News

ပြည်သူတွေ ပူးပေါင်းပါဝင်မှုမရှိလို့ဆိုပြီး မန္တလေးမြို့ကို စွန့်ခွါကြောင်း ပြောက်ကျားအဖွဲ့တွေ ကြေညာ

မန္တလေးမြို့ခံ ပြည်သူတွေဟာ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှု မရှိဘူးလို့ဆိုပြီး မြို့ခံပြောက်ကျားတပ်ဖွဲ့တွေဟာ မန္တလေးမြို့ကို စွန့်ခွါသွားပြီလို့ သူတို့ရဲ့ ဖေ့ဘွတ်ပေ့ချ်တွေကနေ ရေးသားဖော်ပြနေကြပါတယ်။

“ ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်တော်တို့အဖွဲ့ မြို့ပေါ်ကနေ စွန့်ခွါသွားပါပြီ၊ မန်းသူမန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့ နေခဲ့ကြပါတော့ “ လို့ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dragon Warrior MDY-PDF က ဗိုလ်နဂါးလေးက ပြောပါတယ်။

အလားတူ အနက်ရောင်သေမင်းအဖွဲ့ကလည်း မန္တလေးမြို့ကို စွန့်ခွါသွားပြီဖြစ်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော်တွေ၊ ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ကိုယ်ချင်းစာကြပါလို့ ဖော်ပြထားပါတယ်။

“ မဆိုင်သလို နေကြတဲ့လူတွေ များလို့ပါ “ လို့ အနက်ရောင်သေမင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်နောင်လေးက MFP ကိုပြောပါတယ်။ ဒီလို စွန့်ခွါခဲ့တာဟာ သွေးကြောင်လို့၊ ကြောက်လို့မဟုတ်ဘဲ

တော်လှန်ရေးရဲဘော်တွေနဲ့အတူ ပူးပေါင်းပါဝင်မှု အားနည်းလှတဲ့ မန္တလေးမှာ ဆက်လက်တော်လှန်နေရင်လည်း မထူးတော့ပြီဖြစ်တဲ့အတွက် နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့ရတာဖြစ်တယ်လို့ Myanmar Revolution Rangers Force (MDY) ရဲ့ ခေါင်းဆောင် ဗိုလ်အောင်မြတ်က ပြောပါတယ်။

မန်းမြို့ပေါ်မှာ ကျွန်တော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွါသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကို ပြန်လာခဲ့ချင်ပါသေးတယ် လို့လည်း ဗိုလ်နဂါးလေးက ထပ်မံ ပြောဆိုထားပါတယ်။

ကျန်တဲ့ ပြောက်ကျားအဖွဲ့တွေကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုထားတာမျိုး မရှိသေးပါဘူး။ မန္တလေးမြို့ဟာ တော်လှန်ရေးကာလအတွင်းမှာ ဘီယာဆိုင်

လက်ဖက်ရည်ဆိုင်၊ ကလပ်၊ ဘားဆိုင် အဖွင့်မပျက်၊ အထိုင်မပျက် ဖြစ်နေတယ်လို့ မြို့ခံအချို့နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ဝေဖန်ထားကြပါတယ် မန္တလေးပြောက်ကျားအဖွဲ့တွေရဲ့ မြို့ပေါ်တိုက်ခိုက်မှုတစ်ခု/ ဓာတ်ပုံ – CJ

မႏၲေလးၿမိဳ႕ခံ ျပည္သူေတြဟာ ေတာ္လွန္ေရးမွာ ပူးေပါင္းပါဝင္မႈ မရွိဘူးလို႔ဆိုၿပီး ၿမိဳ႕ခံေျပာက္က်ားတပ္ဖြဲ႕ေတြဟာ မႏၲေလးၿမိဳ႕ကို စြန႔္ခြါသြားၿပီလို႔ သူတို႔ရဲ႕ ေဖ့ဘြတ္ေပ့ခ်္ေတြကေန ေရးသားေဖာ္ျပေနၾကပါတယ္။

“ ကိုယ့္မထိသေ႐ြ႕ ေတာ္လွန္ေရးဟာ ကိုယ္နဲ႔မဆိုင္သလိုေနၾကတဲ့သူမ်ားေနေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ ၿမိဳ႕ေပၚကေန စြန႔္ခြါသြားပါၿပီ၊ မန္းသူမန္းသားမ်ား စိတ္ေအးခ်မ္းသာစြာ မန္းၿမိဳ႕ႀကီးမွာ စစ္ကြၽန္ဘဝနဲ႔ ေနခဲ့ၾကပါေတာ့ “ လို႔ ေျပာက္က်ားတပ္ဖြဲ႕တစ္ခုျဖစ္တဲ့ Dragon Warrior MDY-PDF က ဗိုလ္နဂါးေလးက ေျပာပါတယ္။

အလားတူ အနက္ေရာင္ေသမင္းအဖြဲ႕ကလည္း မႏၲေလးၿမိဳ႕ကို စြန႔္ခြါသြားၿပီျဖစ္ၿပီး က်ဆုံးခဲ့တဲ့ ရဲေဘာ္ေတြ၊ ဆႏၵျပရင္း က်ဆုံးခဲ့ရတဲ့ သူရဲေကာင္းေတြကို ကိုယ္ခ်င္းစာၾကပါလို႔ ေဖာ္ျပထားပါတယ္။

“ မဆိုင္သလို ေနၾကတဲ့လူေတြ မ်ားလို႔ပါ “ လို႔ အနက္ေရာင္ေသမင္းအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ေနာင္ေလးက MFP ကိုေျပာပါတယ္။ ဒီလို စြန႔္ခြါခဲ့တာဟာ ေသြးေၾကာင္လို႔၊ ေၾကာက္လို႔မဟုတ္ဘဲ

ေတာ္လွန္ေရးရဲေဘာ္ေတြနဲ႔အတူ ပူးေပါင္းပါဝင္မႈ အားနည္းလွတဲ့ မႏၲေလးမွာ ဆက္လက္ေတာ္လွန္ေနရင္လည္း မထူးေတာ့ၿပီျဖစ္တဲ့အတြက္ နာက်င္စြာနဲ႔ ႏႈတ္ဆက္ခဲ့ရတာျဖစ္တယ္လို႔ Myanmar Revolution Rangers Force (MDY) ရဲ႕ ေခါင္းေဆာင္ ဗိုလ္ေအာင္ျမတ္က ေျပာပါတယ္။

မန္းၿမိဳ႕ေပၚမွာ ကြၽန္ေတာ္တို႔ေတြ ဘယ္လိုမွ ေနလို႔ရတဲ့ အေျခအေနမဟုတ္တဲ့အတြက္ မန္းၿမိဳ႕ႀကီးကို စြန႔္ခြါသြားရေပမယ့္ တစ္ခ်ိန္မွာ ေအာင္ပြဲေတြနဲ႔အတူ မန္းၿမိဳ႕ႀကီးဆီကို ျပန္လာခဲ့ခ်င္ပါေသးတယ္ လို႔လည္း ဗိုလ္နဂါးေလးက ထပ္မံ ေျပာဆိုထားပါတယ္။

က်န္တဲ့ ေျပာက္က်ားအဖြဲ႕ေတြကေတာ့ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဘာမွ ေျပာဆိုထားတာမ်ိဳး မရွိေသးပါဘူး။ မႏၲေလးၿမိဳ႕ဟာ ေတာ္လွန္ေရးကာလအတြင္းမွာ ဘီယာဆိုင္

လက္ဖက္ရည္ဆိုင္၊ ကလပ္၊ ဘားဆိုင္ အဖြင့္မပ်က္၊ အထိုင္မပ်က္ ျဖစ္ေနတယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕နဲ႔ ေျပာက္က်ားတပ္ဖြဲ႕ေတြက ေဝဖန္ထားၾကပါတယ္ မႏၲေလးေျပာက္က်ားအဖြဲ႕ေတြရဲ႕ ၿမိဳ႕ေပၚတိုက္ခိုက္မႈတစ္ခု/ ဓာတ္ပုံ – CJ