News

ေတာင္ႀကီးၿမိဳ႕တြင္ ေမလ ၁၄ ရက္၌ အေရးႀကီးကိစၥမရွိဘဲ အျပင္မထြက္ၾကဖို႔ SYFDA Rangers က အသိေပး

ေတာင္ႀကီးၿမိဳ႕တြင္ ေမလ ၁၄ ရက္၌ အေရးႀကီးကိစၥမရွိဘဲ အျပင္မထြက္ၾကဖို႔ SYFDA Rangers က အသိေပး

မဲေခါင္၊ ေမ ၁၃

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ရွိ ျပည္သူမ်ားအေနျဖင့္ ေမလ ၁၄ ရက္၌ တိုက္ပြဲမ်ားျဖစ္ပြားနိုင္သျဖင့္ အေရးႀကီးကိစၥမရွိဘဲ အျပင္မထြက္ၾကဖို႔ Shan Youth’s Fedral Democratic Army (SYFDA-Rangers) မွ ယေန႔တြင္ အသိေပးထုတ္ျပန္ထားသည္

ေတာင္ႀကီးၿမိဳ႕ေပၚရွိလမ္းမ်ားအားလုံးကို SYFDA Rangers အဖြဲ႕မွသြားလာခြင့္ တစ္ရက္ပိတ္သည္ဟု ယင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားၿပီး ၿမိဳ႕ေပၚတြင္ ပစ္ခတ္သံမ်ား၊ ေဖာက္ခြဲသံမ်ား ၾကားပါက မစပ္စုဘဲ မိမိတို႔၏ေနအိမ္တြင္သာ လုံလုံျခဳံျခဳံေနေပးပါဟုလည္း ေမတၱာရပ္ခံထားသည္

‌ေတာင္ႀကီးၿမိဳ႕တြင္ ေမလ ၁၄ ရက္၌ အခ်ိန္မေရြး တိုက္ခိုက္မႈမ်ား ျဖစ္ပြားနိုင္ေသာေၾကာင့္ အထူးအသိေပးျခင္းျဖစ္ၿပီး ျပည္သူမ်ားအႏၲရာယ္ကင္းရွင္းေရးကို ပထမဦးစားေပးလုပ္ေဆာင္မည္ ျဖစ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္လည္း အတတ္နိုင္ဆုံးမိမိေနအိမ္တြင္သာ ေနထိုင္ေပးၾကရန္ အဆိုပါထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္

ထို႔အျပင္ SYFDA-Rangers အဖြဲ႕က ေတာင္ႀကီးၿမိဳ႕ရွိ Play House Bar & Club ကို လုံျခဳံေရးယူေပးေနသည့္ စစ္ေကာင္စီ တပ္သားတစ္ဦး ‌ေမလ ၁၂ ရက္က အေပါ့လာသြားစဥ္ ဖမ္းဆီးထားၿပီး စစ္ေဆးခ်ိန္၌ ခုခံသျဖင့္ ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္းကိုလည္း ယေန႔၌ ျပည္သူမ်ားကို အသိေပးထားၿပီးျဖစ္သည္

Shan Youth’s Fedral Democratic Army (SYFDA-Rangers)အဖြဲ႕ကို ယခင္ႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္က စစ္အာဏာရွင္မလိုလားေသာ‌ ေတာင္ႀကီးၿမိဳ႕ခံလူငယ္မ်ားျဖင့္ စတင္တည္ေထာင္ထားျခင္းျဖစ္ၿပီး

စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္တိုက္ထုတ္ရန္၊ စစ္အစိုးရ၏ လည္ပတ္ေနေသာ ယႏၲရားမ်ားရပ္တန္႔ရန္နည္းလမ္းမ်ိဳးစုံျဖင့္ေတာ္လွန္သြားမည္ျဖစ္ေၾကာင္း ရည္ရြယ္၍ တည္ေထာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္ Crd- Me Kong News

တောင်ကြီးမြို့တွင် မေလ ၁၄ ရက်၌ အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ကြဖို့ SYFDA Rangers က အသိပေး

မဲခေါင်၊ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်သူများအနေဖြင့် မေလ ၁၄ ရက်၌ တိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ကြဖို့ Shan Youth’s Fedral Democratic Army (SYFDA-Rangers) မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်

တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံးကို SYFDA Rangers အဖွဲ့မှသွားလာခွင့် တစ်ရက်ပိတ်သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားပြီး မြို့ပေါ်တွင် ပစ်ခတ်သံများ၊ ဖောက်ခွဲသံများ ကြားပါက မစပ်စုဘဲ မိမိတို့၏နေအိမ်တွင်သာ လုံလုံခြုံခြုံနေပေးပါဟုလည်း မေတ္တာရပ်ခံထားသည်

‌တောင်ကြီးမြို့တွင် မေလ ၁၄ ရက်၌ အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သောကြောင့် အထူးအသိပေးခြင်းဖြစ်ပြီး ပြည်သူများအန္တရာယ်ကင်းရှင်းရေးကို ပထမဦးစားပေးလုပ်ဆောင်မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံးမိမိနေအိမ်တွင်သာ နေထိုင်ပေးကြရန် အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်

ထို့အပြင် SYFDA-Rangers အဖွဲ့က တောင်ကြီးမြို့ရှိ Play House Bar & Club ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီ တပ်သားတစ်ဦး ‌မေလ ၁၂ ရက်က အပေါ့လာသွားစဉ် ဖမ်းဆီးထားပြီး စစ်ဆေးချိန်၌ ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းကိုလည်း ယနေ့၌ ပြည်သူများကို အသိပေးထားပြီးဖြစ်သည်

Shan Youth’s Fedral Democratic Army (SYFDA-Rangers)အဖွဲ့ကို ယခင်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်က စစ်အာဏာရှင်မလိုလားသော‌ တောင်ကြီးမြို့ခံလူငယ်များဖြင့် စတင်တည်ထောင်ထားခြင်းဖြစ်ပြီး

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန်၊ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများရပ်တန့်ရန်နည်းလမ်းမျိုးစုံဖြင့်တော်လှန်သွားမည်ဖြစ်ကြောင်း ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည် Crd- Me Kong News