တိုင်းပြည်မှာငြိမ်းချမ်းရေးရဖို့ဆိုရင် မြန်မာစစ်တပ်ကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော ( စင်ကာပူကပြောသလို မြန်မာစစ်တပ်ကပူးပေါင်းဆောင်ရွက်မယ် ထင်ပါသလား…..)
မနေ့က အင်္ဂါနေ့မှာစင်ကာပူပါလီမန်မှာ မေးခွန်းမေးခဲ့ရာမှာ ဝန်ကြီး Dr Vivian Balakrishnan က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်ကလက်ရှိပြဿနာပြေလည်ဖို့ရာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။ တပ်မတော်ရဲ့ပူးပေါင်းဆောင်ရွက်မှုအဓိကလိုနေတယ်လို့ ထောက်ပြပြောဆိုသွားတာဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေကလည်း မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့နဲ့ အားလုံးနဲ့ညှိနှိုင်းဆွေးနွေးဖို့ မပြတ်ဖိအားပေးနေဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
သဘောကတော့ #တကယ့်ပြဿနာကဘယ်မှာရှိနေတာလဲဆိုတာကို ပညာပါပါနဲ့အရှင်းလင်းဆုံးထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝန်ကြီး Dr Vivian Balakrishnan က အာဆီယံအနေနဲ့ #နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့အခြားဖမ်းဆီးထားသူအားလုံးကိုလွှတ်ပေးဖို့ မပြတ်ဖိအားပေးတောင်းဆိုနေရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
CRD_Richard Myo Thant
ေဇာ္ဂ်ီ
တိုင္းျပည္မွာၿငိမ္းခ်မ္းေရးရဖို႔ဆိုရင္ ျမန္မာစစ္တပ္ကပူးေပါင္းေဆာင္႐ြက္ဖို႔လိုတယ္လို႔ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးေျပာ ( စင္ကာပူကေျပာသလုိ ျမန္မာစစ္တပ္ကပူးေပါင္းေဆာင္႐ြက္မယ္ ထင္ပါသလား…..)
မေန႔က အဂၤါေန႔မွာစင္ကာပူပါလီမန္မွာ ေမးခြန္းေမးခဲ့ရာမွာ ဝန္ႀကီး Dr Vivian Balakrishnan က အခုလိုေျဖၾကားခဲ့တာျဖစ္ပါတယ္။
ျမန္မာျပည္ကလက္ရွိျပႆနာေျပလည္ဖို႔ရာက လြယ္တဲ့ကိစၥမဟုတ္ဘူး။ တပ္မေတာ္ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈအဓိကလိုေနတယ္လို႔ ေထာက္ျပေျပာဆိုသြားတာျဖစ္ပါတယ္။
အာဆီယံႏိုင္ငံေတြကလည္း ျမန္မာစစ္တပ္ကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔နဲ႔ အားလုံးနဲ႔ညႇိႏႈိင္းေဆြးေႏြးဖို႔ မျပတ္ဖိအားေပးေနဖို႔လိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
သေဘာကေတာ့ #တကယ့္ျပႆနာကဘယ္မွာရွိေနတာလဲဆိုတာကို ပညာပါပါနဲ႔အရွင္းလင္းဆုံးေထာက္ျပေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဝန္ႀကီး Dr Vivian Balakrishnan က အာဆီယံအေနနဲ႔ #ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္နဲ႔အျခားဖမ္းဆီးထားသူအားလုံးကိုလႊတ္ေပးဖို႔ မျပတ္ဖိအားေပးေတာင္းဆိုေနရမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။
CRD_Richard Myo Thant