ဗုဒ္ဓဟူးသားသမီး
စီးပွားရေးမှာ ကြိုးစားအားထုတ်သလောက်၊ ကံရှိသလောက်အဆင်ပြေအောင်မြင်နေပါမယ်။
စီးပွားရေး အဆင်ပြေနေသလောက် တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ နေ နေရတတ်ပါတယ်။ အလုပ်၊ ဝန်ထမ်းများတာဝန် တွေပိနေတတ်တယ်။
လူငယ်များကိုယ်လုပ်ချင်တာတခြား မိဘကလုပ်စေချင်တာ တစ်မျိုးမို့ စိတ်ညစ်နေရတတ်ပါတယ်။ဆယ်ကျော်သက် လူငယ်များ အနေနဲ့ လူပေါင်းမှားတတ်ပါတယ်။
အပေါင်းသင်း၊ငွေကြေး၊ နောက်လိုက်ပြီး မလုပ်သင့်တာတွေလုပ်မိလို့ကတော့ ပြဿနာ တွေတန်းစီပါလာတတ်ပါတယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများအနေနဲ့ကတော့ အလွန်ဆိုးရွားတဲ့ ပြဿနာမျိုးမရှိပါဘူး။
ငွေဝင်များနေသလို စုတ်ကော၊ လာဘ်ပါ ကောင်းနေချိန်မို့ ပျော်ရွှင်ရပါမယ်။ရသမျှငွေကြေးကို သိုသိုသိပ်သိပ် ချွေချွေတာတာလေး သုံးစွဲဖို့လဲ အကြံပြုလိုက်ပါရစေ။
အချစ်ရေးမှာ ဆယ်ကျော်သက် မိန်းမငယ်လေးများ စန်းအလွန်ပွင့်တဲ့ အချိန်ပါပဲ။ ချစ်သူမရှိသေးသောသူများ၊ အရမ်းကို စန်းပွင့်ပြီး ကိုယ့်အပေါ် Crushနေတဲ့သူတွေ များနေပါမယ်။
LDRS များအချစ်ရေးမှာ ၃ပွင့်ဆိုင် ဇာတ်လမ်းလေးတွေ ပေါ်လာတတ်ပါတယ်။ LGBT များအနေနဲ့ အိုကေမှာ စိုပြေလျက်ပါပဲ။
ဒီကာလဟာ မိသားစုအတွင်းရေး အဖျက်ဝင်တတ်တဲ့အတွက် အိမ်ထောင်ရှင်ခင်ပွန်းများ မိသားစုအပေါ် အချိန်ပေးဂရုစိုက်သင့်သလို အိမ်ထောင်ရှင်မများအနေနဲ့လဲ အိမ်ထောင်ဖက်အပေါ် ဂရုစိုက်ပေးဖို့လိုပါတယ်။
ကျန်းမာရေး မှာ အအေးမိတာ၊ အပူရှပ်တာမျိုးတွေကြုံရတတ်ပါတယ်။ လူငယ်များ အပြင်ခရီးသွားရင် လက်နက်နဲ့ယာဉ်၊ စက်တွေနဲ့ ပတ်သက်ပြီး အန္တရာယ်တွေရှိနိုင်တာမို့ အပြင်သွားတဲ့အခါ အနီရာင်၊ အနက်ရောင် ဝတ်ပြီးသွားတာမျိုးရှောင်ပါ။
ကံအထောက်ပံ့
ကံအထောက်ပံ့ကောင်းများ ရရှိစေဖို့ အစိမ်းရာင်၊ ရွှေအိုရောင် များများပါတဲ့အဝတ်စားများကိုဝတ်ပေးပါ။
အိမ်ဘုရားမှာ ဗုဒ္ဓဟူးနေ့ မနက်၉:၃၀-၁၀နာရီအတွင်း ကိတ်မုန့် ၂ချပ် + လက်ဖက်ရည် လှူပေးပါ။
ကံကောင်းစေတဲ့ ဂဏန်းကတော့ 5/2/1ဖြစ်ပါတယ်။
ယတြာ
ဗုဒ္ဓဟူးနေ့ တိုင်း စာကလေး၊ ခိုကလေး၊ ကျီးကန်း စတဲ့ငှက်ကလေးများကို အစာကျွေးပြီး အိမ်ဘုရားမှာ အုန်းပေါင်မုန့်လေး လှူပေးပါ။
ဆရာဒေဝမင်းထက် ဗေဒင်နှင့်ယတြcredit