ပြည်တွင်းသတင်း

ဂရန်အတုလုပ်မှုဖြင့် မန္တလေးစည်ပင်တွဲဖက်အတွင်းရေးမှူး၊ ဌာနမှူးများအပါအဝင် ၁၁ ဦး အရေးယူခံရ

မန္တလေး၊ဩဂုတ်၁၂

ဂရန်အတုပြုလုပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) တွဲဖက်အတွင်းရေးမှူးအပါအဝင်ဝန်ထမ်း ၁၁ ဦး ကိုရာထူးချ၍အရေးယူထားကြောင်းယင်းကော်မတီသတင်းရင်းမြစ်များထံမှသိရှိရသည်။

အရေးယူခံရရာတွင် တွဲဖက်အတွင်းရေးမှူး၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှူး၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနခွဲမှူး၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနစုမှူး၊မြေတိုင်းစာရေးများပါဝင်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောဆိုသည်။

“ဌာနစုမှူးတစ်ယောက်ကတော့ရာထူးချ မခံရဘူး။သုံးနှစ်ရာထူးတိုး ရပ်ဆိုင်းတာ၊သူကတစ်မှုတည်းမဟုတ်ဘူး။ သုံးနှစ်အတွင်းမှာရာထူးတိုးဖြေလို့မရဘူး။ ကျန်တဲ့မြေတိုင်းနှစ်ယောက်ကတော့ ပင်စင် သွားတယ်” ဟု၎င်းကရှင်းပြသည်။

တွဲဖက်အတွင်းရေးမှူးကို သန့်ရှင်းရေးဌာနမှူး အဖြစ်၂ နှစ်တာဝန်ထမ်းဆောင်စေရန် တစ်ဆင့်ချအရေးယူ ထားပြီးသန့်ရှင်းရေးဌာနမှူးကို တွဲဖက်အတွင်းရေးမှူးအဖြစ် ခေတ္တတာဝန်ထမ်းဆောင်စေမည်ဟုလည် ၎င်းကပြောဆိုသည်။

အဆိုပါအမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့က လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်ကတည်းက စစ်ဆေးခြင်းဖြစ်ပြီး စည်ပင်မှ ယမန်နေ့ (ဩဂုတ်၁၁) ကအပြီးသတ်အမိန့်ချမှတ်ခဲ့ကာတရားဝင်စာထွက်ရှိရန် ပြင်ဆင်နေကြောင်း ၎င်းထံမှထပ်မံသိရှိရသည်။

ဂရန်အတု ပြုလုပ်ခဲ့မှုများသည် ယခင်အစိုးရလက်ထက်တွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု စည်ပင်ရှိသတင်းရင်းမြစ်များထံမှသိရသည်။

အသေးစိတ်သိရှိရန် MCDC တာဝန်ရှိသူအချို့ထံဆက်သွယ်ရာတွင်မရသေးပေ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် အစိုးရသစ်သက်တမ်းလေးနှစ်အတွင်းအကျင့်ပျက်ခြစားသည့်ဝန်ထမ်း နှစ်ရာကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင် ကပြောဆိုထားသည်။

ပုံစာ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲတစ်ခုတွင် တွေ့ရသည့် မန္တလေးစည်ပင်ဝန်ထမ်းများ။

#Zawgyi

The Voice

https://www.facebook.com/116494362285184/posts/672403036694311/