News

MRTV Media Apps ဖြုတ်ချခံရမှု အပေါ်ပြောပြလာတဲ့ app ထုတ်လွှင့်ခဲ့တဲ့ ကာယံကံရှင်

MRTV Media Apps ဖြုတ်ချခံရမှု အပေါ်ပြောပြလာတဲ့ app ထုတ်လွှင့်ခဲ့တဲ့ ကာယံကံရှင်

သတင်းရရှိခွင့်တို့ ပျက်စီးခြင်း

MRTV Media Apps ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေသလို တကယ်လဲ Google Play Store မှာ ရှာလို့ မရတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါက ဘာလဲ။ MRTV MEDIA APPS ဖြုတ်ချခံရတာမှန်ရင် ဘာကိုမြင်နိုင်မလဲ။

တကယ်တော့ Google Play Store က အများပြည်သူ သုံးစွဲရန်မသင့်တော်တဲ့၊ လူပုဂ္ဂိုလ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူတဲ့၊ အချက်အလက်မှားတွေကို ဖြန့်ဝေတဲ့၊ အများပြည်သူ လုံချုံရေးကိုထိပါးစေတဲ့၊ လူကုန်ကူးတဲ့၊ လောင်းကစားလုပ်တဲ့ Apps များကို အစဉ်တစိုက် ဖြုတ်ချနေတာတော့ အမှန်ဖြစ်ပါတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။ လက်လဲ ခံပါတယ်။

အငြင်းပွားဖို့လဲ မရှိပါဘူး။

အခု မြန်မာမီဒီယာ MRTV Media Apps ဖြုတ်ချတဲ့ ကိစ္စကတော့ ပြောဖို့လိုပါတယ်။

မြန်မာမီဒီယာ MRTV Media Apps ဟာ သတင်းဆိုင်ရာ Apps (News Apps) ဖြစ်တယ်။

အခြားသော ဧရာဝတီ၊ ‌မဇ္ဈိမ၊ ခေတ်သစ်၊ မြန်မာနောင်း တို့လို သတင်းဆိုင်ရာ Apps (News Apps) ဖြစ်တယ်။ ဧရာဝတီ၊ ‌မဇ္ဈိမ၊ ခေတ်သစ်၊ မြန်မာနောင်း တို့လို သတင်းဆိုင်ရာ Apps တွေလို ငါ့စကားနွားရ မဟုတ်တမ်းတရား တွန်းလှော်နေတဲ့ Apps တွေက ဘာမှမဖြစ်ပဲ မြန်မာမီဒီယာ MRTV Media Apps လို တာဝန်ခံမှုရှိမဲ့ သတင်းဆိုင်ရာ Apps က အချိန်တိုအတွင်း ဖယ်ရှားခံရတယ် ဆိုတာမျိုးကတော့ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတယ်။

ဆိုလိုချင်တာက ပြည်တွင်းမှာရော ပြည်ပမှာပါ နှစ်ဖက်သတင်းစကားကို မျှတစွာ ကြားချင်သူ‌တွေရှိတယ်။ ဒါကို ကန့်သတ်ပိတ်ပင်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ချိုးဖောက်တာ ဖြစ်တယ်။

Google Play Store နဲ့ Apple App Store ဟာ ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးတွေဖြစ်ပီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စံထားတယ်လို့ ဆိုတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်ရင်တော့ အဂတိ လိုက်နေကြတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မဲခိုး မဲလိမ်မှုက စလိုက်တဲ့ အရေးအခင်းမှာ ရှိနေတဲ့ ဘက် နှစ်ဖက်မှာ စစ်တပ် နဲ့ အရပ်သားလို့ လွယ်လွယ်ပြောကြပေမဲ့ စစ်တပ်ဖက်မှာ စစ်တပ် နဲ့ စစ်တပ်ထောက်ခံသူတွေချည်း မဟုတ်ပါဘူး။ ဒါဟာ အမှန်တရားပဲ။

အနီကိုရော အစိမ်းကိုပါ မကြိုက်တဲ့ လူအုပ်စုကြီး ရှိပါတယ်။ ဒီလူတွေက သိပ်ကို မဇ္ဈိမပဋိပဒါ ကျလွန်းနေလို့ ပွဲက မကြာသင့်ပဲ ကြာနေတာ။ ဒီလူထုကြီးရဲ့ နှစ်ဖက်သတင်းကြားပိုင်ခွင့်ကို ပိတ်ပင်ရင် အကျိုးဆက် မကောင်းနိုင်ဘူး။

ဒီလို နှစ်ဖက်သတင်း ကြားပိုင်ခွင့်ကို ပိတ်ပင်လိုက်တာကို ဝမ်းသာအူမြူးနေမဲ့ အနီအုပ်စုဝင်တွေ အများကြီး ရှိနေပါလိမ့်မယ်။ ဒိအတွက် မခံချိ မခံသာ ဖြစ်စရာ ဘာမှ အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ဟာ လမ်းမှားပေါ်ကနေ ပိုပီးမှားတဲ့ လမ်းပေါ်ကို ရောက်သွားတာ ဖြစ်လို့ပဲ။

မြန်မာမီဒီယာ MRTV Media Apps ကိစ္စကို ပြန်ပြောရရင် အခုလို Apps တခုကို ဖျက်တာဟာ လုပ်ရိုးလုပ်စဉ်မို့လို့ မအံ့ဩပါ။ သူတို့ သမ္မတ ဒေါ်နယ်ထရန့် ကိုတောင် မီဒီယာနဲ့ ဝိုင်းဖိ ဝိုင်းကြဉ် လုပ်ခဲ့သေးတာပဲ။

ဒါပေမဲ့ အခုလို လုပ်လိုက်တဲ့အတွက် နှစ်ဖက်သတင်းကို မျှမျှတတ ကြားလိုတဲ့သူ‌တွေရဲ့ အထင်အမြင်သေးမှု၊ အမြင်စောင်းမှုတွေ ပေါ်ထွက်လာပါလိမ့်မယ်။
နည်းပညာပိုင်း နဲ့ ပြောရလျှင် မြန်မာမီဒီယာ MRTV Media Apps ကို Google Play Store နဲ့ Apple App Store ကနေ ဖြန့်ဝေလို့ မရရင် ဟာဝေး Hauawei ရဲ့ ဟာမိုနီစံနစ် Harmony OS platform ကနေ ဖြန့်ဝေလို့ ရပါတယ်။

ဟာဝေး Hauawei ရဲ့ ဟာမိုနီစံနစ် Harmony OS platform က အသုံးပြုသူ နဲသေးတယ်ဆိုပေမဲ့ ကျယ်ပြန့်လာဖို့အတွက် တည်ငြိမ်တဲ့ အခြေအနေကောင်းတွေ ရှိပါတယ်။
Google Play Store နဲ့ Apple App Store တို့ဟာ သတင်းနည်းပညာ ဖြန့်ကျက်မှုအားကောင်းပါတယ်။ ဒါပေမဲ့ အများညီလို့ ဤကို ကျွဲလို့ ဖတ်တာကတော့ လူနည်းစုအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စံနဲ့ လွဲချော်နေတယ်။

တကယ်တော့ မြန်မာနိုင်ငံအတွင်းက ဘယ်ဖက်မှ မပါပဲ ကိုယ့် အလုပ်ကိုယ်လုပ်ပီး အေးအေးချမ်းချမ်း နေပီး နှစ်ဖက်သတင်းကို မျှမျှတတ ကြားလိုသူတွေဟာ မြန်မာနိုင်ငံအတိုင်းအတာနဲ့ လူနည်းစု ဟုတ် မဟုတ်ဆိုတာကိုတော့ အချိန်ကပဲ စကားပြောပါလိမ့်မယ်။

ဒီမိုကရေစီ အနီအုပ်စုကတော့ သူတို့ ခိုးခဲ့ လိမ်ခဲ့တာကို ဖုံးဖိဖျောက်ဖျက်ဖို့ ရေကုန်ရေခမ်းအားစိုက်ကြပါလိမ့်။ အရင်းခံကတော့ ဒီမိုကရေစီစံနစ်ကို ဇွဲမရှိ၊ ဝီရိယမရှိ၊ လုံ့လမရှိ ဖြတ်လမ်းနည်းနဲ့ တည်ဆောက်ချင်လို့ပဲ။ ပဋိပက္ခကတော့ အဓွန့်ရှည်မှာပါ။

စိတ်မကောင်းပါဘူး။

မိုးစက်ထွန်း

ကိုမိုးစက်ရေးခဲ့တဲ့ မြန်မာမီဒီယာ MRTV Media Apps လွှင့်တင်ခြင်း ပို့စ်

https://www.facebook.com/permalink.php?story_fbid=176064924777668&id=100071224834720