နိုင္ငံတကာသတင္း

မသန်မစွမ်းဖြစ်နေတဲ့ ဖခင်ကိုအမြဲပြုစုစောင့်ရှောက်ပြီး ငယ်ဘဝနဲ့ကျောင်းစာကိုလစ်လျူ ရှုခဲ့ရတဲ့ 11နှစ်အရွယ် သမီးလေး

ဒီတစ်ခေါက်ဖော်ပြမဲ့ကလေးမလေးရဲ့လုပ်ရပ်တွေဟာဆိုရင်မလေးစားပဲမနေနိုင်တော့လောက်အောင်ပါပဲ။ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့အသက်1 နှစ်အရွယ်Marie Rogaအမည်ရှိတဲ့ကလေးမလေးဟာအခြားကလေးတွေလိုစာပေလေ့လာသင်ယူမှုတွေမှာအားစိုက်ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ရတာမျိုးမရှိဘဲ သူမရဲ့တစ်နေ့တာဟာမကျန်းမမာဖြစ်နေတဲ့ဖခင်ဖြစ်သူကပြုစုစောင့်ရှောက်ရင်းအချိန်ကုန်နေခဲ့ရပါတယ်။ဖခင်ဖြစ်သူဟာ ကိုယ်လက်မလှုပ်ရှားနိုင် ၊ စကားမပြောဆိုနိုင်ဖြစ်နေခဲ့ပြီး လိုအပ်ချက်များအားလုံးကို သူမကသာဖြည့်ဆည်းပေးနေခဲ့ရတာပါ ။

ထို့ကြောင့် သူမဟာကျောင်းပညာရေးမှာ အခြားသူတွေထက်ကို အတော်လေးနောက်ကျနေခဲ့တဲ့အပြင် ဖခင်ကို ဝီးရှဲပေါ်တင်ပြီး မိခင်ဖြစ်သူအလုပ်လုပ်ရာနေရာသို့ အမြဲပို့ဆောင်ပေးတဲ့တာဝန်ကိုလည်း လုံးဝပျက်လက်လေ့မရှိခဲ့ပါဘူး ။

သူမရဲ့အဖြစ်ကို Facebook စာမျက်နှာကနေဝေမျှခဲ့ချိန်မှာတော့ လူအများကသူမရဲ့လုပ်ရပ်ကို အတော်လေးလေးစားကြပြီး ၊ သူမရဲ့အနာဂတ်မှာ အဆင်ပြေချောမွေ့ဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။ ထို့အပြင် သူမတို့မိသားစုအတွက် အခြားသောလှူဒါန်းငွေများရရှိအောင်လည်း အချို့သောသူများက သူမရဲ့ဖခင်ဖြစ်သူကို ပြုစုနေခဲ့တဲ့ ဓာတ်ပုံတွေကို ဝေမျှပေးခဲ့ကြပါတယ် ။ သူမဟာ ငယ်ရွယ်လွန်းပေမဲ့လည်း မိဘကို မငြိုမငြင်ပဲ ချစ်မြတ်နိုးလွန်းတဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးမလေးရဲ့လုပ်ရပ်တွေဟာဆိုရင် မလေးစားပဲမနေနိုင်တော့လောက်အောင်ပါပဲ ။ ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ အသက် 11 နှစ်အရွယ် Marie Roga. အမည်ရှိတဲ့ကလေးမလေးဟာ အခြားကလေးတွေလို စာပေလေ့လာသင်ယူမှုတွေမှာ အားစိုက်ပြီး

ပျော်ပျော်ရွှင်ရွှင်နေထိုင်ရတာမျိုးမရှိဘဲ သူမရဲ့တစ်နေ့တာဟာ မကျန်းမမာဖြစ်နေတဲ့ဖခင်ဖြစ်သူက ပြုစုစောင့်ရှောက်ရင်းအချိန်ကုန်နေခဲ့ရပါတယ် ။ ဖခင်ဖြစ်သူဟာ ကိုယ်လက်မလှုပ်ရှားနိုင် ၊ စကားမပြောဆိုနိုင်ဖြစ်နေခဲ့ပြီး လိုအပ်ချက်များအားလုံးကို သူမကသာဖြည့်ဆည်းပေးနေခဲ့ရတာပါ ။

ထို့ကြောင့် သူမဟာကျောင်းပညာရေးမှာ အခြားသူတွေထက်ကို အတော်လေးနောက်ကျနေခဲ့တဲ့အပြင် ဖခင်ကို ဝီးရှဲပေါ်တင်ပြီး မိခင်ဖြစ်သူအလုပ်လုပ်ရာနေရာသို့ အမြဲပို့ဆောင်ပေးတဲ့တာဝန်ကိုလည်း လုံးဝပျက်လက်လေ့မရှိခဲ့ပါဘူး ။

သူမရဲ့အဖြစ်ကို Facebook စာမျက်နှာကနေဝေမျှခဲ့ချိန်မှာတော့ လူအများကသူမရဲ့လုပ်ရပ်ကို အတော်လေးလေးစားကြပြီး ၊ သူမရဲ့အနာဂတ်မှာ အဆင်ပြေချောမွေ့ဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။ ထို့အပြင် သူမတို့မိသားစုအတွက် အခြားသောလှူဒါန်းငွေများရရှိအောင်လည်း အချို့သောသူများက သူမရဲ့ဖခင်ဖြစ်သူကို ပြုစုနေခဲ့တဲ့ ဓာတ်ပုံတွေကို ဝေမျှပေးခဲ့ကြပါတယ်။သူမဟာ ငယ်ရွယ်လွန်းပေမဲ့လည်း မိဘကို မငြိုမငြင်ပဲချစ်မြတ်နိုးလွန်းတဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ ။