အနုပညာသတင်း

ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ငယ်ဘဝ ဓာတ်ပုံလေးတွေကို ထုတ်ပြလာတဲ့ မင်းသမီး ခင်ဝင့်ဝါ


















ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေက ချစ်ခင်နှစ်သက်အားပေးရတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။

ခင်ဝင့်ဝါအား စက်တင်ဘာလ ၂၁ ရက်နေ့၊ ၁၉၉၄ ခုနှစ်တွင် ဦး လှဟန်၊ ဒေါ် ကြည်ကြည်ဆွေ တို့က ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။

မွေးချင်း ၄ယောက်အနက် အငယ်ဆုံးသမီး ဖြစ်သည်။

အနုပညာအား ဝါသနာပါသောကြောင့် တက္ကသိုလ်ပညာ သင်ကြားနေစဉ် Star & Models Agency သို့ မိဘများအား အသိမပေးဘဲ သင်တန်းတက်ရောက်ခဲ့သည်။

ပြိုင်ပွဲများ ဝင်ရောက်မည့်အချိန်ရောက်မှသာ မိဘများအား အသိပေးခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Miss MK Gem ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ Queen of Beauty Award ဆုကို ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသော Miss Supranational ပြိုင်ပွဲသို့ ယှဉ်ပြိုင်ရာ Miss Internet ဆု အပါအဝင် ဆု ၄ ခု ရရှိခဲ့သည်။

ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်သော အလှမယ်များတွင် ဒုတိယမြောက် အစောဆုံးဖြစ်ရာ အင်တာနက်သုံးစွဲသော ပြည်တွင်း၊ ပြည်ပ မြန်မာအများစု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

ခေးလို့ချစ်စနိုးခေါ်ကြပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလဲ သဘာဝက်က် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူလေးတစ်ဦးပဲ ဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေကြားထဲမှာ အောင်မြင်ကျော်ကြားခဲ့ပါသေးတယ်။

အပြစ်ကင်းပြီး ဖြူစင်တဲ့ချစ်စဖွယ် မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားသူလေးလဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူမရဲ့ငယ်ရုပ်မပျောက်သေးတဲ့ ငယ်ဘဝဓာတ်ပုံလေးကို ပရိသတ်တွေကို ထုတ်ပြလာခဲ့ပါတယ်။

ကျောင်းဝတ်စုံလေးနဲ့ အပြစ်ကင်းကင်း ချစ်စရာကောင်းနေတဲ့ ကျောင်းသူလေးအဖြစ် သူမရဲ့ ငယ်ဘဝအမှတ်တရလေးကို မျှဝေထားတာဖြစ်ပြီး

ငယ်ရွယ်စဉ် ကလေးဘဝပုံရိပ်လေးတွေနဲ့ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေထားတာပါ..။

ငယ်ငယ်လေးကတည်းက ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ ခေးလေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။

စာဖတ်ပရိသတ်ကြီး‌ရေ မင်းသမီး ခင်ဝင့်ဝါ ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါပြီနော်။

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။