ပြည်တွင်းသတင်း

စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသော အနုပညာရှင်များကို အမှုပိတ်ပေးခ သိန်း ၂၀၀ ဖြင့် လိုက်လံ ကြေးညှိနေ

စ.စ်.ကေ.ာင်.စီက ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသော အနုပညာရှင်များကို အမှုပိတ်ပေးခ သိန်း ၂၀၀ ဖြင့် လိုက်လံ ကြေးညှိနေ

ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသော အနုပညာရှင်များ အမှုပိတ်ပေးရန် စစ်ကောင်စီက အောက်လမ်းနည်းဖြင့် စည်းရုံးနေပြီး အမှုပိတ်ပေးခ သိန်းရာချီ ဈေးတောင်းနွေဦးတော်လှန်ရေးတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့်

အရေးယူခံထားရသော အနုပညာရှင်များ၏ အမှုများ ပိတ် သိမ်းနိုင်ရန်အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက စည်းရုံးမှုများ စတင်နေကာ အမှုပိတ်ရန်အတွက်လည်းငွေကျပ်သိန်းရာချီ တောင်း နေကြောင်း စုံစမ်းသိရှိရသည်။

ပုဒ္မ ၅၀၅ က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသော အနုပညာရှင်များအတွက်ဖက်ဆစ်လူသတ်စစ်တပ်မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေးလက်မှတ်ဖြင့် အမှုပိတ်နိုင်ရန်အတွက်ဝန်ဆောင်ခ

အပါအဝင် အပြီးအစီး ငွေကျပ် သိန်း ၂၀၀ ပေါက်ဈေးရှိကြောင်း၊က နဦး သိန်း ၅၀ ပေးရမည် ဖြစ်ပြီး အမှုပိတ်ပြီးစီးသွားမှ လက်ကျန်ငွေ ပေးချေရမည်ဆိုသော ဈေးကွက်ဖြစ်ထွန်းနေကြောင်း သိရှိရသည်။

အနုပညာရှင်တစ်ဦး၏ အဆိုအရ ယင်းကိစ္စများအတွက် စစ်ကောင်စီမှ ဗိုလ်မှူးဦးက ပွဲစားအဖြစ် ဆောင်ရွက်ပေးပြီးခံဝန်ရေးထိုးကာ အမှုမှ ပိတ်သိမ်းသည်အထိ ဆောင်ရွက်ပေးနိုင်ကြောင်း၊အကျဉ်း ထောင်တွင်းရောက်နေသော အနုပညာရှင်အချို့သည် စစ်ဆေးမေးမြန်းခံရသည့်အခါ

မချေမငံ ပြန်ပြောဆိုမှုများကြောင့် အမှုတိုး တရားစွဲခံထားရကြောင်း သိရှိရသည်။အကျဉ်းထောင်အတွင်း ရောက်ရှိနေသူဖြစ်ပါက ကော င်းမွန်စွာ နေထိုင်ရန် စီစဉ်ပေးပြီးပြင်ပတွင်ပါ နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း

၊အကယ်၍ အာမခံဖြင့် ပြင်ပ ရောက်ပါက အမှုပိတ်သိမ်းမှု မတိုင်မီ ခရီးထွက်ခြင်း၊ပြည်ပခရီးထွက်ခြင်းများ မလုပ်ဆောင်ရန်၊ အဖမ်းမခံ ရဘဲ ရှောင်ပြေးနေသူ ဆိုပါကအမှုပိတ်သိမ်းရန် ဆောင်ရွက်နေစဉ် ပြည်တွင်းပြည်ပ ခရီးသွားခြင်းမလုပ်ဆောင်ရန်၊အမှု ပိတ်သိမ်းပြီးစီး ပါက ထပ်မံ၍ နွေဦးတော်လှန်ရေး လှုပ်ရှားမှုများတွင် မပါဝင်ရန်ဆိုသော စည်းကမ်းချက်များရှိကြောင်း၊

စစ်ကောင်စီအနေဖြင့် အနုပညာရှင်များစွာကို ဖမ်းဆီးထားခြင်းကြောင့်၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန် အောက်လမ်းနည်း များဖြင့် ကြိုးစားခြင်းဖြစ်နိုင်ကြောင်းအနုပညာရှင်အသိုင်းအဝိုင်းမှ သိရှိရသည်။လတ်တလော သရုပ်ဆောင်မင်းသား ပြေတီဦးသည် အင်း စိန် သီးသန့်အဆောင် ၂ အခန်း ၆ တွင်

ပိုင်တံခွန်၊ ရဲတိုက်တို့နှင့် အတူရှိနေကြောင်း ၊မင်းသားလူမင်းနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကို ထောင်မကြီး အဆောင် ၂ တွင် ထားရှိပြီးသရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုပိုနှင့် ဝင်းမင်းသန်းတို့ကို အမျိုးသမီးစာသင်ဆောင်တွင် ထားရှိကြောင်း စုံစမ်းသိရှိရသည်။