News

မိုးလေဝသပညာရှင် မစုစုစံရဲ့ ယနေ့အတွက် ခန့်မှန်းချက်

07/05/2022 အချိန်မှ နောက်၂၄နာရီအတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း

မန္တလေးတိုင်း မကွေးတိုင်း ရခိုင်ပြည်နယ်ချင်းပြည်နယ်တွေမှာမိုးရွာနိုင်ပါတယ် နောက်၂ရက်အတွင်း ရခိုင်ပြည်နယ်မကွေးတိုင်းစစ်ကိုင်းတိုင်းဒေသတွေမှာ မိုးရွာလာနိုင်ပါတယ်။

ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းဒေသတွေမှာမိုးရွာနိုင်ပြီး မေလ ၉ရက်နေ့မှ ၁၄ရက်နေ့အတွင်း အထက်မြန်မာနိုင်ငံဒေသတွေဖြစ်တဲ့ မကွေးတိုင်း မန္တလေးတိုင်း

စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် ချင်းပြည်နယ် ကချင်ပြည်နယ် ရှမ်းပြည်နယ်တွေမှာမိုးရွာနိုင်ကာ မေလ ၉ရက်နေ့မှ ၁၁ရက်နေ့အတွင်း မကွေးတိုင် စစ်ကိုင်းတိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။

92B Invest လေဖိအားနည်းရပ်ဝန်းသည်နောက် ၃ နာရီအတွင်း Deep Depression (DD) မုန်တိုင်းငယ်အဆင့်သို့ အားကောင်းလာနိုင်ပါတယ်။

07/05/2022 ရက်နေ့ မြန်မာနိုင်ငံပိုင် ကိုကိုကျွန်း မိုးကြီးလေထန်မည် 🌧🌧🌧 ရေလှိုင်းအမြင့် ၉ ပေ မှ ၁၂ပေ အထိရှိနိုင်ပါတယ် တစ်နာရီလေတိုက်နှုန်း မိုင် ၄ဝတိုက်ခတ်နိုင်ပြီး လေထန်ချိန်(ဆောက်တိုက်လေ) တစ်နာရီ ၅၆မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

မိုးနည်းရပ်ဝန်းအတွက် ကဆုန်မိုး ⛈⛈

၂၀၂၂ မေလ ၁ဝရက်နေ့တွင် သရက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ပခုက္ကူခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ပြင်ဦးလွင်ခရိုင် စစ်ကိုင်းခရိုင် ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ် ။တောင်ကျရေများသတိပြုပါ။

ရှမ်းပြည်မြောက်ပိုင်း သဘာဝရေထွက်တွေနဲ့ စိမ်းလန်းစိုပြေသွား​စေမည့်မိုး

၂၀၂၂ မေလ ၉ရက်နေ့မှ ၁၃ရက်နေ့အတွင်း ကျောက်မဲခရိုင် လားရှိုးခရိုင် လောက်ကိုင်ခရိုင် မူဆယ်ခရိုင်တွေမှာ မိုးများစွာရွာသွန်းကာ စိမ်းလန်းစိုပြေသွားစေပါလိမ့်မယ် ။

၂၀၂၂ မေလ ၇ ရက်နေ့မှ ၁၅ရက်နေ့အတွင်း

ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ် စပါးစိုက်ပျိုးသူများအတွက်ပျိုးကြဲရန် အခွင့်ကောင်းတွေရရှိနိုင်ပါတယ် ။ ဆားလုပ်ငန်း အုတ်လုပ်ငန်း ရာဘာခြစ်တောင်သူများကတော့ ပျက်စီးမှုမရှိအောင်လုပ်ငန်းများရပ်နားရမည့်အချိန်ကိုရောက်ရှိသွားစေပါတယ်။











