နိုင္ငံတကာသတင္း

iphoneရရှိရန်အတွက် တူမဖြစ်သူကို ရောင်းစားခဲ့ပြီး ကိုယ်တိုင်ရဲစခန်းတွင် လူပျောက်တိုင်ကြားကာ ပြန်လည်အမှုဖွင့်ခဲ့သည့် အမျိုးသမီး

လူတို့၏ လိုအင်ဆန္ဒများဟာ အလွန်ပင်များပြားလှပြီး တစ်ခါတစ်လေတွင် အလိုရမ္မက်ကို မထိန်းသိမ်းနိုင်ဘဲ ရှိနေတတ်သည်။လူတို့အတွက် ဂုဏ်ပကာသနဆိုသည်မှာ အပေါ်ယံသာဖြစ်သော်လည်း ထိုအရာကို လူတိုင်းက မြတ်နိုးတွယ်တာနေကြသည်။အသုံးအဆောင်ပစ္စည်းများ ကောင်းမွန်နေမှသာလျှင် လူဘုံအလယ်တွင် ပွဲလယ်တင့်မည်ဟု ထင်နေကြသည်။

ယခုတွင်လည်း ဗီယက်နမ်မှ အမျိုးသမီးတစ်ဦးသည် အလိုရမ္မက်တစ်ခုကြောင့် မပြုလုပ်သင့်သည်ကို ပြုမိခဲ့ပြီး ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပေသည်။ဗီယက်နမ်မှ အမျိုးသမီးသည် iphone အသုံးပြုလိုသဖြင့် တူမလေးဖြင်သူကို ရောင်းစားခဲ့သည်။ထိုအမျိုးသမီးသည် တူမလေးဖြစ်သူအား မွေးစားလိုသည့် မိသားစုတစ်ခုထံတွင် iphone 11နှင့် ငွေသားအချို့နှင့်အတူ လှဲလယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် အမျိုးသမီးသည် တူမလေးဖြစ်သူ ပျောက်ဆုံးသွားသည်ဟုဆိုကာ ရဲစခန်းသို့သွားရောက်ပြီး လူပျောက်တိုင်ခဲ့သည်။ရဲစခန်းမှ တာဝန်ရှိသူများကလည်း စုံစမ်းပြီးသည့်နောက်တွင် ထိုအမျိုးသမီးအား ဖမ်းဆီးခဲ့ပြီး အရေးယူဆောင်ရွက်ခဲ့ရသည်။

Credit to original writing