ငါ့ကိုထားခဲ့ မင္းတို႔လြတ္ေအာင္ေျပးဆိုၿပီးေျပာခဲ့တဲ့ သဃၤန္းကြၽန္းက သူရဲေကာင္းရဲ႕သူျဖစ္ခ်င္ခဲ့တဲ့ ဆႏၵေလး
က်ဆုံးသြားတဲ့ သူရဲေကာင္းေတြကို ျပည္သူေတြက အၿမဲတမ္း သတိရေအာက္ေမ့ေနၿပီး သူတို႔အတြက္ ဆုေတာင္းပြဲေတြပါ ျပဳလုပ္ေပးေနၾကတာပဲ ျဖစ္ပါတယ္ ။ သူရဲေကာင္းေတြက တိုင္းျပည္အတြက္ စြန႔္လႊတ္အနစ္နာခံၿပီး ေပးဆပ္ခဲ့ရတဲ့သူေတြျဖစ္တာေၾကာင့္ သူတို႔ကို ေလးစားဂုဏ္ျပဳေနၾကတာလည္း ျဖစ္ပါတယ္ ။
မေန႔ကဆိုရင္လည္း ျပည္သူေတြက ကြယ္လြန္သြားတာ (၂) လရွိၿပီျဖစ္တဲ့ သူရဲေကာင္းတစ္ေယာက္ရဲ႕အေၾကာင္းကို သတိတရ မွ်ေဝခဲ့ၾကတာ ျဖစ္ပါတယ္ ။ကိုဟိန္းထက္ေဒြးလို႔ေခၚတဲ့ သူရဲေကာင္းကေတာ့ ၿပီးခဲ့တဲ့ မတ္လ (၁၄) ရက္ေန႔က သဃၤန္းကြၽန္းၿမိဳ႕နယ္ ၿဖိဳခြင္းမႈမွာ က်ည္ထိမွန္ၿပီး က်ဆုံးခဲ့သူတစ္ဦး ျဖစ္ပါတယ္ ။
ျပည္သူေတြနဲ႔အတူ ေနာက္ဆုံးအခ်ိန္အထိ လူထုလႈပ္ရွားမႈျပဳလုပ္ခဲ့တဲ့ ကိုဟိန္းထက္ေဒြးက က်ည္မွန္တဲ့အခ်ိန္မွာေတာင္ မင္းတို႔လြတ္ေအာင္ေျပး ငါ့ကိုထားခဲ့ဆိုၿပီး ေျပာခဲ့တာ ျဖစ္ပါတယ္ ။ ကိုဟိန္းထက္ေဒြးက Delivery ပို႔တဲ့အလုပ္ကိုလုပ္ကိုင္တဲ့ Rider တစ္ဦးျဖစ္ၿပီး အေျခအေနေတြ ေအးခ်မ္းသြားရင္ ေဈးေရာင္းဖို႔ စိတ္ကူးရွိသူပဲ ျဖစ္ပါတယ္ ။
ဒါေပမဲ့လည္း သူ႔ရဲ႕စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ မေဖာ္ႏိုင္ခင္မွာပဲ ေစာစီးစြာ ေႂကြလႊင့္သြားခဲ့ရတာေၾကာင့္ အားလုံးက စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္ ။
ကိုဟိန္းထက္ေဒြးနဲ႔ ေတြ႕ဆုံခဲ့တဲ့ လူငယ္တစ္ေယာက္ကေတာ့ သူၾကားသိခဲ့ရတာေလးေတြကို ျပန္ေျပာျပရင္း ငိုခဲ့ရသလို သူ႔ရဲ႕အမ်ိဳးသမီးခမ်ာမွာလည္း ခင္ပြန္းျဖစ္သူအေၾကာင္းၾကားၿပီး ငိုေႂကြးခဲ့ရတာ ျဖစ္ပါတယ္ ။
ဒီအေၾကာင္းေတြကို ျပည္သူတစ္ဦးက သူရဲေကာင္းကိုဟိန္းထက္ေဒြး ကြယ္လြန္တာ (၂) လျပည့္တဲ့ေန႔မွာ လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ။
Unicode
ငါ့ကိုထားခဲ့ မင်းတို့လွတ်အောင်ပြေးဆိုပြီးပြောခဲ့တဲ့ သင်္ဃန်းကျွန်းက သူရဲကောင်းရဲ့သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေး
ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ပြည်သူတွေက အမြဲတမ်း သတိရအောက်မေ့နေပြီး သူတို့အတွက် ဆုတောင်းပွဲတွေပါ ပြုလုပ်ပေးနေကြတာပဲ ဖြစ်ပါတယ် ။ သူရဲကောင်းတွေက တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်ခဲ့ရတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို လေးစားဂုဏ်ပြုနေကြတာလည်း ဖြစ်ပါတယ် ။
မနေ့ကဆိုရင်လည်း ပြည်သူတွေက ကွယ်လွန်သွားတာ (၂) လရှိပြီဖြစ်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို သတိတရ မျှဝေခဲ့ကြတာ ဖြစ်ပါတယ် ။ကိုဟိန်းထက်ဒွေးလို့ခေါ်တဲ့ သူရဲကောင်းကတော့ ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ဖြိုခွင်းမှုမှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့သူတစ်ဦး ဖြစ်ပါတယ် ။
ပြည်သူတွေနဲ့အတူ နောက်ဆုံးအချိန်အထိ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ကိုဟိန်းထက်ဒွေးက ကျည်မှန်တဲ့အချိန်မှာတောင် မင်းတို့လွတ်အောင်ပြေး ငါ့ကိုထားခဲ့ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။ ကိုဟိန်းထက်ဒွေးက Delivery ပို့တဲ့အလုပ်ကိုလုပ်ကိုင်တဲ့ Rider တစ်ဦးဖြစ်ပြီး အခြေအနေတွေ အေးချမ်းသွားရင် ဈေးရောင်းဖို့ စိတ်ကူးရှိသူပဲ ဖြစ်ပါတယ် ။
ဒါပေမဲ့လည်း သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည် မဖော်နိုင်ခင်မှာပဲ စောစီးစွာ ကြွေလွှင့်သွားခဲ့ရတာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။
ကိုဟိန်းထက်ဒွေးနဲ့ တွေ့ဆုံခဲ့တဲ့ လူငယ်တစ်ယောက်ကတော့ သူကြားသိခဲ့ရတာလေးတွေကို ပြန်ပြောပြရင်း ငိုခဲ့ရသလို သူ့ရဲ့အမျိုးသမီးခမျာမှာလည်း ခင်ပွန်းဖြစ်သူအကြောင်းကြားပြီး ငိုကြွေးခဲ့ရတာ ဖြစ်ပါတယ် ။
ဒီအကြောင်းတွေကို ပြည်သူတစ်ဦးက သူရဲကောင်းကိုဟိန်းထက်ဒွေး ကွယ်လွန်တာ (၂) လပြည့်တဲ့နေ့မှာ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။