ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မီးလာရှို့သည့် စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦး ကျဆုံး
ရန်ကုန်၊ မေ ၆
ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်အား ခုခံ တိုက်ခိုက်ရင်း လူငယ်တော်လှန်ရေး တပ်ဦး (YRF)မှ ရဲဘော် နေလင်းထက်နှင့် ရဲဘော် ဇေယျာအောင်တို့ မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကျဆုံးခဲ့ကြောင်း YRF မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ရဲဘော် နေလင်းထက်သည် မေလ ၄ရက်နေ့၌ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ရန် ရောက်ရှိလာစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း သေနတ် ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူစဉ် မေလ ၅ ရက်နေ့၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ပွဲတွင် စစ်သား ၁၈ ဦး မိုင်းဆွဲခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရဲဘော်နေလင်းထက်က ချက်ကန်ရွာကို စစ်ကြောင်းထိုးလာသော ပျူခွေး၊ စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄ ရက်နေ့ ညနေက ကျည်ဗိုက်ဖောက်ထွက်သွားခဲ့ပါတယ်။ ဆေးကုသမှု ခံယူရာမှ တစ်ရက်သာ ခံပြီး ဆုံးသွားပါတယ်” ဟု YRF ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ရဲဘော် ဇေယျာအောင်သည် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချက်ကန်ရွာ ပြည်သူများ ရွာထဲသို့ ပြန်ဝင်မည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီကို ထောင်ထားသည့် မိုင်းများကို ပြန်လည် ဖြုတ်ရာတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ခြေထောက်ပြတ်သွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်စဉ်တွင် ကျဆုံးသွားခဲ့ကြောင်း YRF ထံမှ သိရှိရသည်။
ေပါက္ၿမိဳ႕နယ္၊ ခ်က္ကန္႐ြာကို မီးလာရႈိ႕သည့္ စစ္တပ္ကို ခုခံ တိုက္ခိုက္ရင္း YRF ရဲေဘာ္ ၂ ဦး က်ဆုံး
ရန္ကုန္၊ ေမ ၆
ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းရွိ ခ်က္ကန္႐ြာကို မီးလာရႈိ႕သည့္ အၾကမ္းဖက္ စစ္တပ္အား ခုခံ တိုက္ခိုက္ရင္း လူငယ္ေတာ္လွန္ေရး တပ္ဦး (YRF)မွ ရဲေဘာ္ ေနလင္းထက္ႏွင့္ ရဲေဘာ္ ေဇယ်ာေအာင္တို႔ ေမလ ၅ ရက္ေန႔ႏွင့္ ၆ ရက္ေန႔မ်ားတြင္ က်ဆုံးခဲ့ေၾကာင္း YRF မွ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
ရဲေဘာ္ ေနလင္းထက္သည္ ေမလ ၄ရက္ေန႔၌ ခ်က္ကန္႐ြာကို အၾကမ္းဖက္ စစ္တပ္ ဝင္ေရာက္ စီးနင္း မီးရႈိ႕ရန္ ေရာက္ရွိလာစဥ္ တိုက္ပြဲ ျဖစ္ပြားခဲ့ကာ တိုက္ပြဲအတြင္း ေသနတ္ က်ည္ထိမွန္ၿပီး ေဆးကုသမႈ ခံယူစဥ္ ေမလ ၅ ရက္ေန႔၌ က်ဆုံးခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ တိုက္ပြဲတြင္ စစ္သား ၁၈ ဦး မိုင္းဆြဲခံရကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ရဲေဘာ္ေနလင္းထက္က ခ်က္ကန္႐ြာကို စစ္ေၾကာင္းထိုးလာေသာ ပ်ဴေခြး၊ စစ္ေခြးေတြရဲ႕ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ၄ ရက္ေန႔ ညေနက က်ည္ဗိုက္ေဖာက္ထြက္သြားခဲ့ပါတယ္။ ေဆးကုသမႈ ခံယူရာမွ တစ္ရက္သာ ခံၿပီး ဆုံးသြားပါတယ္” ဟု YRF ရဲေဘာ္တစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာျပသည္။
ရဲေဘာ္ ေဇယ်ာေအာင္သည္ ေမလ ၆ ရက္ေန႔ နံနက္ပိုင္းတြင္ ခ်က္ကန္႐ြာ ျပည္သူမ်ား ႐ြာထဲသို႔ ျပန္ဝင္မည္ဟု ဆိုကာ အၾကမ္းဖက္စစ္ေကာင္စီကို ေထာင္ထားသည့္ မိုင္းမ်ားကို ျပန္လည္ ျဖဳတ္ရာတြင္ မိုင္းတစ္လုံးေပါက္ကြဲၿပီး ေျခေထာက္ျပတ္သြားခဲ့ကာ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္တြင္ က်ဆုံးသြားခဲ့ေၾကာင္း YRF ထံမွ သိရွိရသည္။