News

နောက် ၂၄ နာရီအတွင်း လေ၊ မိုး၊ လျှပ်စီးမိုးကြိုး ရှယ်ဝုန်းတော့မယ့် ဒေသများ

သုံးခွ တံတား သီလဝါ သံလျှင် ဒလ ဆိပ်ကြီးခနောင်တို ရန်ကုန် 09/05/2022 မနက် လေမိုးလျှပ်စီးမိုးကြိုးမိုး 🌧🌧🌧

နောက်၂၄နာရီအတွင်း နွားထိုးကြီး ငါန်းဇွန် မြင်းမူ အုန်းတော ကျော်ဇေယျာ ဆားတောင် လှတော ဝက်လက် ရွှေဘို ရေဦး ခင်ဦး ကာဘိုး တန့်ဆည် ကန်ထူးမ ဇီးကုန်း တကောင်း

သပိတ်ကျင်း ပြင်ဦးလွင် ဝက်ဝံ အနီးစခန်း အုန်းချော ပုသိမ်ကြီး မတ္တရာ မန္တလေး အမရပူရ စစ်ကိုင်း အင်းဝ တံတားဦး မြို့သာ ပုလိပ် မြစ်ငယ် ကျောက်ဆည် ဒေသများတွင်မိုးရွာနိုင်ပါတယ်။

09/05/2022 ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် မကွေးတိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ် မုန်တိုင်းအန္တရာယ်မရှိပါ။

မေ ၁၁ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း နေပြည်တော်ဒေသတွေမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။

၂၀၂၂မေလ ၉ရက်နေ့ ၁ဝရက်နေ့၁၁ရက်နေ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ မုန်တိုင်းမိုးတွေရရှိနိုင်ပါတယ် မုန်တိုင်းအန္တရာယ်မရှိပါဘူး။

၂၀၂၂ မေလ ၁ဝရက်နေ့မှ ၁၄ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး မေလ ၁၄ရက်နေ့ကချင်ပြည်နယ်မိုးကြီးနိုင်ပါတယ်။

စိုက်ကြမယ် ပျိုးကြမယ် 🌾🌾🌾🌾🌾🌧🌧🌧🌧

၂၀၂၂ မေလ ၁ဝရက်နေ့မှ မေလ ၂ဝရက်နေ့အတွင်း မြန်မာနိုင်ငံမှာ အာစနီမုန်တိုင်းမှ မုတ်သုန်ကြိုမိုးတွေရွာသွန်းနိုင်ပြီး မေလ ၂ဝရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း

မုတ်သုန်လေသည် မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံရောက်ရှိ သွားနိုင်သဖြင့် မိုးဆက်သွားနိုင်ပြီး မိုးပြတ်တောက်သွားနိုင်တဲ့ အလားအလာမရှိသဖြင့် စပါးစိုက်ပျိုးကြတဲ့တောင်သူလယ်သမားများအတွက် မဟာအထူးအခွင့်အရေးကြီးပဲဖြစ်ပါတော့တယ် ။

၂၀၂၂ အောက်တိုဘာလတွင် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်း၃လုံးဖြစ်နိုင်သဖြင့် နောက်မိုးကောင်းမည့်အလားအလာရှိနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။


















