အနုပညာသတင်း ပြည်တွင်းသတင်း

တိမ်းရှောင်နေရတာ ခက်ခဲလွန်းလို့ ရောင်နီလာမယ့်နေ့ရက်ကို အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းခဲ့တဲ့ မထက်

တိမ်းရှောင်နေရတာ ခက်ခဲလွန်းလို့ ရောင်နီလာမယ့်နေ့ရက်ကို အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းခဲ့တဲ့ မထက်

Make Up Artist အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့မထက်(Pop Seoul) ပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပြည်သူတွေဘက်ကနေ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ မထက်အတွက် ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံထားရတဲ့အတွက် ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပြီးလူမှုကွန်ယက်တွင်အချိန်အတော်ကြာ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

အားလုံးကလည်း သူမအတွက် စိုးရိမ်ပူပန်နေတာဖြစ်ပြီးမနေ့ညကတော့ မထက်ရဲ့ Instagram story တွင်လက်ရှိခံစားချက်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ သူမကတော့ ရှောင်တိမ်းနေရတဲ့

အခြေအနေတွေကြောင့် အတော်လေးကိုခက်ခဲပင်ပန်းနေပြီး ရှေ့မဆက်ချင်တော့တဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ပြည်သူချစ် အနုပညာရှင်နှင့် မိတ်ကပ်ဖန်တီးပညာရှင်အချို့ကတော့ ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိသိကြီးနဲ့

အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြသူတွေပါ။ ဒီလိုအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်းရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်ပေးနေကြတာ လေးစားစရာကောင်းလွန်းလှပါတယ်။ပြည်သူတွေ မျှော်လင့်နေကြတဲ့ ရောင်နီလာမယ့် နေ့ရက်တွေအမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။