လာမည့် Sunday မှာတွေ့ရမယ့် လအပြည့်ကြတ်ခြင်းကို တစ်ကမ္ဘာလုံးမြင်တွေ့ရမှာ ဖြစ်ပြီး အချိန်ကတော့……seemore
လာမယ့် တနင်္ဂနွေ နေ့မှာ လဟာ ကမ္ဘာဂြိုလ်နဲ့ တစ်တန်းတည်းနေရာသို့ဝင်ရောက်လာကာ လအပြည့်ကြတ်တာကို ကမ္ဘာတစ်ဝန်း ကမြင်တွေ့ရမှာ ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာ ကပြောကြားပါတယ်။
လဟာ ကမ္ဘာကြီးရဲ့ အရိပ်ထဲကို တနင်္ဂနွေ နေ့ ည ၉နာရီခွဲပြီး နောက်ပိုင်း စတင် ဝင်ရောက်မှာ ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းလကြတ်တာ ကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာ လရဲ့ တစ်စိတ်တစ်ပိုင်း ကိုပဲ ကမ္ဘာကြီးရဲ့ အရိပ်က ဖုံးလွှမ်းထားမှာ ဖြစ်ကြောင်း နာဆာ ရဲ့ ဖော်ပြ ချက် အရသိရပါတယ်။ကမ္ဘာ့အရိပ်ထဲသို့ လတစ်စိတ်တစ်ပိုင်း ဝင်ရောက်လာချိန်မှာ ဖြစ်ပေါ်မယ့် လတစ်စိတ်တစ်ပိုင်းကြတ် တာကို တနင်္ဂနွေ နေ့ ၁၀နာရီ ခွဲ အထိ (အရှေ့တိုင်းစံတော်ချိန်) မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လတစ်ခုလုံး ကမ္ဘာကြီးရဲ့ အရိပ်ထဲသို့ ဝင်ရောက်ချိန် လအပြည့်ကြပ်ပြီး သွေးရောင်လွှမ်းနေတဲ့ပုံစံ ကို ည ၁၁ နာရီ ခွဲပြီးချိန်နောက်ပိုင်း မှာ မြင်တွေ့ကြရမယ်လို့ နာဆာ ကပြောကြား ပါတယ်။
လအပြည့်ကြတ်ခြင်း ဟာ တနင်္လာနေ့ နံနက် ၁ နာရီ မထိုးခင်ပြီးဆုံးမှာ ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း လကြတ်မှု ဟာ ၂နာရီ ခွဲ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။အမေရိကန် အရှေ့ပိုင်းထက်ဝက်မှာ နေထိုင်သူတွေ နဲ့ တောင်အမေရိက မှာ နေထိုင်သူများအားလုံးဟာ လကြတ်ခြင်း အဆင့်တစ်ဆင့်ချင်းစီ ကို မြင်တွေ့ကြရမှာဖြစ်ပြီး လအပြည့် ကြတ်ခြင်း ကို အာဖရိက ၊ အနောက်ဥရောပ ၊ ဗဟိုနဲ့ တောင်အမေရိက ၊ မြောက်အမေရိက ဒေသ အများစု ကမြင်တွေ့ကြရမှာ ဖြစ်ကြောင်း နာဆာ ကပြောကြား ပါတယ်။
နေ ရယ် ကမ္ဘာ ရယ် လရယ် တစ်တန်းတည်း ကျနေတဲ့ အနေအထားမှာ လက ကမ္ဘာရဲ့ အရိပ်ထဲ ဝင်ရောက် ချိန်မှာ လကြတ် ခြင်း ဖြစ်ပေါ်ပါတယ်။
လကြတ်ချိန် ကမ္ဘာ့လေထုထဲမှာ တိမ်များ သို့မဟုတ် အမှုန်အမွှားများ ပို ရှိလေလေ လရဲ့ အရောင်ဟာ ပိုနီမြန်း လာလေ ဖြစ်ကြောင်း နာဆာ ကပြောကြား ပါတယ်။
Unicode