… မိပြီ မိပြီ သူဘဲသူဘဲ 😅🤣😂
ရွှေဖိနပ်ပိုင်ရှင်တွေ့ပြီ။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ် ဝါရှင်တန်ခရီးစဉ်အတွင်း ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သူကမ္ဘောဒီးယားအငြိမ်းစားစစ်သည် အုတ်ခ်တာ့ခ်ျ
မေလ ၁၃ ရက်
ဝါရှင်တန်မြို့တော်သို့ ပထမဆုံးခရီးစဉ် သွားရောက်နေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်မှာ တည်းခိုရာဟိုတယ်ရှေ့၌ ထောက်ခံသူများကို နှုတ်ဆက်နေစဉ် ဖိနပ်ဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။
အသက် ၆၉ နှစ်အရွယ် ဟွန်ဆမ်က အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထောက်ခံသူများ နှင့် တွေ့ဆုံရန်ပြင်ဆင်နေစဉ် ကမ္ဘောဒီးယား အငြိမ်းစားစစ်သည်တစ်ဦးက ဖိနပ်ဖြင့် ဦးခေါင်းကိုပစ်ပေါက်ခဲ့သော် လည်း လွဲချော်သွားခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Willard Intercontinental Hotel ၌ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်ကို ရုပ်သံဗွီဒီ ယိုတွင် ဖမ်းယူနိုင်ခဲ့ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။
“ဟွန်ဆမ့်ခေါင်းကို ဖိနပ်နဲ့ပစ်ပေါက်ပြီးမှ ကျွန်တော် စိတ်သက်သာရာရပြီး အိပ်ပျော်တော့တယ်။ ကျွန် တော် ဒီလိုလုပ်ဖို့ အရင်ကတည်းက စိတ်ကူးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သူ့ကို အရှက်ခွဲချင်ယုံ ထက် မပိုပါဘူး” ဟု အုတ်ခ်တာ့ချ်က ပြောသည်။
“ကျွန်တော်က ဟွန်ဆမ်ကို ဖိနပ်နဲ့သာပစ်ပေါက်တာပါ။ ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေ၊ ငြိမ်း ချမ်းစွာဆန္ဒပြသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်သတ်ခဲ့သူပါ။ ဟွန်ဆမ်က အာဏာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော့် ဆွေ မျိုးတွေအပါအဝင် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်” ဟု ၁၉၇၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယားစစ်တပ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ၄င်းက ပြောသည်။
အဆိုပါဖြစ်ရပ်က လက်သင့်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ အကြမ်းဖက်သမားများကို သည်းညည်းခံမည်မ ဟုတ်ကြောင်း ဟွန်ဆမ်၏သားဖြစ်သူ ဟွန်က ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဌဖြစ်သည့် ဟွန်ဆမ်၏ အာဏာသိမ်းစစ်အုပ်စုကို မျက်နှာသာပေးဆက်ဆံပြီး ပြည်သူများ၏အသံကို လျစ်လှူရှုနေသည့် မြန်မာ့အရေး ကိုင်တွယ်ပုံနှင့်ပတ်သက်၍ လေ့လာသူများက မေးခွန်း ထုတ်ခဲ့ကြသည်
crd #RFA