News

အိန္ဒိယ မှာအားကောင်းတဲ့မုန်တိုင်း အာစန်နီ ရဲ့ အပြန်လမ်းမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး……seemore

လက်ရှိအချိန်မှာ အိန္ဒိယကမ်းရိုးတန်းနားကို ကပ်နေပြီဖြစ်တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Asani (အာစန်နီ) ဟာ အရှေ့မြောက်ဘက်ကို ဖြည်းဖြည်းချင်းပြန်ကွေ့ရင်း
12.5.2022 (နောက်သုံးရက်အကြာမှာ)

လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမှာဖြစ်ပါတယ်။

အဲ့ဒီ အာစန်နီရဲ့ အကြွင်းအကျန် မိုးတိမ်တိုက်တွေဟာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနားမှတဆင့်

ရခိုင်ကမ်းရိုးတန်း နဲ့ ချင်းပြည်နယ်နားကနေ

မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ဆယ်ရက်အတွင်း ( မေလ 10 ရက်နေ့မှ 20 ရက်နေ့ အထိ)

မြန်မာပြည်ရဲ့ နေရာတော်တော်များများမှာ မိုးရေများစွာရရှိနိုင်ပါတယ်။

အထူးသဖြင့်

ရခိုင်ပြည်နယ် ၊

ချင်းပြည်နယ် ၊

စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) ၊

မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) ၊

ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့

ကချင်ပြည်နယ်တွေမှာ

နေရာကွက်ပြီး မိုးကြီးတာတွေရှိနိုင်ပါတယ်။

ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မိုးရွာသွန်းမှုတွေ ရှိပါမယ်။

ဒါကြောင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်

ချောင်းမြောင်းများကို အမှိုက်များဆယ်ယူပြီး ရေစီးရေလာကောင်းအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါကြောင်း အသိပေးအကြံပြုလိုက်ရပါတယ်။

ထူးခြားတဲ့ အပြောင်းအလဲရှိရင်လည်း ထပ်မံတင်ပြပေးပါမယ်။

(အများနားလည်အောင် စကားပြောပုံစံနဲ့ တင်ပြတာဖြစ်လို့ အသုံးအနှုန်းမှားယွင်းတာများပါရင် ချစ်တဲ့စိတ်နဲ့ နားလည်ပေးကြပါ။
သိပြီးသားဆရာများက ကျော်သွားပေးပါ)

အားလုံးပဲ သဘာဝဘေးမှ ကင်းဝေးကြပါစေ…

Source – ECMWF, GFS and Other

BBM TV

Unicode