News

ပထမဆုံး နိုင်ငံတကာကို ထိုးဖေါက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသောရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းအကြောင်း

ရုပ်ရှင်လောကကို ပထမဆုံး နိုင်ငံတကာကို ထိုးဖေါက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသောရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းအကြောင်း

ဒီနေ့တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ Hollywood က ရုပ်ရှင်ကားတစ်ကားတစ်ကားမှာ Audition ဝင်စရာမလိုဘဲ မင်းသမီးတန်းဖြစ်သွားပြီး နေ့ချင်း ညချင်း ကမ္ဘာကျော်ခဲ့တဲ့ မင်းသမီးတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သူမကတော့တစ်ခြားသူမဟုတ်ပါဘူး။ မြန် မာနိုင်ငံသား၊ ပဲခူးမြို့သူ၊ ဝင်းမင်းသန်းပဲဖြစ်ပါတယ်။

ဝင်းမင်းသန်းကိုတော့ ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ ပဲခူးမြို့ပဲဖြစ်ပါတယ်။ သူမရဲ့ဖခင်ကတော့ သြစတြီးယားလူမျိုးဖြစ်ပြီး သယ်ယူပို့ဆောင်‌ရေး ဌာနတစ်ခုက မန်နေဂျာ၊ မစ္စတာ ဂျွန်ဆင်ဆိုသူဖြစ်ပါတယ်။မိခင်ကတော့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ငယ်နာမည်ကတော့ ဝင်းဝင်းမြင့်ဖြစ်ပြီး နောက်ထပ်နာမည်တစ်ခုကတော့ Helga Johnson ဖြစ်ပါတယ်။

သူမအသက် ၈နှစ်အရွယ်မှာတော့ မြန် မာနိုင်ငံကို ဖက်ဆစ်ဂျပန်တွေ ဝင်ရောက် လာတဲ့အတွက် မိသားစုနဲ့ အတူ အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေထိုင်ခဲ့ပါတယ်။ အသက် ၁၄ နှစ်မတိုင်ခင်အထိ သီလရှင်ကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့အချိန်မှာတော့ မြန် မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးစိန့်ဂျွန်းကွန်ဗင့်ကျောင်းမှာပညာဆက် လက်သင်ယူသခဲ့ပါတယ်။အဲ့ဒီ့နောက်မှာတော့ အိန္ဒိယနိုင်ငံ ဒါဂျီလင်ကျောင်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်၊ သူမအသက် ၁၈နှစ်ရောက်တဲ့အချိန်မှာတော့ ဖခင်ဖြစ်သူရဲ့စေလွှတ်မှုကြောင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ရွန်ဘာဘဲလ်လေး အကသင်တန်းကျောင်းမှာ အကပညာကို သင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝါသနာအပါတဲ့အတွက်ကြောင့် သင်တန်းပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

အဲ့ဒီ့နောက် ၃နှစ်အကြာ သူမအသက် ၂၁နှစ်မှာတော့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်သန်း(ဗိုလ်စင်္ကြာ) နဲ့ တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့မှာတော့အီတလီနိုင်ငံ၊ ရောမမြို့ ကက်ပီတော် ဗဟိုတရားရုံးကြီးမှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပါတယ်။

၏သူတို့နှစ်ဦးလက်ထပ်စဥ်မှာ ဗိုလ်စင်္ကြာက အသက် ၃၉နှစ်ဖြစ်ပြီး သူမကတော့ အသက် ၂၁နှစ်သာ ရှိပါသေးတယ်။ ဒါ့အပြင် ဗိုလ်စင်္ကြာဟာ လူပျိုလူလွတ်တစ်ဦး မဟုတ်ဘဲအရင်အိမ်ထောင်နဲ့ ရခဲ့တဲ့ (သူရိန်စင်္ကြာ၊ စန္ဒီစင်္ကြာ၊ တာရာစင်္ကြာ) ဆိုတဲ့ သားသမီးသုံးယောက် ရှိနေခဲ့ပါတယ်။

Purple Plain ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့ပုံကတော့ ဆန်းကြယ်လှသလို သူမရဲ့ ကံအကျိုးပေးကြောင့်လို့လည်းပြောရမှာဖြစ်ပါတယ်။ Hollywood ဥ နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်သူ ရောဘတ်ပါရစ်ချ်ဟာ သမိုင်းကြောင်းနောက်ခံဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းဖို့အတွက် အာရှသွေးပါတဲ့ မင်းသမီးတစ်ဦးကို ရှာဖွေနေခဲ့ပါတယ်။

ကုမ္ပဏီထံကိုအာရှတစ်လွှားကနေ မင်း သမီးအဖြစ် လာရောက်လျှောက်ထားသူ အယောက် ၂၀၀ ကျော် ရှိနေပြီ ဖြစ်ပေမယ့်လည်းဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် ရုပ်ရည်သွင်ပြင်ရှိသူကို မတွေ့နိုင်ဘဲဖြစ်နေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ဝင်းမင်းသန်းရဲ့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေရင်းချာတစ်ဦးဟာအဆိုပါဒါရိုက် တာရဲ့ အသိအကျွမ်းဖြစ်နေခဲ့ပါတယ်။

ဝင်းမင်းသန်းတို့အိမ်ကို အလည်အပတ်လာရောက်ရင်းကနေ ဣန္ဒြေကြီးလှတဲ့ မြန်မာဆန်ဆန်အလှပိုင်ရှင် ဝင်းမင်းသန်းကိုတွေ့မြင်ခဲ့ရာကနေသူ့မိတ်ဆွေအတွက် အထောက်အကူ ဖြစ်လိုဖြစ်ငြား ဝင်းမင်းသန်းကိုခွင့်တောင်းပြီးတော့ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့မိတ်ဆွေ ရောဘတ်ဆီကို ဓာတ်ပုံလှမ်းပို့ပေးခဲ့ပါတယ်။

ဒီအခါမှာတော့ ဒါရိုက်တာ ရောဘတ်ဟာ အား ရဝမ်းသာနဲ့ပဲဝင်းမင်းသန်းကို မင်းသမီးအဖြစ် သရုပ် ဆောင်ပေးဖို့ အပူကပ်ခဲ့ပါတော့တယ်။ဖခင်ဖြစ်သူရဲ့ မိတ်ဆွေတွေဖြစ်နေတာကတစ်ကြောင်း၊ ဒါရိုက် တာရဲ့ အပူကပ်မှုတွေကတစ်ကြောင်း၊ နောက်ဆုံးမှာတော့

ဝင်းမင်းသန်းဟာ မင်းသမီးအဖြစ် သရုပ် ဆောင်ဖို့ကို သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဝင်းမင်းသန်းဟာ နောင်တစ်ချိန်မှာ ကမ္ဘာတစ်လွှား လူကြိုက်များ အောင်မြင်လာမယ့် Purple Plain ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ Audition ဝင်စရာ မလိုဘဲ ခေါင်းဆောင်မင်းသမီး ဖြစ်လာခဲ့ပါတော့တယ်။

သူမဟာ Purple Plain ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ကျောင်းဆရာမလေး Anna အဖြစ်နာမည်ကျော် မင်းသားကြီး Gregory Peck နဲ့အတူ တွဲဖက်သရုပ် ဆောင်ခဲ့ပါတယ်။ သိရီလင်္ကာနိုင်ငံမှာ ၃လ၊ လန်ဒန်မြို့မှာ ၃လ စုစုပေါင်း ရိုက် ကူးချိန် ၆လ ခန့် ကြာမြင့်ခဲ့ပါတယ်။

သူမရဲ့ တောင်းဆိုမှုကြောင့် ခင်ပွန်းဖြစ်သူဟာ ဇာတ် ကားရိုက်ကူးနေစဥ် ကာလတစ်လျှောက်လုံး သူမရဲ့အနားမှာ အရိပ်တကြည့်ကြည့်နဲ့ လိုက်ပါစောင့် ရှောက်ပေးခဲ့ရပါတယ်။ ဇာတ်ကားရိုက်ကူးချိန်မှာတော့သူမဟာမြန်မာပြည်ကို ပြန်လာခဲ့ပေမယ့်လည်း

၆လ ခန့်အကြာမှာတော့ ဇာတ်ကားအရောင်းမြှင့်တင်ရေးအတွက် ဂျေအာသာရင့် ရုပ်ရှင်ကုမ္ပဏီက တောင်းဆိုခဲ့တဲ့အတွက် သူမဟာ လန်ဒန်မြို့နဲ့ အမေရိကန်တစ်ခွင်ကို လှည့်လည်လိုက်ပါခဲ့ရပါတယ်။
ရုပ်ရှင်ကားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ အားလုံးပြီးဆုံးသွားချိန်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူရှိတဲ့ဂျပန်နိုင်ငံကို သွား ရောက်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၅၆ ခုနှစ်မှာတော့ သူတို့နှစ်ဦးအတွက် သားဦးဖြစ်တဲ့ အာကာစင်္ကြာကို မွေးဖွားခဲ့ပါတယ်။

ဝင်းမင်းသန်းဟာ သူမရဲ့ ရင်သွေးတစ်ဦးတည်းကိုသာမကဘဲ ခင်ပွန်းဖြစ်သူရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ကလေးတွေကိုလည်း သားသမီးရင်းချာတွေပမာ ပြုစုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

ဝင်းမင်းသန်းပါဝင်ရိုက်ကူးခဲ့တဲ့ Purple Plain ဇာတ်ကားဟာ ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ မူရင်းဝတ္ထုထဲမှာတော့ မင်းသမီးဖြစ်သူဟာ မပေါ့တပေါ် ပုံစံမျိုးနဲ့ ရေချိုးတဲ့ အခန်းတွေ တော်တော်များများပါရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝင်းမင်းသန်းဟာ ဣန္ဒြေကြီးလှတဲ့ မြန်မာအမျိုးသမီးပီပီ ခေါင်းမာစွာနဲ့ပဲ ဒီလိုဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

Purple Plain ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးတဲ့နောက်မှာတော့ Hollywood ရုပ်ရှင် ကုမ္ပဏီ တော်တော်များများက ကမ်းလှမ်းလာတာမျိုးတွေ ရှိခဲ့ပေမယ့်လည်း

သူမဟာ အမေရိကန်ရုပ်ရှင်လောကကို မနှစ်သက်တဲ့အပြင် မြန်မာ့ယဥ်ကျေးမှုနဲ့ သွေဖယ်တဲ့ အပြုအမူတွေ ပါဝင်တာကြောင့် ရုပ်ရှင်ကားတွေ ဆက်လက်ရိုက်ကူးခဲ့ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ Purple Plain ရုပ်ရှင်ကားတစ်ကားကိုသာ ရိုက်ကူးခဲ့ပြီး ကမ္ဘာကျော်ခဲ့သူဖြစ်ပါတယ်။

ဝင်းမင်းသန်းရဲ့ ခင်ပွန်းဖြစ်သူဟာ ဗမာ့လေကြောင်းပို့ဆောင်ရေးမှာလေကြောင်း ကုမ္ပဏီနဲ့ သီရိလင်္ကာနိုင်ငံမှာ ကုမ္ပဏီတွေ တည်ထောင်ခဲ့ပြီး စီးပွားရေးမှာ အ တော်လေးအောင်မြင်ခဲ့ပါတယ်။သူမရဲ့အိမ်ထောင် ရေးဟာလည်း မပူမပင် မကြောင့်ရဘဲ ပျော်ရွှင်ချမ်းမြေ့ခဲ့ပါတယ်။

ဒါပေမယ့်လည်း ခင်ပွန်းဖြစ်သူရဲ့ လုပ် ငန်းတွေဟာ ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ၇က်နေ့၊ တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာတော့ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူ ဗိုလ်စင်္ကြာဟာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်လို့မရတဲ့ အခြေနေတွေရှိခဲ့တာကြောင့် ၁၉၆၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ အစိုးရ သူပုန်ဘဝနဲ့ပဲ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ နှလုံးရောဂါနဲ့ ထိုင်းနိုင်ငံမှာပဲ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ ခင် ပွန်းဖြစ်သူ ကွယ်လွန်ပြီးကတည်းက ဝင်းမင်းသန်းဟာ သားဖြစ်သူနဲ့အတူ သြစတေးလျနိုင်ငံမှာ ပြောင်းရွှေ့အခြေချခဲ့ပြီး သြစတေးလျနိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။

ဘာပဲပြောပြော ရုပ်ရှင်ကားတစ်ကားတည်း ရိုက်ကူးပြီး သူမရဲ့ ဣန္ဒြေနဲ့ သိက္ခာစောင့်ထိန်းမှုတွေကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ဝင်းမင်းသန်းကတော့ မြန်မာ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးအဖြစ် ယနေ့တိုင် ကဗ္ဗည်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

Credit – Original

Unicode