kyar thi ya tha mya

ဒီလောက် အာေ-ချာင်နေသူကြီး နည်းတောင် နည်းသေးလေ 😛 ဟွန်ဆင် အမေရိကန်မှာ ဖိနပ်နဲ့ အပေါက်ခံရ ..ရုပ်သံ

ဟွန်ဆင် အမေရိကန်မှာ

မင်းအောင်လှိုင်အတွက် ဘက်လိုက်မှု ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် အမေရိကန်မှာ ဖိနပ်နဲ့ အပေါက်ခံရ

ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လွတ်လပ်တဲ့‌ ရွေးကောက်ပွဲတွေ ကျင်းပခြင်းမရှိဘဲ အတိုက်အခံနိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ အကြီးအကျယ် ဖိနှိပ် ထောင်ချနေတဲ့သူ၊ မြန်မာ့အရေးမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဘက်က ဘက်လိုက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဏာရှင် ဟွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမှာ သူ့ရဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေတုန်း ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။

မေလ ၁၁ ရက်နေ့မှာ အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖိနပ်က လွဲချော်သွားတဲ့အတွက် ဟွန်ဆင်ကို ထိသွားတာမျိုးတော့မရှိပါဘူး။

ကမ္ဘောဒီးယားမှာဆိုရင် ဟွန်ဆင်ရဲ့ ပိုစတာကို ဖိနပ်နဲ့ပေါက်တာနဲ့တင် ထောင် ဒဏ် ၄ နှစ်ချခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ၂၀၁၈ ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ဟာ ဆယ်စုပေါင်းများစွာ အာဏာကို ပုံစံအမျိုးမျိုးနဲ့ချုပ်ကိုင်ပြီး အတိုက်အခံနိုင်ငံရေးသမားတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ အာဏာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူ့မိသားစုဟာ နိုင်ငံစီးပွားရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ် ကြွယ်၀ ချမ်းသာပြီး စစ်တပ်ကိုလည်း သူ့အမျိုးတွေနဲ့ မိသားစုဝင်တွေကို ရာထူးပေး ချုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆင်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် မင်းအောင်လှိုင်ကို တစ်ဖက်တစ်လမ်း ထိတွေ့ဆက်ဆံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အနုတ်လက္ခဏာဆောင်တဲ့ စကားတွေပဲ ပြောဆို ဝေဖန်နေသူလို့ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။

ဟွန်ဆင်ဟာ လက်ရှိမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အမေရိကန်၊ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ထောက်ခံသူတွေနဲ့ နှုတ်ဆက်နေရင်း ဖိနပ်နဲ့ အပေါက်ခံရလို့ သူရှေ့မှာ ဖိနပ်ပျံက ကျသွားတဲ့ မြင်ကွင်း။