Unicode
စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦး စကားထိုင်ပြောနေစဉ် See More…
ဧရာဝတီတိုင်းမ်,မေလ ၄ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Haiphai (ဟိုင်ဖိုင်ရွာ)က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးဟာ
ယမန်နေ့ မေ ၃ ရက် နေ့လည်ပိုင်းက မိုးကြိုးပစ်လို့ နေရာ၌ပင် ပွဲချင်းေ.သဆုံ.းသွားတယ်လို့ သိရပါတယ်။သေဆုံ.းသူမှာ အသက် ၄၀ ကျော် အရွယ်ရှိပြီဖြစ်တဲ့
ဒေါ်ဒေါ့ပါးရ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မှန်တောရွာကနေ ဟားခါးမြို့နယ် Haiphai (ဟိုင်ဖိုင်ရွာ) သို့
စစ်ဘေးရှောင်လာသူ ဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တစ်ခုထံမှ သိရပါတယ်။”အိမ်ထဲမှာဝိုင်းထိုင်နေတုန်း
မိုးကြိုးပစ်ချလာတယ်။ မိုးကြိုးထိတာက လေးဦးပါ။ ဒေါ်ဒေါ့ပါးရ်ကတော့ အိမ်အောက်မှာနေတုန်း မိုးကြိုပ.စ်.ခံရတာ။ မိုးကြးပစခရတဲ့ထဲမှာ
သူ့အမျိုးသားလည်းပါတယ်။ သူကတော့ ခေါင်းခွဲသွားတယ်” လို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Haiphai (ဟိုင်ဖိုင်ရွာ) မှာ စစ်ဘေးရှောင် အိမ်ခြေ ၄၀ လောက်နေထိုင်ကြတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။