ဂျွန်နီဒပ်ရဲ့ ကိုယ်ပေါ်က တက်တူးတစ်ခုကို ရယ်ခဲ့မိတာကြောင့် ပါးရိုက်ခဲ့ကြောင်းဇနီးဖြစ်သူမှထွက်ဆို……seemore
ခင်ပွန်းဟောင်းဖြစ်သူ ဂျွန်နီဒပ်ဟာ သူမကို ကိုယ်ထိလက်ရောက်နှိပ်စက်မှုလုပ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က တရားရုံးထွက်ဆိုမှုမှာ “Aquaman” ဇာတ်ကားရဲ့ သရုပ်ဆောင် အမ်ဘာဟာ့ဒ်က ငိုယိုပြီး ပြောဆိုခဲ့ပါတယ်။ သူ့ကိုယ်ပေါ်က တက်တူးတစ်ခုကို သူမက ရယ်ခဲ့မိတာကြောင့် ပါးရိုက်ခံခဲ့ရကြောင်းနဲ့ နောက်ပိုင်းမှာ ဒပ်က ကိုကင်းလိုချင်လို့ သူမခန္ဓာကိုယ်မှာ နှံ့နှံ့စပ်စပ်ရှာဖွေတာတွေလုပ်ခဲ့ကြောင်း ဟာ့ဒ် က ထွက်ဆိုခဲ့ပါတယ်။
ဒပ် စွဲဆိုခဲ့တဲ့ အသရေဖျက်မှုစွဲချက်အတွက် ဟာ့ဒ်က ပထမဆုံးအကြိမ် သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မှိန်ဖျော့ဖျော့ဖြစ်နေတဲ့ တက်တူးက ဘာရေးထားတာလဲဆိုပြီး သူမကို မေးမြန်းခဲ့ချိန်မှာ ဒပ်ရဲ့ ပထမဆုံး ပေါက်ကွဲမှုပေါ်ထွက်လာတာဖြစ်ကြောင်းနဲ့ “ Wino” လို့ သူမက ပြန်ဖြေကာ ဟာသအမှတ်နဲ့ ရယ်ခဲ့တယ်လို့ ဟာ့ဒ်က ပြောဆိုပါတယ်။
“သူက ပါးဖြတ်ရိုက်ပါတယ်၊ ဘာဖြစ်သွားတာလဲ မသိပါဘူး၊ ကျမ သူ့ကိုပဲ စိုက်ကြည့်နေမိပါတယ်” လို့ ဟာ့ဒ်က ပြောဆိုပါတယ်။ နောက်ပြီး သူက ပါးကို နောက်ထပ် နှစ်ချက်ထပ်ရိုက်ကြောင်းနဲ့ “ဒါ ရယ်စရာမှတ်နေသလား ေ-ွးမ” လို့ ပြောခဲ့ကြောင်လည်း သူမက ဆက်လက် ထွက်ဆိုသွားပါတယ်။
ဒပ်ရဲ့ ပြီးခဲ့တဲ့ တရားရုံးထွက်ဆိုချက်မှာတော့ သူဟာ ဟာ့ဒ်ကို လုံးဝရိုက်နှက်ခဲ့ခြင်းမရှိကြောင်းနဲ့ သူမကသာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဒပ်က ပြောဆိုထားခဲ့ပါတယ်။
သူမဟာ အိမ်တွင်း အနိုင်ကျင့်နှိပ်စက်မှုရဲ့ သားကောင်ဖြစ်တယ်လို့ ဟာ့ဒ်က ထုတ်ဖော်ပြောဆိုခဲ့ချိန်မှာ “Pirates of the Caribbean” ဇာတ်ကားတွေနဲ့ အခြားရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ နည်မည်ကျော်သရုပ်ဆောင် ဒပ်က အသရေဖျက်မှုနဲ့ ဟာ့ဒ်ကို တရားစွဲဆိုခဲ့ပြီး ဒေါ်လာ ၅၀ နစ်နာကြေးအဖြစ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ တဖန် ဟာ့ဒ်ကလည်း ဒပ်ဟာ သူမကို လူလိမ်တစ်ဦးလို့ သုံးနှုန်းခြင်းဖြင့် သိက္ခာကျစေခဲ့တယ်ဆိုကာ ဒေါ်လာ သန်း ၁၀၀ ရလိုမှုနဲ့ ဒပ်ကို တန်ပြန်တရာစွဲဆိုခဲ့ပါတယ်။
သူမအနေနဲ့ သူ့ရဲ့ တောင်းပန်မှုတွေနဲ့ သူမကို လုံးဝမရိုက်တော့ဘူးဆိုတဲ့ ကတိတွေကို ယုံကြည်ချင်တာကြောင့် ဒပ်နဲ့အတူဆက်နေခဲ့ကြောင်း သို့ပေမယ့်လည်း ဒပ်ဟာ အရက်သောက်လာချိန်၊ မူးယစ်ဆေးဝါးသုံးလာချိန်တွေတိုင်းမှာ သူမကို အကြိမ်များစွာ နှိပ်စက်ခဲ့တယ်လို့လည်း ဟာ့ဒ်က ငိုတစ်ခါ တည်တစ်လှည့်နဲ့ တရားရုံးမှာ ထွက်ဆိုချက်ပေးသွားခဲ့ပါတယ်။
DT
Unicode