News

လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သရုပ်​ဆောင် လွင်မိုးရဲ့ အစ်ကို….seemore

သရုပ်ဆောင်လွင်မိုးရဲ့ အစ်ကို ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒါရိုက်တာမောင်သီဟာ မနေ့ မေလ ၆ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်

ဒါရိုက်တာမောင်သီ အသုံးပြုနေတဲ့ UThi Facebook အကောင့်မှတဆင့် လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်

စမ်းချောင်းမြို့နယ်နေ ဦးသန်းလွင်(ခ)ဒါရိုက်တာမောင်သီကို မနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ကနေရာတစ်ခုမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်

လက်တလော ဒါရိုက်တာမောင်သီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ သိရပါတယ်

Source – AKonThi



