အနုပညာသတင်း
ပြန်အဆင်ပြေသွားပြီလို့ပြောပြလာတဲ့အဆိုတော်ရဲရင့်အောင်တို့စုံတွဲ
အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ် သရုပ်ဆောင် ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးကတော့ ပရိသတ် တွေ အားကျရလောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ချစ်သူသက်တမ်း ၃ နှစ်လောက်ရှိနေပြီဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့
လက်ရှိမှာ မိဘတွေကပါ သဘောကျလက်ခံထားကြတဲ့ ချစ်သူနှစ်ယောက်ဖြစ်ပါတယ်။ ဧငြိမ်းဖြူရဲ့ အမေဖြစ်သူ ဒေါ်သီတာလင်းကတေ့ာ ရဲရင့်အောင်နဲ့ သူ့သမီးကို လက်ခံတယ်လို့ပြောခဲ့ပြီး အဓိကက သူတို့နှစ်ယောက်ချစ်နေဖို့ပဲ လိုအပ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဧငြိမ်းဖြူရဲ့ မိခင် ဒေါ်သီတာလင်းကတော့ MC နဲ့ အင်တာဗျုးတွင် သမီးဖြစ်သူ ဧငြိမ်းဖြူရဲ့အချစ်ရေးအပေါ်မှာတော့ “အဓိကကတော့ သူတို့ချစ်လို့ သူတို့တွဲကျတာဆိုတော့ ချစ်နေဖို့ပဲလေ။ ကိုယ့်ဖက်ကတော့ ငြင်းစရာမရှိပါဘူး” ရဲရင့်အောင် အပေါ်ရော ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းကိုတော့
“သူကတော့ နည်းနည်းလေး လူကြီးပိုဆန်မယ်လို့ ထင်တယ်။ အငယ်မက နည်းနည်းငယ်တော့ ကလေးဆန်တယ်ပေါ့။ အဲ့ပေါ်မှာလည်း သူက ပြုပြုပြင်ပြင် ထိန်းထိန်းသိမ်းသိမ်းလေး လုပ်တယ်ဆိုတော့ အခုဆို ၃ နှစ်ကျော်လာတော့ မိဘအနေနဲ့လည်း တဖြည်းဖြည်းကြည်ဖြူလာတယ်ပေါ့။
ငယ်တုန်းကတော့ ရည်းစားထားကြတယ်။ ပျက်ကြတယ်လေ။ သူတို့ရဲ့ အချစ်ကာလကတော့ ၃ နှစ်ထဲရောက်လာပြီဆိုတော့ လက်ခံပေးရမယ့် အခြေအနေပေါ့။ သူတို့ချစ်တာကိုလည်း နားလည်နေတယ်ဆိုတော့ ဆက်ပြီးအဆင်ပြေဖို့ပဲ ဆုတောင်းရမှာပေါ့”
“အချစ်ရေးမှာကျတော့ မိဘမသိတာထက် မိဘသိနေတာက ပိုအဆင်ပြေမယ်ပေါ့နော်။ ကိုယ်က ခိုးလုပ်တာထက် မိဘရှေ့မှာတွဲတာ ပိုအဆင်ပြေမယ်ထင်လို့ ခွင့်ပြုထားပေးပါတယ်” ဘယ်ကာလလောက်မှာ သူတို့ကို လက်တွဲဖို့ သတ်မှတ်ထားပေးလဲ ဆိုတဲ့အပေါ်မှာတော့
“အဲ့ဒါကတော့ သူတို့ပေါ်မှာပဲ မူတည်တယ်။ ငယ်ပါသေးတယ်။ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ။ သူတို့ကြိုးစားကြပါဦးမယ်။ အဲ့ဒါပြီးမှ စဉ်းစားကြတာပေါ့”ပြတ်ပြီလို့ထက်ပေမယ့် အဆိုတော်ထက်ယံမင်္ဂလာဆောင်မှာတွေ့ရအပြီး ကမ်းခြေအတူရောက်နေတယ်ဆိုတဲ့ပုံလေးတွေ My Dayမှာတင်လာခဲ့ပါတယ်။
Credit Original writer