ဂီတလောကကြီးကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဖြစ်ကြောင်းအသိပေးပြောလာခဲ့တဲ့ကျားပေါက်
ပရိသတ်ကြီးရေဆယ်စုနှစ်နှစ်စုတိုင်အောင်ဂီတလောကမှအောင်အောင်မြင်မှုတွေရရှိထားသူကတော့အဆိုတော်ဟန်ထူးလွင်ပဲဖြစ်ပါတယ်။
သူဟာဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာဝါသနာပါလွန်းတဲ့ဂီတအလုပ်ကိုတစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။
တေးသီချင်းတွေကိုလည်းကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူဖြစ်ပြီး တေးစီးရီးAlbumတွေလည်းထွက်ရှိထားသူပါ။
တေးစီးရီးAlbumပေါင်းများစွာထွက်ရှိခဲ့ပြီးပရိသတ်တွေရဲ့တစ်ခဲနက်အားပေးနားဆင်မှုတွေကိုအခိုင်အမာရရှိထားသူဆိုလည်းမမှားပါဘူးနော်။
သူ့ကိုတော့ပရိသတ်တော်တော်များများကကျားပေါက်လို့လည်း ချစ်စနိုးနဲ့ခေါ်ဆိုကြပါသေးတယ်။သူဟာBig Bagနာမည်နဲ့
Bandတစ်ခုတည်ထောင်ထားပြီးပရိသတ်တွေအတွက်သီချင်းအသစ်တွေနားဆင်နိုင်အောင်အမြဲကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ကျားပေါက်ရဲ့သီချင်းတွေကိုပရိသတ်တွေသာမကဘဲဂီတသမား အချင်းချင်းကတောင်ကြိုက်နှစ်သက်နေကြတာလည်းဖြစ်ပါတယ်။
The Voice Myanmar Season 3မှာဒိုင်အဖြစ်နဲ့ ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ခုလက်ရှိမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့
အခြေအနေအရပ်ရပ်ကြောင့်ပြည်သူလူထုအနေနဲ့တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါဝင်ကာလုပ်ဆောင်နေတာကိုအားလုံးလည်းသိမြင်ကြလိမ့်မယ်လို့ထင်ပါတယ်နော်။အခုအခါမှာလည်းအဆိုတော်ကျားပေါက်ကသူဂီတလောကကို
နှုတ်ဆက်တော့မယ့်အကြောင်းကိုအခုလိုမျိုး ပြောပြထားပါတယ်နော်။”ကျနော့်ကိုခင်ဗျားတို့ဆုံးရှုံးလိုက်ရတာထက်ခင်ဗျားတို့ကို ထားခဲ့ရတာကျနော်ပိုထိခိုက်ရပါတယ်။မိုးထက်ပြောသလိုအားလုံးအတွက်ကကျနော်တယောက်ထဲမရှိတော့တာ။
ကျနော့်မှာကအားလုံးမရှိရတော့ခြင်းပါ။အရင်အတိုင်းအားလုံးကိုပျော်နေစေချင်တာပါပဲ(ဟိုစောက်ရူးထိပ်ပြောင်အာခြောင်ကောင်တော့မပါဘူးပေါ့လေ)။သီချင်းတွေနဲ့ပတ်သက်ပြီးအားလုံးကိုချစ်ခဲ့ရတော့ ဘယ်တော့မှmusicianမလုပ်တော့ဘူးဆိုတဲ့
နာနေတဲ့စိတ်ဟာလဲအချိန်တန်ရင်ပြောင်းသွားကောင်းပါရဲ့။Artနဲ့ပတ်သက်ရင်ဘယ်တော့မှမလိမ်မညာခဲ့တာအားလုံးနဲ့ရပ်တည်ခဲ့တာတွေကိုတော့တသက်လုံးဂုဏ်ယူနေပါ့မယ်။ကျနော်ချန်ထားခဲ့တဲ့ သီချင်းတွေ၊ပန်းချီတွေနဲ့ပျော်နေကြရင်ကျနော်ကျေနပ်ပါမယ်။
ချစ်တဲ့Kp”ဆိုပြီးတော့ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းဘဝရဲ့နေရက်တွေကိုအဆင်ပြေပြေဖြတ်သန်းနိုင်ကြပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။
Credit…M. M. H