ပြည်တွင်းသတင်း

ဒို့ပြည်သူတွေ ညီချက် တစ်ဦးက မေတ္တာ တစ်ဦးက စေတနာစိတ် အပြည့်အဝနဲ့ ကူညီပေးနေတာတွေ ဖတ်ကြည့်ပြီး ဝမ်းသာပီတိ မဆုံးဖြစ်ရပါတယ်

ဒို့ပြည်သူတွေ ညီချက် တစ်ဦးက မေတ္တာ တစ်ဦးက စေတနာစိတ် အပြည့်အဝနဲ့ ကူညီပေးနေတာတွေ ဖတ်ကြည့်ပြီး ဝမ်းသာပီတိ မဆုံးဖြစ်ရပါတယ်

ပြန်လွတ်လာတဲ့ကျောင်းသားလေးတွေ အိမ်ပြန်ဖို့ပိုက်ဆံမရှိကြလို့ ဝမ်းသာအားရနဲ့ အခမဲ့ကူညီပေးကြတဲ့ ပြည်သူများ

လတ်တလော အခြေအနေမှာ ဆိုရင် ပညာတတ်လူငယ်လေးတွေ အများအပြားလည်း ဖမ်းဆီးထိန်းသိမ်း ခံနေရတာဖြစ်လို့  ပြည်သူ လူထု အနေနဲ့ speak out များများ လုပ်ပေး နေကြတာ ဖြစ်ပါတယ်။

မိမိရဲ့ အိမ်မှာ ဆိုရင် ပြည့်ပြည့်စုံစုံ နေထိုင်ရတဲ့ လူငယ် လေးတွေ ကတော့ ချုပ်နှောင် ခံထားရချိန်မှာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့ နေရတာပဲ ဖြစ်ပါတယ်။တချို့လူငယ်လေးတွေ ဆိုရင် ထောင်ဒဏ် ချမှတ်ခံလိုက်ရပြီဖြစ်ပြီး

တချို့တွေ ကတော့ မိဘရဲ့ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိ နေကြပြီ ဖြစ်ပါ တယ်။ မကြာသေးခင်ရက်ပိုင်းက ဆိုရင်လည်း တာမွေ ရဲစခန်းရှေ့မှာ ကျောင်းသားလေးတွေကို ပြန်လွှတ်ပေးတဲ့ကားကြီးတွေ ရောက်ရှိ လာခဲ့ ပါတယ်။

လူငယ် လေးတွေခမျာ အိမ်ပြန်ဖို့ အတွက် ပိုက်ဆံမရှိကြလို့ အခက်အခဲ တွေ့နေရတာပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့် တာမွေ ပြည်သူ့ ကွန်ယက် ဂရုကနေ အဲ့ဒီအကြောင်းကို တင်လိုက်တော့

အိမ်စီးကားတွေနဲ့ Taxi တွေ ချက်ချင်း ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ စေတနာရှင် ပြည်သူတွေက တော့ ကလေးတွေရဲ့ အိမ်ရှေ့အထိ အခမဲ့ လိုက်ပို့ပေးခဲ့ကြတာ ဖြစ်ပါ တယ်။ လိုက်ပို့ ပေးတဲ့ စေတနာရှင် တွေကို ပြန်လွတ်လာတဲ့

လူငယ်တွေကလည်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွ ပြောနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စေတနာရှင် ပြည်သူတွေ ကလည်း ကလေးတွေ ပြန်လွတ်လာလို့ ဝမ်းသာကြောင်း တွေပြောရင်း

နေကောင်းကြလား ဘာစားချင်သေးလဲ” ဝယ်ကျွေးချင်လို့ပါ ဆိုပြီး စေတနာတွေ ပိုနေကြတာဖြစ်ပါတယ်။ အခုလိုမျိုး ပြည်သူတွေက အပြန်အလှန် မေတ္တာထားပြီး

ဘယ်အချိန် မဆို ကူညီဖို့ အဆင်သင့်ရှိနေကြတဲ့ အကြောင်းလေးကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ c r d