News

ပုသိမ်မြို့နယ် ဖြစ်သွားတဲ့ အသက်၉နှစ်အရွယ် ကလေးတစ်ဦးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်…..

ငွေဆောင်အလှပြ ဆင်စခန်းမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး ဆင်နင်းခံရပြီးသေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ အလှပြဆင်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က အသက် ၉ နှစ် အရွယ် ကလေးတဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သဇင်ကျေးရွာအုပ်စု ရေသိုးကျေးရွာမှာရှိတဲ့ အလှပြဆင်စခန်းမှာ ဆင်ဦးစီး ဦးဖာရဲ့သား အသက် ၉ နှစ်အရွယ် မောင်ဂျိမ်းမှာ ညနေပိုင်း ချောင်းထဲရေခပ်သွားချိန်မှာ ဆင်နင်းခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရေသိုးကျေးရွာအနီးက တောထဲမှာ မကြာခဏဆိုသလို တောဆင်ရိုင်းတွေ လှည့်လည်အစာရှာလေ့ရှိပြီး ကလေးတယောက်တည်း သွားတဲ့အချိန်မှာ အနင်းခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ မကြာခဏဆိုသလို တော ဆင်ရိုင်းတွေ အသတ်ခံရလေ့ရှိပြီး တနှစ်ကို အနည်းဆုံး ဆင်နင်းခံရလို့ ၂ ဦးသေဆုံးလေ့ရှိတယ်လို့ သစ်တော ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။

#AKonThi #ဆင်ရိုင်း #ငွေဆောင်အလှပြဆင်စခန်း

#Ayeyarwaddy_Times

Unicode