News

PDF တပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး သစ်ခိုးထုတ်မှုကို YDF မှဖမ်းဆီးရမိလို့ NUG ကို……..seemore

PDF တပ်ဖွဲ့ဝင်နှစ်ဦးပါဝင်တဲ့ သစ်ခိုးထုတ်မှုကို YDF(ထီးလင်း)ဖမ်းဆီးရမိလို့ NUG ဆီတင်ပြထား

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် နှစ်ဦးပါဝင်တဲ့ သစ်ခိုးထုတ်မှုကို YDF(ထီးလင်း)က ဖမ်းဆီးရမိခဲ့တာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ဆီကို တင်ပြထားတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ အသိပေး တိုင်ကြားချက်မှတစ်ဆင့် မေလ ၂ရက် ညနေ ၆နာရီခွဲခန့်မှာ ထီးလင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကနေ အဲဒီသစ်ခိုးထုတ်မှုကို သွားရောက်စစ်ဆေးခဲ့ရာ ထီးလင်းမြို့နယ်လျှော်ဖြူပင်ရွာမှာ ၆ ဘီးကား ၂ စီး၊ သစ်(၉)တန်ခန့်နဲ့ သစ်ခိုးထုတ် သူ ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူထဲမှာ ၆ ယောက်ဟာ ​ပေါက်မြို့နယ်အတွင်းမှဖြစ်ပြီး ကျန် ၂​ ယောက်ကတော့ ထီးလင်းမြို့နယ်ရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုမှ ဖွဲ့စည်းပေးထားတဲ့ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)အဖွဲ့ဝင်ဖြစ်နေတာကို စစ်ဆေးသိရှိရတယ်လို့ ဆိုပါတယ်။

၎င်းတို့နှစ်ဦးရဲ့ ထွက်ဆိုချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင်ပိုင်းတစ်ဦးနဲ့ လွှတ်တော်အမတ်တစ်ဦးထံ ကျပ်သိန်း ၃၀ပေးသွင်းပြီး ၎င်းတို့ရဲ့ခွင့်ပြုချက်နဲ့ ထီးလင်းမြို့နယ်ကို လာရောက်သစ်ခိုးထုတ်ယူခဲ့တာလို့ ဆိုပါတယ်။

အဲဒါကြောင့်ဖမ်းဆီးရမိသူအားလုံးကိုဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပြီးတော့ နောက်တစ်ရက်မှာ NUG အစိုးရဆီ သတင်းပို့တိုင်ကြားအစီရင်ခံခဲ့ပြီး ပြန်လည်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ YDF(ထီးလင်း)ဆီက သိရပါတယ်။

#AKonThi #YDF #ထီးလင်း #သစ်ခိုးထုတ်

Unicode