News

စကစတွေအများအပြား တမလွန်ရောက်သွားတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ကတိုက်ပွဲ (ရုပ်သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ဒု-ဗိုလ်မှူးကြီးအပါအဝင် အများအပြားသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် မုံရွာ – ယင်းမာပင် -ပုလဲသွားကားလမ်း ဖိုလ်ဝင်တောင်တကျောမှာ အကြမ်းဖက်စစ်တပ်ရဲ့ယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒုတိယအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်နေ့ ညနေပိုင်းက မုံရွာကမြို့ကနေ ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ဆားလင်းကြီးကတစ်ဆင့် ယင်းမာပင်ကိုထွက်ခွါလာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

မေလ ၁၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်ကလည်း ယင်းမာပင်မြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကောင်းဆင့်ကျေးရွာအရောက်မှာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေါင်းသွေးနီ တပ်ခွဲ ( ၁) တို့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

၁၀ ရက်နေ့ညတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ရန်သူစစ်သားအချို့သေဆုံးခဲ့တယ်လို့ မြောက်ယမားပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပြောကြားထားပါတယ်။

သေဆုံးသူမှာ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) မှ ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် ဖြစ်ပြီး ၎င်းကို ယနေ့ မေလ ၁၂ ရက်နေ့မှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၌ စစ်အခမ်းအနားနဲ့ သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဒေသခံပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ မြောက်ယမားပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ပြောကြားခဲံပါတယ်။

လင်းလင်း

Unicode