အေထြေထြဗဟုသုတ

ပိုက်ဆံမသုံးခင်သိထားသင့်ပြီး ပြုမူကျင့်သုံးသင့်တဲ့ စည်းကမ်းလေးတွေ

ကိုယ့်အိတ်ထဲက ပိုက်ဆံမသုံးခင် သိထားသင့်ပြီး ပြုမူသင့်တဲ့ စည်းကမ်းလေးတွေ

ငွေဟာ တန်ခိုးအကြီးဆုံး သက်မဲ့နတ်ဘုရားတစ်မျိုးပါပဲ။ ငွေကြောင့်ပဲ လူတွေရဲ့ ခင်မင်မှုနဲ့ မေတ္တာတရားတွေ ပျက်ကြ ၊ ငွေကြောင့်ပဲ တင့်တောင့်တင့်တယ် လူတကာအလယ် နေနိုင်ကြ ၊ ငွေကြောင့်ပဲ သွားလိုရာနဲ့ စားလိုရာကို လွယ်လင့်တကူစားနိုင်ကြ

နောက်ဆုံး သေတဲ့အထိ ငွေရှိမှပဲ အလောင်းလှတဲ့အထိ ငွေက ပါဝါကြီးပါတယ်။ ငွေက အရာအားလုံးကို မစီမံနိုင်ပေမယ့် ငွေကြေးချို့တဲ့ခက်ခဲတဲ့သူဟာ

လောကမှာ လူလိုသူလို ရှင်သန်နေနိုင်ဖို့ မလွယ်ပါဘူး ဒီတော့ ငွေရဲ့ သဘောနဲ့ ငွေကို ဘယ်လို သုံးစွဲရမလဲဆိုတာနဲ့ ပတ်သက်လို့ စည်းကမ်းတချို့ ရှိပါတယ်။

ဒီစည်းကမ်းလေးတွေကို သိထားရင် ပိုက်ဆံကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့အပေါ် အမြင်သစ် ရနိုင်ပါတယ်။

(၁) ပိုက်ဆံက လူတွေကို ပြောင်းလဲတာမဟုတ် ၊ လူတွေရဲ့ ပုံစံအစစ်အမှန်ကိုပဲ ပြတာပါ —- ပိုက်ဆံဟာ ဓါတ်ဆီလိုပါပဲ။ သင်သွားချင်တဲ့ နေရာကို မြန်မြန်နဲ့ ဝေးဝေး ရောက်အောင် ပို့ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ကားမောင်းနည်းတော့ သိဖို့ လိုပါတယ်။

ဒီသဘောပါပဲ။ ပိုက်ဆံက အင်အားကြီးပါတယ်။ သူ့ကို ခိုင်းတဲ့သူရဲ့ အလိုအတိုင်း သရုပ်ဆောင်တာ ဖြစ်ပါတယ်။ မီးကို ရတဲ့သူဟာ ဟင်းချက်ရာမှာ သုံးနိုင်သလို မီးရှို့ရာမှာလည်း သုံးနိုင်တယ်ဆိုသလိုပါပဲ။ ငွေကြောင့် လူ့စရိုက်ပြောင်းသွားတာမဟုတ်ဘဲ။

ငွေကပေးတဲ့ အင်အားကို ကိုယ့်အတ္တအရောင်တင်ရာမှာ သုံးရင်းနဲ့ ပြောင်းလဲသွားကြတာပါ။

(၂) မချမ်းသာခင် မဖြုန်းချင်နဲ့ —– သင်ရှာနိုင်တာထက် လျှော့သုံးပါ ဆိုတဲ့ စကားရှိပါတယ်။ ငွေအကြောင်း သင်ခန်းစာမှာ ဒီသင်ခန်းစာကလည်း ထိပ် တန်းအဆင့် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ပါတယ် ။ တော်တော်များများ လူချမ်းသာအဆင့်ရောက်မလာကြတဲ့ အကြောင်းရင်းတစ်ခုက

ရလာတဲ့ငွေနဲ့ မတန်အောင် အသုံးအဖြုန်းကြီးကြလို့ ဖြစ်တတ်ပါတယ်။ ချမ်းသာပါတယ်ဆိုတဲ့ သူတွေတောင် ကိုယ်ချမ်းသာသလောက်သာ ဇိမ်ခံနေရင်ဆင် းရဲတွင်းထဲ ဆင်းရဖို့ ဖြစ်လာပါလိမ့်မယ်။ သူဌေးတွေကို ဆက်ပြီး ချမ်းသာကြွယ်ဝစေတဲ့ အကြောင်းတွေထဲက တစ်ခုက သူတို့သုံးတာထက် ပိုရှာလို့ပါပဲ။

(၃) ငွေနောက် မလိုက်ပါနဲ့။ ငွေလာချင်တဲ့ ဓါတ်ရှိပါစေ —– ငွေနောက် မာရသွန်ပြေးလိုက်နေတဲ့သူ မဖြစ်ပါစေနဲ့။ ကိုယ့်နောက် ငွေလိုက်ချင်အောင် လုပ်ပါ။

ကိုယ့်မှာ ငွေလာချင်အောင် ဆွဲငင်တဲ့ သံလိုက်လို အစွမ်းရှိပါစေ။ လူတွေ သင့်ကို ငွေပုံပေးချင်လောက်အောင် ဆွဲဆောင်မှု ရှိလေ ချမ်းသာကြွယ်ဝလေလေပါပဲ။

ဆင်းရဲတဲ့သူဟာ ငွေအတွက် အလုပ်လုပ်ပေးရပြီး ချမ်းသာတဲ့သူအတွက် ငွေက အလုပ်လုပ်ပေးရတယ်” ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားထဲက ဒုတိယလူဖြစ်အောင်သာ ကြိုးစားပါ။

(၄) မှန်ကန်တဲ့ မျိုးစေ့မချဘဲနဲ့ ငွေပင်မပေါက်နိုင်
အိတ်ထဲမှာ ရှိတဲ့ငွေဟာ ပိုပြီး လုံခြုံရတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ ငွေကို အကြောသေအောင် လုပ်လိုက်တာပါပဲ။ ငွေရဲ့ သဘောဟာ လည်ပတ်စီးဆင်းပြီး လှုပ်ရှားသက်ဝင်နေရမှာပါ။

ငွေကို သိပ်ပြီး အပျင်းမထူပါစေနဲ့။ ငွေနဲ့ စီးပွားရှာပြီး အသက်ရှင်တဲ့ ငွေရှင်ဖြစ်အောင် လုပ်ပါ။ ပိုက်ဆံဆိုတာ သင့်ရဲ့ ကိုယ်ပိုင်စစ်တပ်သဖွယ်ပါပဲ။ ရှေ့တန်းထွက်ပြီး အလားတူ ပိုက်ဆံသုံ့ပန်းတွေ သင့်ဆီ ဖမ်းလာခဲ့ပါစေ။

ဒီတော့ ရင်းနှီးမြှပ်နှံတတ်အောင် ကြိုးစားပါ။ မှန်ကန်တဲ့ မြှပ်နှံမှုတစ်ခုက သင့်အတွက် ရေရှည်စားသုံးနိုင်မယ့် ငွေသီး ငွေပွင့်တွေ ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။

(၅) ငွေရှိတဲ့သူလား ချမ်းသာ ကြွယ်ဝတဲ့ သူလား
ပိုက်ဆံတွေအများကြီး ရှိရင် သူဌေးလို့ ခေါ်ကြပါလိမ့်မယ်။ ချမ်းသာတဲ့သူဆိုတာ ငွေရှိရုံ ၊ ငွေရှာနိုင်ရုံအပြင် ငွေကြောင့် အလွန်အမင်း စိတ်ပူပန်ရတာ ၊ ပင်ပန်းတကြီးဖြစ်ပြီး တခြားသူတွေ ထိခိုက်နစ်နာအောင် လုပ်ရတာမျိုး ကင်းတဲ့သူဆိုလိုတာ ဖြစ်ပါတယ်။

တကယ့်ချမ်းသာသူဟာ သူ့ရဲ့ ဓနဥစ္စာတွေကို ကောင်း ကောင်းကြီး ထိန်းချုပ်နိုင်တဲ့အပြင် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေး ၊ ကျန်းမာရွှင်လန်းမှု ၊ မိသားစုနဲ့ လူ့အသိုင်းအဝိုင်းအကျိုးမှာပါ ငွေကို အမြော်အမြင်ရှိစွာ အသုံးချနိုင်သူ ဖြစ်ပါတယ်။ c r d