မိခင်က အိပ်ယာထနောက်ကျသည်ကိုဆူသဖြင့် စိတ်ဆိုးကာ ထန်းတပင်–အုတ်တွင်း ဆက်သွယ် ထားသည့်
စစ်တောင်းမြစ်ကူးတံတား တိုင်အမှတ် P-7 လက်ရမ်းပေါ်မှ အမျိုးသမီးငယ်တစ်ဦးခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ခြံကြီးကျေးရွာနေ အသက် ၁၉ နှစ် အရွယ် မရီရီဝင်းအား မိခင်ဖြစ် သူက
နံနက် ၇ နာရီ အချိန်တွင်အိပ်ယာထနောက်ကျသည်ကို ဆူသဖြင့် အထက်ပါ အတိုင်း တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး
အလောင်းကိုမနေ့ညနေ ၄ နာရီခန့်က အုန်းပင် ကျေးရွာအနောက်ဘက် စစ်တောင်းမြစ်ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့သားအမိနှစ်ယောက်။ စကားများကြတယ်ပေါ့။ စကားများတာလည်း တခြားမဟုတ် ပါဘူး။
ကလေး မလေးက မနက်ခင်းဆို အိပ်ယာက စောစောမထတော့ အမေက ဆူလိုက်တာ။
ဆူတဲ့ အခါမှာ အပြော အဆိုကြမ်းတာလေးတွေလည်းပါတာပေါ့။ ဒီကလေးမလေးကလည်း
စိတ်ခံစားချက် အရမ်းများပြီး အခုလို ကိုယ့်ကိုကိုယ် သတ်သေခဲ့တာပေါ့” ဟု
ထန်းတပင်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြည်မြန်မာကို ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ ထန်းတပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/ ၂၀၂၀ ဖြင့်
အမှုရေးဖွင့် ခဲ့ပြီး ရင်ခွဲ စစ်ဆေးချက်အရ အဆုတ်ထဲရေဝင် ရေနစ်သေဆုံးမှုဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ကောင်းမြတ်ရာ
နံ