တရားရုံးရှေ့မှာ ဆွမ်းခံကြွရင်းကြားခဲ့ရတာ
အနှိပ်ခန်း”မာဆတ်”ကိုဖမ်းတဲ့ အမှုစစ်နေတယ် ပထမဆုံးစစ်တာက ဖမ်းတဲ့ တရားလို နယ်ထိန်းထွက်ချက်ကိုပေါ့
“အမည်”
” ခင်မောင်မြင့်ပါ”
“အဆင့်”
“ဒုရဲအုပ်ပါ”
အဲ့မှာစစ်နေတုန်း နောက်က အဖမ်းခံရတဲ့ မိန်းကလေး တစုက တီးတိုးတီးတိုးနဲ့
” ဟဲ့ကောင်မသဲစု အဲဒါ နင့်ဘဲ မဟုတ်လား” လို့မေးတော့ “သဲစုက …
“ဟုတ်ပါ့ ငါ့ကိုပြောတော့ သူ့နာမည်က အာကာကျော်တဲ့ မသာလူလိမ်”
အဲ့ဒါကို အစစ်ခံရင်း ကြားတော့ တရားလို ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီးနီလို့၊အခြေအနေကို သဘောပေါက်တဲ့ တရားသူကြီးက
“အဟမ်း”လို့ ချောင်းဟန့်လိုက်တော့ နောက်က ကောင်မလေးတသိုက်ငြိမ်သွားတယ်၊ခဏကြာတော့ ဥပဒေအရာရှိရောက်လာတယ်ခေါင်းပေါင်းကိုမြန်မြန်ဝတ် အမှုစစ်မယ်လို့ တရားခွင်ထဲကိုလဲဝင်ရော….
နောက်က ကောင်မလေးတွေထဲက”ဟဲ့ နိုနို အဲ့ဒါ နင့်ကိုကြီးမဟုတ်လား””ဟုတ်ပါ့ သူပဲ”
ဥပဒေအရာရှိက တရားခံကောင်မလေးတွေဘက်လှမ်းကြည့်တော့ နိုနိုကိုတွေ့သွားတော့ ရှက်ကိုး ရှက်ကန်းဖြစ်သွားပြီး တရားခံတွေဘက်ကို ကျောပေးပြီး အမှုစစ်နေတယ်
တရားလိုဘက်စစ်ပြီးလို့ စွဲချက်တင်သင့်မတင်သင့် အမိန့်ချခါနီးကျတော့ တရားသူကြီးက
“တရားခံ လင်းလက်၊ ကြယ်စင်၊ အိမ့်ဖူး၊နိုနို၊ သဲစု၊လမင်း ၊ ဟန်နီမေ၊မြတ်နိုး၊ဧကရီ ၊ဆောင်းယွန်း …
သင်တို့မှာ အပြစ်ရှိလား မရှိဘူးလား ဖြေပါ” လို့မေးလိုက်ရော လင်းလက် ထဖြေတဲ့ စကားကြောင့် တရားသူကြီး တရားခွင်က ဆင်းပြေးသွားတယ်၊
လင်းလက်ဖြေတာက….
“သမီးကို လင်းလက်လို့ မခေါ်ပါနဲ့ ဆိုင်မှာလာတုန်းကလို “သဲလေး”လို့ပဲခေါ်ပါ သဲလေးမှာ လုံးဝ အပြစ်မရှိပါဘူး ကိုကြီး” ။
crd… မူရင်း
UNICODE