လက်သည်းခွံရဲ့ အရောင်လေးတွေကနေ ပြောပြနေတဲ့ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး
တစ်ခါတရံမှာ လက်သည်းရဲ့ အရောင်ကနေ ကျန်းမာရေး အခြေအနေကို သိနိုင်ပါတယ်။ လက်သည်းအရောင်တွေက ရုတ်တရက် ပြောင်းသွားတာကို သတိထားမိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဲဒါကြောင့် လက်သည်းအရောင်ကနေ ကျန်းမာရေး အခြေအနေကို ဘယ်လိုသိနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ကျန်းမာတဲ့လက်သည်းရဲ့ပုံစံ
– ကျန်းမာတဲ့လက်သည်းမှာ အစင်းကြောင်းတွေမရှိဘဲ ပြောင်ရှင်းနေပါတယ်။
– လက်သည်းခွံလေးတွေက တစ်ညီတစ်ညာတည်း ပန်းရောင်သန်းနေတတ်ပါတယ်။
– လက်သည်းခွံတွေပေါ်မှာ အရောင်မညီတာ၊ အရောင်ထင်းနေတာမျိုးလည်း မရှိပါဘူး။
– လက်သည်းခွံရဲ့ အောက်ခြေမှာ လခြမ်းပုံစံလေး ရှိပါတယ်။
တစ်ခါတရံ ဒဏ်ရာတစ်ခုခုကြောင့် လက်သည်းခွံပေါ်မှာ အဖြူဆံလေး ရှိနေတတ်ပါတယ်။ လက်သည်းရှည်လာရင် အဲဒီအဖြူဆံလေးက ပျောက်သွားတတ်တာကြောင့် စိတ်ပူစရာမရှိပါဘူး။
– လက်သည်းလေးတွေက ရုတ်တရက် အရောင်ပြောင်းသွားပြီး အမည်းရောင် အစင်းကြောင်းတွေ ပေါ်လာတဲ့အခါ၊
– လက်သည်းနဲ့ အရေပြားက သီးခြားစီ ဖြစ်လာတဲ့အခါ၊
– လက်သည်းတစ်ဝိုက်မှာ ရောင်နေတဲ့အခါ၊ သွေးထွက်လာတဲ့အခါ၊
– လက်သည်းတွေက ပိုထူလာတဲ့အခါ သို့မဟုတ် ပိုပါးလာတဲ့အခါ
– လက်သည်းအောက်မှာ မှိုတွေဖြစ်လာတဲ့အခါ၊
– လက်သည်းက ပိုပြီးကျိုးလွယ်လာတဲ့ အခါတွေမှာတော့ ဂရုပြုသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ပါ ပြသသင့်ပါတယ်။
လက်သည်းအရောင်
အဝါရောင်လက်သည်း
လက်သည်းပေါ်မှာ အဝါရောင်အစက်အပြောက် သို့မဟုတ် လက်သည်းတစ်ခုလုံးက အဝါရောင်ဖြစ်နေရင် လက်သည်းမှာ မှိုဝင်နေကြောင်း ဖော်ပြတဲ့ လက္ခဏာပါပဲ။ လက်သည်းဝါပြီး နောက်ပိုင်းမှာ ကျွတ်ဆတ်ပြီး ကျိုးလွယ်လာပါတယ်။ ဒါ့အပြင် အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ သိုင်းရွိက်မှာ ပြဿနာရှိသူတွေမှာလည်း လက်သည်းအဝါရောင် ဖြစ်ပေါ်တတ်ပါတယ်။ ဆေးဆိုးလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း လက်သည်းအဝါရောင် ရှိတတ်ပါတယ်။
အဖြူရောင်လက်သည်း
လက်သည်းက အဖြူရောင်ဖြစ်နေပြီး လက်သည်းအောက်ခြေမှာ လခြမ်းပုံ မရှိဘူးဆိုရင် လက်သည်းကို သွေးရောက်မှု အားနည်းနေတာပါ။ ပြီးတော့ အသည်း၊ ကျောက်ကပ်၊ ဆီးချို၊ နှလုံးရောဂါရှိသူတွေမှာလည်း လက်သည်းအဖြူရောင် ရှိတတ်ပါတယ်။
အနီရောင်လက်သည်း
အနီရောင်လက်သည်းကတော့ နှလုံးနဲ့ပတ်သက်ပြီး ပြဿနာရှိကြောင်း ဖော်ပြနေတာပါ။ လက်သည်းအောက်ခြေက လခြမ်းလေးလည်း နီနေမယ်ဆိုရင် အဆစ်ရောင်နာကို ခံစားရတာ ဖြစ်နိုင်ပါတယ်။
အစိမ်းရောင်လက်သည်း
လက်သည်းတစ်ခုလုံး အစိမ်းရောင်ဖြစ်နေတာတော့ ဘက်တီးရီးယားပိုး ဝင်နေတာပါ။ လက်သည်းက တစ်စိတ်တစ်ပိုင်း စိမ်းနေတာဖြစ်နိုင်သလို လက်သည်းတစ်ခုလုံး စိမ်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဓာတုဒြပ်ပေါင်းတွေနဲ့ ထိတွေ့ပါများရင်လည်း လက်သည်းက အစိမ်းရောင် ဖြစ်သွားတတ်ပါတယ်။
အပြာရောင်လက်သည်း
အေးစက်တဲ့အရာတွေနဲ့ ထိတွေ့ပါများတဲ့အခါ လက်သည်းအရောင်က အပြာရောင်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့အပြင် သွေးထဲမှာ အောက်ဆီဂျင်နည်းပါးရင်လည်း အပြာရောင်လက်သည်း ဖြစ်လာပါတယ်။ အချိန်ကြာရှည်စွာ လက်သည်းက အပြာရောင်ဖြစ်နေရင် အဆုတ် သို့မဟုတ် နှလုံးမှာ ပြဿနာ ရှိနေနိုင်ပါတယ်။ လက်သည်းအောက်ခြေက လခြမ်းလေးက အပြာရင့်ရောင်ဖြစ်နေရင် ခန္ဓာကိုယ်ထဲမှာ အဆိပ်ပျံ့နှံ့ကြောင်း ဖော်ပြတဲ့လက္ခဏာပါပဲ။
လက်သည်းပေါ်မှာ အခြားပြောင်းလဲလာသော အရာများ
လက်သည်းဆိုးဆေးတွေနဲ့ ဓာတ်မတည့်ရင် လက်သည်းက ဟနေတတ်ပါတယ်။ ပိုးဝင်တာကြောင့် ဖြစ်တတ်သလို သိုင်းရွိုက်မှာ ပြဿနာရှိနေတဲ့အခါတွေမှာ လက်သည်းက ဟနေတတ်ပါတယ်။
လက်သည်းပေါ်မှာ အနက်ရောင် အစင်းကြောင်းကြီးပေါ်နေရင် အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်ခုခု ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတာကြောင့် ဆရာဝန်နဲ့ ခပ်မြန်မြန် ပြသသင့်ပါတယ်။
အရေပြားလေးဖက်နာ၊ နှင်းခူနာ၊ ဆံပင်အကွက်လိုက် ကျွတ်တာတွေ ဖြစ်နေတဲ့အခါ လက်သည်းပေါ်မှာ ချိုင့်ခွက်လေးတွေ ဖြစ်လာတတ်ပါတယ်။
လက်သည်းပေါ်မှာ ကန့်လန့်ဖြတ်အစင်းကြောင်းကြီး ပေါ်နေတာကို Beau’s lines လို့ခေါ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ၊ လက်သည်းမှာ ထိခိုက်မှုရှိတဲ့အခါမှာ ပေါ်လာတတ်ပါတယ်။
လက်သည်းရဲ့အပေါ်ပိုင်းအစွန်းမှာ အဝိုင်းလိုက်ကြီး ကွက်နေရင် ခန္ဓာကိုယ်မှာ သံဓာတ်လိုအပ်ကြောင်း ဖော်ပြနေတာပါ။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ရှိရင်လည်း ပေါ်လာပါတယ်။
လက်သည်းဆိုးဆေးတွေနဲ့ မတည့်တဲ့အခါ ဒေါင်လိုက်အဖြူမျဉ်းတွေကို လက်သည်းပေါ်မှာ ဖြစ်ပေါ်လာပါတယ်။ အသက်ကြီးသူတွေမှာလည်း ဒီလိုလက္ခဏာ ပြတတ်ပါတယ်။
လက်သည်းပေါ်မှာ အဖြူရောင် အစက်အပြောက်လေးတွေ ရှိနေရင် ခန္ဓာကိုယ်မှာ ဇင့်၊ ကယ်လ်ဆီယမ်၊ ပရိုတိန်း လိုအပ်နေတာပါ။ ဒါ့အပြင် ကျောက်ကပ် သို့မဟုတ် အသည်းမှာ ပြဿနာရှိတဲ့အခါမှာလည်း လက်သည်းပေါ်မှာ အဖြူရောင် အစက်အပြောက်လေး ပေါ်လာပါတယ်။
Zombie (lovemedia)
Unicode