လူသိများထင်ရှားခဲ့ပေမယ့် ယခုအခါ မိုးဗြဲထက်မလျော့တဲ့ အင်အားနဲ့ တိုက်ခိုက်နေတဲ့ ငဖဲမြို့နယ်ထဲက တိုက်ပွဲတွေကတော့ လူသိနည်းလှပါတယ်။
ဒီဒေသကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့တိုက်နေရတဲ့ အကြောင်းအရင်းတွေထဲက နောက်တစ်ခုကတော့ PRA Magway ဟာ ၎င်းတို့စိုးမိုးရာနယ်မြေတွေမှာ စစ်ကောင်စီရဲ့ ယန္တယားတွေ မလည်ပတ်နိုင်အောင်စွမ်းဆောင်ထားနိုင်တဲ့ အခြေအနေကြောင့်ပါ။
ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝရနေတဲ့ PRA Magway ကိုစစ်ကောင်စီကသေချာစုဖွဲ့ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“အင်အား ကြီးကြီးမားမား အချိန်တိုတိုနဲ့ အပြတ်အသတ် ချေမှုန်းမယ့် ရည်ရွယ်ချက်နဲ့တိုက်နေတာလို့ ကျွန်တော်ထင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံကဆိုပါတယ်။
PRA Magway ကိုစတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပါသုံးလို့ တိုက်ခိုက်ခဲ့တာပါ။
ထောင်နဲ့ချီတဲ့ စစ်အင်အားအပြင် တာဝေးပစ်အမြှောက်တွေနဲ့ လေကြောင်းကပါတိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ရိုးမတောရဲ့ သစ်တောအုပ်တွေအကြားမှာ ပိတ်မိနေခဲ့ပါတယ်။
“အခု တောထဲမှာ ပိတ်မိနေပြီး ဘယ်ကိုမှ မသွားရဲလို့ လာကြိုဖို့ တပ်ကူခေါ်ရတယ်
Credit.