နိုင်ငံတကာမီဒီယာတွေမှာ ချီးကျူးခံခဲ့ရတဲ့ Wali ဆိုတဲ့ ကနေဒါစနိုက်ပါသမားဟာ ယူကရိန်းကနေ Quebec မြို့ (ကနေဒါမြို့)
ကို ပြန်လာခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ အတွေ့အကြုံတွေကို ဒေသတွင်းမီဒီယာတွေကို ပြောဆိုခဲ့ရာမှာ စိတ်ပျက်ဖွယ်ရာတွေကိုသာ ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ကြောင်း သိရပါတယ်။
သူက ယူကရိန်းမှာ လက်နက်မလုံလောက်မှု၊ လေ့ကျင့်မှုညံ့ဖျင်းမှုနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဆိုခဲ့သလို အမြတ်ထုတ်မှုနဲ့
တပ်ပြေးမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။သူဟာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ယူကရိန်းဘက်က ဝင်ရောက်တိုက်ခိုက်ပေးချိန်မှာ အနောက်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
အီရတ်မှာလည်း ကာ့ဒ်စစ်သွေး ကြွကို တိုက်ခိုက်ဖူးတဲ့ ကနေဒါစစ်သားဟောင်းကို ကမ္ဘာ့အထူးချွန်ဆုံးစနိုက်ပါသမားအဖြစ် စပိန်မီဒီယာတွေက
ဖော်ပြခဲ့ကြပြီး အမေရိကန်မီဒီယာတွေကလည်း အလွန်အမင်းချီးကျူးရေးသားခဲ့ကြဖူးပါတယ်။
သောကြာနေ့က သူက La Presse နဲ့ ပြုလုပ်ခဲ့တဲ့ အင် တာဗျူးမှာ- “ယူကရိန်းတပ်မှူးတွေဟာ သူအပါ အဝင် နိုင်ငံခြား
တိုက်ခိုက်ရေးသမားတွေနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်” လို့ ပြောဆိုခဲ့ပါတယ်။တိုက်ပွဲဝင်ဖို့အတွ က် သူ စောင့် ဆိုင်းနေရတာကို
ငြီးငွေ့ခဲ့ပြီး Quebec က အခြားစစ်သားဟောင်းတွေကို သူ ဦးဆောင်ကာ ကိုယ် ပိုင်ယူနစ်တခုဖြစ်တဲ့ Norman Brigade မှာ ပါဝင်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း သူတို့အတွက် ကတိပေးထားတဲ့ လက် နက်တွေနဲ့ ဝတ်စုံတွေ မရရှိခဲ့သလို ရှေ့တန်းစစ်မျက်နှာမှာလည်း အကာအ
ကွယ်ပစ္စည်းတွေမပါဘဲ တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။တချို့စစ်သားတွေဟာ ဒေါ်လာ ၅ သိန်းကျော်တန်ဖိုးရှီတဲ့ အမေရိကန်ထောက်ပံ့ပေးတဲ့
လက်နက်တွေကို ခိုးယူခဲ့ကြတဲ့အထိကို ပြု လုပ်ခဲ့ကြတယ်လို့လည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးမှာ Wali က ကိယက်ဗ်အနီးက ယူကရိန်းတပ်ဖွဲ့တခုနဲ့ ထပ်ပူးပေါင်းခဲ့ပြီး လက်နက်၊ အစားအ သောက်နဲ့ ဓာတ်ဆီတွေကို
ရှာဖွေနေရတယ်လို့လည်း သူ့ရဲ့ပြောဆိုချက်မှာ ပါဝင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Wali ဟာ ယူကရိန်းကနေထွက်ခွာဖို့ကို ဆုံး ဖြတ်ခဲ့ပြီး
စိတ်အကြီးအကျယ်ပျက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပြီး ယူကရိန်းမှာဖြစ်ပျက်နေတာတွေကို အားလုံးသိအောင် ပြောဆိုသွားခဲ့ပါတယ်။
ယူကရိန်းကလည်း ပြန်လည်ထွက်ခွာလာတဲ့ စေတနာ့ ဝန်ထမ်းတွေထဲမှာတော့ သူတဦးတည်းမဟုတ်ဘဲ အခြားသူတွေလည်း ရှိတယ်လို့
သိရပါတယ်။လေ့ကျင့်သားမပြည့်ဝသေးတဲ့လူတွေကို ကျည်အနည်းငယ်ပေးကာ ရှေ့တန်းကို စေလွှတ်နေမှုတွေလည်းရှိနေတယ်လို့စေတနာ့
ဝန်ထမ်းတွေက ပြောဆိုခဲ့ကြသလို လက်နက်မလုံလောက်တာ၊ အရာရှိတွေရဲ့ မိုက်ရူးရဲဆန်တဲ့ ဆုံး ဖြတ်ချက်တွေရှိနေခဲ့တာကိုပါ
လူမှုကွန်ယက်အသီးသီးကနေ ထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။
zawgyi
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
ယူကရိန်းစစ်မြေပြင်ကနေ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တဲ့ ကမ္ဘာ့အတော်ဆုံးဆိုတဲ့ ကနေဒါစနိုက်ပါသမား
crd