ပြည်တွင်းသတင်း

ဖိုးသော်အပေါ် အပြစ်ပုံချခံထားရကြောင်း အောင်လအန်ဆန်ပြော

ဖိုးသော်အပေါ် အပြစ်ပုံချခံထားရကြောင်း အောင်လအန်ဆန်ပြော

ပြီးခဲ့တဲ့အပတ်က ရန်ကုန်က Gym မှာဗုံးပေါက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး

ဖိုးသော်အပေါ်အပြစ်ပုံချခံထားရပြီး အဖမ်းခံထားရတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စအပေါ်မှာ Burmese Python လို့နာမည်ကြီးတဲ့ အောင်လအန်ဆန်က

ဖိုးသော်မှာအပြစ်မရှိဘူးလို့သူယုံကြည်ကြောင်း ဖိုးသော်ဘက်ကကာကွယ်ပြီး ပြောကြားသွားတာဖြစ်ပါတယ်။

“As long as I’ve known him, he’s a gentleman and good-hearted

human being… please try not to spread fake news and hate,”

“သူ့ကိုကျနော်သိသမျှကတော့ ဖိုးသော်ဟာ စိတ်ထားနှလုံးထားကောင်းပြီး လူကြီးလူကောင်းဖြစ်ပါတယ်။

ကျေးဇူးပြုပြီး သတင်းအတုတွေ၊ အမုန်းစကားတွေမဖြန့်ပါနဲ့” တဲ့။

“The fighting that we do in the circle is nothing compared to what’s going

on with the people in Myanmar right now. Stay strong and stay united.”

“ကျနော်တို့ကြိုးဝိုင်းထဲမှာချကြ နပမ်းလုံးကြလို့ ထိခိုက်ဒဏ်ရာရတာဟာ

အခုမြန်မာပြည်သူတွေထိခိုက်ခံစားနေရတာနဲ့စာရင် ဘာမှမဆိုင်ပါဘူး။ စည်းလုံးညီညွတ်ကြပါ။ တောင့်ထားကြပါ” တဲ့။

“Every day I wake up to more dark news of all the killing happening in Myanmar,”

“မနက်မိုးလင်းလို့ ကျနော်အိပ်ရာကနိုးတာနဲ့ မြန်မာပြည်ကသတင်းဆိုးတွေ၊

နေရာတိုင်းမှာသတ်ဖြတ်ခံနေရတဲ့သတင်းတွေကိုပဲကြားသိနေရပါတယ်” တဲ့။

“We will never give up and we will keep fighting as long as we breathe.

Pray for all the tribes and people in Myanmar.”

“ကျနော်တို့အသက်ရှုနေသ၍ ဘယ်တော့မှလက်မြောက်အရှုံးမပေးပဲ ဆက်လက်တိုက်ပွဲဝင်သွားကြပါမယ်။

မြန်မာပြည်က လူမျိုးစုတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ဆုတောင်းပါတယ်” တဲ့။