စစ်ကိုင်းမြို့နယ်၊ရိပ်သာကျွန်း ကျေးရွာတွင် ဖခင်အရင်းမှ ၁၃ နှစ်အရွယ်သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းစစ်ကိုင်းနယ်မြေရဲစခန်းမှသိရသည်။
ဇန်နဝါရီ ၂၈ နံနက်ပိုင်းကစစ်ကိုင်းမြို့နယ် ရိပ်သာကျွန်းကျေးရွာ နေမ ….၁၃နှစ်သည် ဖခင်ဖြစ်သူ၏ကာမစပ်ယှက်ခံရ၍ ၎င်း၏ မိခင်ဖြစ်သူ နှင့်အတူ စစ်ကိုင်းမြို့၊စစ်ကိုင်းခုတင် ၂၀၀ဆေးရုံသို့ ဆေးလာရောက်ပြသနေကြောင်းသတင်းအရ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ကြောင်းရဲမှုခင်းမှတ်တမ်းအရသိရသည်။
” ကလေးရဲ့မိခင်က ကျွန်မတို့ကို လာရောက်အကူအညီတောင်းလို့ ကလေးဖြစ်သူကို ဒီနေ့ စစ်ကိုင်း ဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က သွားဖမ်းဆီးနေပါတယ်” ဟု မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း(စစ်ကိုင်း)အဖွဲ့ဝင် ဒေါ်ဖြိုးဖြိုးအောင်ကပြောကြားသည်။
၎င်းတို့မိသားစုသည် တံငါလုပ်ငန်းလုပ်ကိုင်းကြောင်း ဇန်နဝါရီ ၂၇ ညပိုင်းတွင် ဖခင်ဖြစ်သူ စိုးလှိုင်နှင့် သမီးဖြစ်သူ မ…(၁၃)နှစ် နှစ်ဦးတည်းတံငါလုပ်ငန်းဆောင်ရွက်နေချိန် စိုးလှိူင်မှ သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်လခန့်ကလည်း မ….၁၃နှစ်အား ၂ကြိမ်၊၃ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကျုးလွန်ခံရသူ၏ မိခင် မ…. မှ တာဝန်ရှိသူများအားပြောပြခဲ့ကြောင်းသိရသည်။
စစ်ကိုင်းနယ်မြေရဲစခန်း စခန်းမှုး ရဲအုပ်ကျော်သန်း အဖွဲ့မှ အခင်းဖြစ်နေရာ နောက်ကြည့်ကျွန်းကျေးရွာ အုပ်စု၊ရိပ်သာကျွန်းကျေးရွာ သို့သွားရောက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခြင်း၊ ပြစ်မှုကျုးလွန်စဉ် အသုံးပြုခဲ့သည့် ဟွန်ဒါအင်ဂျင်တပ် အရှည်၁၄တောင်ရှိ ငါးဖမ်းလှေငယ်အားသိမ်းဆည်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ စိုးလှိုင် (၃၁)နှစ် (ဘ)ဦးကြည်သိန်း ရိပ်သာကျွန်းကျေးရွာအား စစ်ကိုင်းနယ်မြေရဲစခန်းတွင် (ပ)၃ /၂၀၂၁၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#ဇေယျာတိုင်းမ်