မင်းအောင်လှိုင်ရဲ့ အင်လျားလမ်းအိမ်ရောင်းချမှု ၄၈နာရီအတွင်းမှာပဲ……seemore
အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့်ရယူထားတဲ့ ၁၄/အင်းယားလမ်းနေအိမ်ကို မေလ ၅ ရက်နေ့မှာ
အစုရှယ်ယာအဖြစ် စတင်ရောင်းချခဲ့ရာ ၄၈ နာရီအတွင်း ဒေါ်လာ ၁ သန်းထိ ရောင်းချခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
“စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင်
တော်လှန်ပြည်သူတွေရဲ့ စိတ်ခွန်အားနဲ့ ပြင်းပြတဲ့အာသီသကို ဖော်ညွှန်းထင်ဟပ်စေပါတယ်” လို့ ၎င်းက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို အသိပေးလိုက်ပါတယ်။
လက်ကျန်အစုရှယ်ယာ ၉၀၀၀၀ သာ ကျန်ရှိတော့တဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်တိုအတွင်း ဒေါ်လာ ၁၀ သန်း ပြည့်မီစေဖို့ အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြဖို့ကိုလည်း ဝန်ကြီးက ပြည်သူတွေကို တိုက်တွန်းထားပါ သေးတယ်။
အကြမ်းဖက် ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့်ရယူထားတဲ့ ၁၄/အင်းယားလမ်းအိမ်ဟာ ကာလပေါက်စျေးနဲ့ဆိုရင် ကန်ဒေါ်လာ ၁၀ သန်းရှိတာဖြစ်ပါတယ်။
ဒါကို ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ ကန်ဒေါ်လာ ၁၀ သန်းနဲ့ အစုရှယ်ယာတစ်စုကို ဒေါ်လာ ၁၀၀ နဲ့ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချဖို့ NUG ကကြေညာခဲ့တာဖြစ်ပါတယ်။
အခုလိုရောင်းချရတာဟာ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်တယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားထားပါတယ်။
လင်းလင်း
Unicode