News

တပ္ရင္းတစ္ရင္းစာ ရိကၡာေငြ သိန္း (၆၀၀)ခန႔္ ထုတ္ယူၿပီး တပ္ရင္းမႉးနဲ႔ တပ္ေရးဗိုလ္ ထြက္ေျပး

တပ်ရင်းတစ်ရင်းစာ ရိက္ခာငွေ သိန်း (၆၀၀)ခန့် ထုတ်ယူပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ် ထွက်ပြေး

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်တပ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း(၁၄၄)ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရာဇာမင်းနဲ့ တပ်ရေးဗိုလ် အောင်ဆန်းဦးတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်က ၎င်းတို့တပ်ရင်း တစ်ရင်းစာ ရိက္ခာငွေကို ထုတ်ယူပြီး ထွက်ပြေးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

“သူတို့ နှစ်ယောက်က CDM လုပ်တာလည်း မဟုတ်ဘူး။ သူတို့တပ်ရင်း တစ်လစာ ရိက္ခာကို ထုတ်ပြီးတော့ ထွက်ပြေးကြတယ်။ ဘယ်မှာ သွားခိုကြလဲတော့ မသိဘူး”

၎င်းတို့ ၂ ဦး ထုတ်ယူသွားတဲ့ တပ်ရင်းအတွက် တစ်လစာရိက္ခာမှာ သိန်း (၆၀၀)ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိ ပ်စက်သ တ်ဖြ တ်တဲ့ စစ်ကောင်စီတပ်ရဲ့ တပ်တွင်းမှာလည်း အဆင့်ဆင့် ခွဲခြားဆက်ဆံမှုရှိပြီး မခံနိုင်တဲ့ အရာရှိအရာခံ တပ်သားတွေဟာ မကြာခဏ ထွက်ပြေးပြီးတော့ အချို့က CDM ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာလည်း ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးရွာ တပ်စခန်းကုန်းရှိ စစ်ကောင်စီတပ်ရင်း(၂၅၂)မှ တပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်ပြီး လုံခြုံတဲ့နေရာမှာ ရှိနေကြပါတယ်။

ပုံ- ၂၀၂၁ ခုနှစ် ကွတ်ခိုင်မြို့ လူထုလှုပ်ရှားမှုမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်
Source – ရွှေဖီမြေ၊ မေလ ၁၀ ရက်၊ နမ့်ခမ်း

တပ္ရင္းတစ္ရင္းစာ ရိကၡာေငြ သိန္း (၆၀၀)ခန႔္ ထုတ္ယူၿပီး တပ္ရင္းမႉးနဲ႔ တပ္ေရးဗိုလ္ ထြက္ေျပး

ရွမ္းေျမာက္ နမ့္ခမ္းၿမိဳ႕နယ္ မန္တပ္႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီ တပ္ရင္း(၁၄၄)ရဲ႕ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး ရာဇာမင္းနဲ႔ တပ္ေရးဗိုလ္ ေအာင္ဆန္းဦးတို႔ ၂ ဦးဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၂၀ ရက္က ၎တို႔တပ္ရင္း တစ္ရင္းစာ ရိကၡာေငြကို ထုတ္ယူၿပီး ထြက္ေျပးသြားတယ္လို႔ ေဒသတြင္း သတင္းအရင္းအျမစ္ဆီက သိရပါတယ္။

“သူတို႔ ႏွစ္ေယာက္က CDM လုပ္တာလည္း မဟုတ္ဘူး။ သူတို႔တပ္ရင္း တစ္လစာ ရိကၡာကို ထုတ္ၿပီးေတာ့ ထြက္ေျပးၾကတယ္။ ဘယ္မွာ သြားခိုၾကလဲေတာ့ မသိဘူး”

၎တို႔ ၂ ဦး ထုတ္ယူသြားတဲ့ တပ္ရင္းအတြက္ တစ္လစာရိကၡာမွာ သိန္း (၆၀၀)ဝန္းက်င္ ရွိတယ္လို႔ သိရပါတယ္။

အရပ္သားျပည္သူေတြကို ဖမ္းဆီးႏွိ ပ္စက္သ တ္ျဖ တ္တဲ့ စစ္ေကာင္စီတပ္ရဲ႕ တပ္တြင္းမွာလည္း အဆင့္ဆင့္ ခြဲျခားဆက္ဆံမႈရွိၿပီး မခံႏိုင္တဲ့ အရာရွိအရာခံ တပ္သားေတြဟာ မၾကာခဏ ထြက္ေျပးၿပီးေတာ့ အခ်ိဳ႕က CDM ျပဳလုပ္ၿပီး စစ္အာဏာရွင္ ဆန႔္က်င္တဲ့လႈပ္ရွားမႈမွာ ပါဝင္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၄ ရက္မွာလည္း ရွမ္းေျမာက္ တအာင္း(ပေလာင္)ေဒသ နမ့္ဆန္ၿမိဳ႕နယ္ နမ့္ေခး႐ြာ တပ္စခန္းကုန္းရွိ စစ္ေကာင္စီတပ္ရင္း(၂၅၂)မွ တပ္သား ၄ ဦး ထြက္ေျပးလြတ္ေျမာက္ၿပီး လုံၿခဳံတဲ့ေနရာမွာ ရွိေနၾကပါတယ္။

ပုံ- ၂၀၂၁ ခုႏွစ္ ကြတ္ခိုင္ၿမိဳ႕ လူထုလႈပ္ရွားမႈမွာ ေတြ႕ရတဲ့ စစ္ေကာင္စီတပ္
Source – ေ႐ႊဖီေျမ၊ ေမလ ၁၀ ရက္၊ နမ့္ခမ္း