ဘုရားအားလုံးရဲ့ အပေါ်မှာ ရှိတယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ဘာသာရေးဆရာတစ်ဦးအား အလောင်း(၁၁)လောင်းနဲ့ အတူ…….seemore
ရှည်လျားတဲ့ အဖြူရောင်ဆံပင်အရှည်တွေနဲ့ အဘိုးအိုတစ်ဦးဟာ သူ့ကိုယ်သူ ဘာသာတရားအားလုံးရဲ့ အထက်က ဖြစ်တယ်လို့ ကြွေးကြော်ပြီး ရောဂါတွေ ကုသဖို့ လူ့အညစ်အကြေး၊ မစင်တွေ စားသုံးတာ၊ ဆီးနဲ့ သလိပ်တွေ သောက်သုံးဖို့ ဟောပြောခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အဘိုးအိုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဝင်ရောက် ဖမ်းဆီးစဉ် သစ်သားခေါင်းတလားအတွင်း အလောင်း ၁၁ လောင်းကို တွေ့ရှိပြီး
နောက် သေစာရင်းလက်မှတ် ၅ ခုသာ ဖော်ထုတ်နိုင်ခဲ့တာ ကြောင့် တခြားသော လူသေအလောင်းတွေရဲ့ အကြောင်းတွေကို ဖော်ထုတ်နိုင်ဖို့ မှုခင်းရဲတပ်ဖွဲ့ ကြိုးပမ်း နေပါတယ်။
သန့်ရှင်းသော ဖခင် ဒါမှ မဟုတ် Phra Bida လို့ ခေါ်ကြတဲ့ ဝိဉာဉ်ရေးခေါင်းဆောင်ကို ရဲတွေက ခေါ်ဆောင် သွားတဲ့အချိန် နောက်လိုက် ၅၀ ယောက်တို့က တားမြစ်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါ အမျိုးသားအား အများပြည်သူပိုင် မြေယာကျူးကျော်မှု၊ တရားမဝင်ဆေးကုသရေးစင်တာ တည်ထောင်ခြင်းနဲ့ ကိုဗစ် ၁၉ အရေးပေါ် အမိန့်ချိုးဖောက်ခြင်း စတာတွေနဲ့ တရားစွဲဆိုထားပါတယ်။
ဒီလို အလေ့အထနဲ့ ယုံကြည်မှုတွေဟာ လေးနှစ်ကျော်ကြာတည်ရှိလာခဲ့ပြီး အရှေ့မြောက်ပိုင်းဒေသ ခံတွေဟာ ဒေသဆိုင်ရာ ကိုယ်ကွယ်ယုံကြည်မှု ခေါင်းဆောင်တွေကို လိုက်နာခြင်းဖြင့်
ဗဟိုအစိုးရကို တော်လှန်ပုန်ကန်တဲ့ သမိုင်းကြောင်းတွေ ရှိတာကြောင့် အာဏာပိုင်တွေက အနာဂတ်မှာ ၎င်းသို့ လုပ်ရပ်တွေကို ပိုမိုမြန်ဆန်စွာ အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း ချိုင်ယာပူမြို့ အုပ်ချုပ်ရေးမှူး ကရာစီ စုန် ကောင်ချက်လက်က ဆိုပါတယ်။
Ref:khaosodenglish
Crd……..
Unicode