ကိုယ်ဝန်ရအောင် အမျိုးသားဖြစ်သူ အသုံးပြုမည့် အဖေါ်ကို အပေါက်ဖောက်ခဲ့တဲ့ အမျိုးသမီးဖြစ်သူရဲ့အဖြစ်
ကိုယ်ဝန်ရလိုတာကြောင့် အဖော်ဖြစ်သူ အမျိုးသား အသုံးပြုမယ့် ကွန်ဒုံးမှာ တိတ်တဆိတ် အပေါက်ဖောက် ထား တဲ့ ဂျာမနီ အမျိုးသမီး တစ်ဦး သုတ်သွေး ခိုးယူမှုနဲ့ ထောင်ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။
အဖော်အမျိုးသား ရဲ့ မျိုးဆက်ကို လိုချင်တာကြောင့် အဆိုပါ အမျိုး သမီးက ကိုယ်ဝန်ရစေရန် အမျိုးသား မသိအောင် သူသုံးမယ့် ကွန်ဒုံးမှာ အပေါက်ဖောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဂျာမနီ အနောက်ပိုင်း ရှိ တရား ရုံး က အသုံးမပြုခင် ကွန်ဒုံးကို ဖျက်ဆီးထားတာ ဟာ ခိုးမှု ဖြစ်ပြီး သာမန် အား ဖြင့် အခုလို ဖြစ်ရပ်တွေ မှာ အမျိုးသားများ အဓိက ပါဝင်တယ်လို့ပြောကြား ပါတယ်။
အသက် ၃၉ နှစ် အရွယ် အမျိုးသမီး ဟာ အသက် ၄၂ ရှိ အဖော်အမျိုးသား ကို အကျိုးလိုလို့ ခင်မင်ရင်း နှီးအောင် ဆက်ဆံ ခဲ့တာဖြစ်ကြောင်း တရားရုံး ကပြောကြား ပါတယ်။
၎င်းတို့နှစ်ဦး ဟာ ၂၀၂၁ နှစ်စပိုင်း က စလို့ ပုံမှန်တွေ့ဆုံ ခဲ့ကြကြောင်း သိရပြီး အခု အချိန်ကျမှ အမျိုးသမီး က ကိုယ် ဝန် ရလိုတာကြောင့် အထက်ပါ အတိုင်း လုပ်ကြံ ဖန်တီး ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ အမျိုးသမီး ဟာ ကိုယ်ဝန်ရအောင် ကြိုးစားခဲ့ပေမယ့် မအောင် မြင်ခဲ့ဘူးလို့ ဘိုင်လီဖီး ဒေသရှိ တရား ရုံးက ပြောကြား ပါတယ်။
ဒါပေမဲ့ အဆိုပါ အမျိုးသမီး က သူ့မှာ ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း နဲ့ ကွန်ဒုံးကို ဖောက်ထားခဲ့ကြောင်း အဖော် အမျိုးသား ထံ အွန်လိုင်း က မက်ဆေ့ချ် ပို့ပြီး ဝန်ခံပြောကြားခဲ့ပါတယ်။
အဖော် အမျိုးသား က သူ့ကို ရာဇဝတ်မှု ဆိုင်ရာ တရားစွဲ ဆိုမှု များ ပြုလုပ်ပြီး တုန့်ပြန်ခဲ့ ပါတယ်။ကနဦး မှာ အဆိုပါ အမျိုးသမီးဟာ မုဒိမ်းမှု စွဲ ချက်များ နဲ့ ရင်ဆိုင် ခဲ့ရပေမယ့် နောက်ပိုင်း မှာ လိင်ပိုင်း ဆိုင်ရာစော်ကား မှု သို့ အဆင့်လျှော့ချ စွဲ ဆိုခံခဲ့ရပါတယ်။
Unicode