နေပြည်တော်တွင် ယခုလအတွင်း အောင်မြင်သည့်လှုပ်ရှားမှုများ မြင်တွေ့ရတော့မည်ဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇကပြောသည်။
ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ သည် အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးခြေကုပ်နေရာဖြစ်သည့် နေပြည်တော် အခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဖောက်ခွဲတိုက်ခိုက်သည့် လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်တေဇက ပြောသည်။
လတ်တလောလှုပ်ရှားမှုတွေရှိတယ်။ချပြဖို့အဆင်မပြေသေးလို့ အသိမခံချင်သေးတာပါဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက ရှင်းပြသည်။
နေပြည်တော်အခြေစိုက် ဖီးနစ်ပြောက်ကျားတပ်ဖွဲ့အနေနှင့် လက်လုပ် သ နတ်နှင့် မိုင်းများကို ကိုယ်တိုင်ပြုလုပ်နေရပြီး ၄၀မမ ဗုံး သီးနှင့် အ မြှောက် ဆံထည့်သည့် လောင်ချာငယ်ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် ထုတ်လုပ်မှုတွင် မတော်တဆမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။
လက် လုပ် မိုင်း ပြုလုပ်ရင်း ဖီးနစ်ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ယက္ခလက်ဖဝါးကွဲကြေသွားကြောင်းနှင့် ဆေးကုသမှုခံယူနေပြီး သက်သာကြောင်း ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက ရှင်းပြသည်။
ငွေကြေးမပြည့်စုံလို့ ချို့ချို့တဲ့တဲ့ ခြိုးခြံချွေတာပြီး စမ်းသပ်နေရတဲ့ဘဝဆိုတော့အောင်မြင်မှုရဖို့အတွက် အသက်တွေပါရင်းပြီးကြိုးစားနေရပါတယ်။အောင်မြင်သွားရင်လဲရလာမဲ့အကြိုးဆက်က တော်လှန်ရေးအတွက်ဘယ်လောက်တောင်အကျိုးရှိလာမလဲ။စဉ်းစားရင်းအချိန်ကုန်မခံကြပါနဲ့ကျည်ဆံဆိုတာ ဝယ်လို့လွယ်တဲ့အရာမဟုတ်ဘူး။ကျွန်တော်တို့အသက်တွေရင်းပြီးကြိုးစားနေပါတယ်ဟု ဖီးနစ်မြို့ပြပြောက်ကြား အဖွဲ့ ဗိုလ်တေဇကရှင်းပြသည်။
လက်ရှိမှာ နေပြည်တော်အခြေစိုက်ဖီးနစ်အနေနှင့် ထောက်ပံ့မှုများစွာလိုအပ်နေပြီး လှုပ်ရှားမှုများလုပ်ဆောင်နိုင်ရေးအတွက် လက်နက်တပ်ဆင်ရေး အခန်းကဏ္ဍသည်အဓိကဖြစ်တာကြောင့် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးကြရန် ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက တောင်းဆိုခဲ့သည်။
နေပြည်တော်က တခြားမြို့တွေလိုမဟုတ်တော့ လှုပ်ရခက်တယ်။နောက်တစ်ခု ထောက်ပံ့မှုမရှိဘူး။တစ်လကို နှစ်သိန်း၊သုံးသိန်းနဲ့တောင့်ခံနေရတာ။လှုပ်ရှားမှုဆိုတာထက် လက်နက်တပ်ဆင်ရေးကိုဦးစားပေးနေတယ်ဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်နှင်းမောင်ကပြောသည်။
ပြီးခဲ့သည့် မေလ ၇ရကျနေ့က မောင်းပြန်သ နတ် နှစ်လက်နှင့် ယမ်းထောင်းလက်နက် ၁၈ခု ထပ်မံတပ်ဆင်နိုင်ခဲ့ပြီး ပြည်သူများလှူဒါန်းမှုများပြုလုပ်ပါက လက်နက်အပြည့်အဝတပ်ဆင်နိုင်ပြီး ဝမ်းသာစရာသတင်းများဆောင်ယူပေးနိုင်ကြောင်း ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ ကတိပြုခဲ့သည်။
Photo – MPA