News

ကယႏ္းလက္ေဝြ႕မယ္ ေဘရာၷီကာက အီရႏ္ၿပိဳငၻကၠိဳ ပထမအခ္ီမြာ အလဲထိုးအႏိုင္ရ

ထိုင္းနိုင္ငံ၊ နခြန္းရာ့ခ်္ဆီမားခရိုင္မွာ ေမလ ၈ ရက္ မေန႔ညက ယွဥ္ၿပိဳင္ထိုးသတ္သြားတဲ့ Thai Fight ေမြထိုင္းလက္ေဝွ႕ ၿပိဳင္ပြဲမွာ ကယန္းက်ားသစ္မယ္လို႔

လူသိမ်ားတဲ့ ျမန္မာနိုင္ငံက ကရင္နီ အမ်ိဳးသမီးလက္ေဝွ႕သမား ဘေရာ္နီကာ Vero V.Rujirawong ၿပိဳင္ဘက္ အီရန္နိုင္ငံသူ Sanaz Feizollan ကို အနိုင္ရသြားခဲ့ပါတယ္။

သုံးခ်ီယွဥ္ၿပိဳင္ထိုးသတ္ရတဲ့ ၿပိဳင္ပြဲမွာ ပထမအခ်ီ စကၠန႔္ပိုင္းအတြင္းမွာပဲ ဘေရာ္နီကာက ၿပိဳင္ဘက္ အီရန္နိုင္ငံသူကို ဘယ္ညာတြဲလုံးေတြနဲ႔ အလဲထိုးအနိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

မေန႔ညက ယွဥ္ၿပိဳင္ခဲ့သူဟာ သူ႔ကို စိန္ေခၚတဲ့ ၿပိဳင္ဘက္မဟုတ္ဘဲ အစားထိုးလာတဲ့ ၿပိဳင္ဘက္ျဖစ္တယ္လို႔လည္း ဘေရာ္နီကာက ေျပာပါတယ္။

သူက one ပြဲမွာထိုးတာ၊ က်ေနာ္က ထိုးခါနီးတရက္မွ သိရတယ္။ ထိုးတဲ့ရက္မွ သူ႔နဲ႔ထိုးရမွန္း သိတာ၊ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္ၿပိဳင္ဘက္က ဝိတ္မရဘူး။ သူက က်ေနာ့္ကိုလည္း စိန္ေခၚတယ္။

သူက ဝိတ္မခ်နိုင္ေတာ့ က်ေနာ့္ဆရာက ေပးမထိုးဘူးေပါ့ေနာ္။ ေနာက္ ဒီ one က ေကာင္မေလးနဲ႔ သူ႔ရဲ့အေၾကာင္းကို မေလ့လာရဘဲနဲ႔ ၿပိဳင္ပြဲ တက္ထိုးတာေပါ့။ ထိုးၿပီးမွ သူက one ပဲ ထိုးတယ္လို႔ ၾကားတယ္။ ေမြထိုင္းမွာေတာ့ သိပ္မေတြ႕ရဘူး။

မေန႔ညက ၿပိဳင္ပြဲ အနိုင္ၿပီးမွာေတာ့ ဘေရာ္နီကာက ကယန္းအလံကို ကိုင္ၿပီး ေအာင္ပြဲခံသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္ညက ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ထိုးသတ္သြားတဲ့ Thai Fight ေမြထိုင္းလက္ေဝွ႕ ၿပိဳင္ပြဲမွာလည္း ဘေရာ္နီကာက ထိုင္းလက္ေဝွ႕မယ္ ယင္မ္ဆီရမ္ကို ပထမအခ်ီမွာပဲ အလဲထိုးအနိုင္ရခဲ့ပါတယ္။

Thai Fight က ဘေရာ္နီကာနဲ႔ ၃ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီး ျမန္မာနိုင္ငံက လက္ေဝွ႕သမား တေယာက္ကို ပထမဆုံးစာခ်ဳပ္ဆို ပုံမွန္ထိုးသတ္ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။ Crd- DVB

ထိုင်းနိုင်ငံ၊ နခွန်းရာ့ချ်ဆီမားခရိုင်မှာ မေလ ၈ ရက် မနေ့ညက ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့

လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ Vero V.Rujirawong ပြိုင်ဘက် အီရန်နိုင်ငံသူ Sanaz Feizollan ကို အနိုင်ရသွားခဲ့ပါတယ်။

သုံးချီယှဉ်ပြိုင်ထိုးသတ်ရတဲ့ ပြိုင်ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘရော်နီကာက ပြိုင်ဘက် အီရန်နိုင်ငံသူကို ဘယ်ညာတွဲလုံးတွေနဲ့ အလဲထိုးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့သူဟာ သူ့ကို စိန်ခေါ်တဲ့ ပြိုင်ဘက်မဟုတ်ဘဲ အစားထိုးလာတဲ့ ပြိုင်ဘက်ဖြစ်တယ်လို့လည်း ဘရော်နီကာက ပြောပါတယ်။

သူက one ပွဲမှာထိုးတာ၊ ကျနော်က ထိုးခါနီးတရက်မှ သိရတယ်။ ထိုးတဲ့ရက်မှ သူ့နဲ့ထိုးရမှန်း သိတာ၊ ဘာဖြစ်လို့လဲဆိုတော့ အရင်ပြိုင်ဘက်က ဝိတ်မရဘူး။ သူက ကျနော့်ကိုလည်း စိန်ခေါ်တယ်။

သူက ဝိတ်မချနိုင်တော့ ကျနော့်ဆရာက ပေးမထိုးဘူးပေါ့နော်။ နောက် ဒီ one က ကောင်မလေးနဲ့ သူ့ရဲ့အကြောင်းကို မလေ့လာရဘဲနဲ့ ပြိုင်ပွဲ တက်ထိုးတာပေါ့။ ထိုးပြီးမှ သူက one ပဲ ထိုးတယ်လို့ ကြားတယ်။ မွေထိုင်းမှာတော့ သိပ်မတွေ့ရဘူး။

မနေ့ညက ပြိုင်ပွဲ အနိုင်ပြီးမှာတော့ ဘရော်နီကာက ကယန်းအလံကို ကိုင်ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာလည်း ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် ယင်မ်ဆီရမ်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ရခဲ့ပါတယ်။

Thai Fight က ဘရော်နီကာနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုလိုက်ပြီး မြန်မာနိုင်ငံက လက်ဝှေ့သမား တယောက်ကို ပထမဆုံးစာချုပ်ဆို ပုံမှန်ထိုးသတ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ Crd- DVB