News

ေရလယ္ကၽြန္းေဒသ တိုက္ပြဲမွာ ေရလယ္ကၽြန္းတပ္ေပါင္းစု တပ္စိပ္မႉး ျပည္သူ႔ရဲေဘာ္ ခ်မ္းႀကီး က်ဆုံး

ေရစႀကိဳ ေရလယ္ကၽြန္းေဒသ တိုက္ပြဲမွာ ေရလယ္ကၽြန္းတပ္ေပါင္းစု တပ္စိပ္မႉး ျပည္သူ႔ရဲေဘာ္ ခ်မ္းႀကီး က်ဆုံး

MFP ၊ ေမ – ၁၄

မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကၽြန္းေဒသ လက္ခုတ္ရြာအနီး ေမ(၁၃)ရက္က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမွာ ေရလယ္ကၽြန္းေဒသ ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုတပ္ရင္းရဲ့ တပ္စိပ္မႉး ျဖစ္တဲ့ ျပည္သူ႔ရဲေဘာ္ ခ်မ္းႀကီး (ခ) ေအးခ်မ္းၿဖိဳး က်ဆုံးခဲ့တယ္လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတင္းထုတ္ျပန္ပါတယ္။

က်ဆုံးခဲ့တဲ့ ရဲေဘာ္ ခ်မ္းႀကီး ဟာ ေရလယ္ကၽြန္းေဒသ ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုတပ္ရင္းရဲ့ တပ္စိပ္မႉးျဖစ္သလို မိခင္တပ္ဖြဲ႕ ဘီလုံးေျပာက္က်ားတပ္က ျဖစ္တယ္လို႔ ဆိုပါတယ္။

“ေရလယ္ကၽြန္းေဒသရွိ ျပည္သူ႔အသက္အိုးအိမ္ကို မီးရွို႔ဖ်က္ဆီး သက္ျဖတ္ေနေသာ ၾကင္စိုးရဲ့ ေနာက္လိုက္Khwayး တသိုက္ကို ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္ ပီသစြာ ေရွ႕တန္းမွ ရဲရဲေတာက္ တိုက္ပြဲဝင္ရင္းKhway တသိုက္နဲ႔ ထိပ္တိုက္သုံ းပြင့္ဆိုင္ ဝန္းရံတိုက္ခိုက္ခံရခ်ိန္မွာ

မတူညီတဲ့ လက္နက္ေတြေၾကာင့္ ျပည္သူ႔အတြက္ ေပးဆပ္လိုက္ရတဲ့ ရဲေဘာ္ ခ်မ္းႀကီး တပ္စိပ္မႉး ေရလယ္ကၽြန္းေဒသ ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုတပ္ရင္း အား ရဲေဘာ္ အားလုံးနဲ႔အတူ အေလးျပဳေနပါတယ္ ရဲေဘာ္ ေကာင္းရာသုဂတိ လားေရာက္ပါေစ။ ရဲေဘာ္ခ်မ္းႀကီး RIPပါ လို႔ ေရလယ္ကၽြန္း ကာကြယ္ေရး တပ္ေပါင္းစုတပ္ရင္းက ေဖာ္ျပပါတယ္

စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး မဟာမိတ္တပ္ေပါင္းစုေတြ ေမလ ၁၂ ရက္ ညေနပိုင္းက ေရလယ္ကၽြန္းေဒသ ဘိစပ္ကုန္းရြာႏွင့္ ေလွခုတ္ရြာၾကားမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္အုပ္စုဘက္က ၂၀ ေက်ာ္ ေတတယ္လို႔ ဆိုပါတယ္

တိုက္ပြဲမွာ အထိနာ တဲ့ စစ္အုပ္စုဟာ လက္ခုတ္ကုန္းရြာထဲ ဝင္ေျပးသြားၿပီး ေနာက္တေန႔မနက္ပိုင္း ရြာကို မီးရွို႔ဖ်က္ဆီးဖို႔ ႀကိဳးစားရာမွာ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက မီးျငႇိမ္းသတ္ဖို႔ ႀကိဳးစားရင္း ရဲေဘာ္ ခ်မ္းႀကီးတစ္ေယာက္ ထိမွန္ က်ဆုံးတာလို႔ ဆိုပါတယ္

စစ္အုပ္စုဟာ ေမ ၇ ရက္ကေန ၁၂ ရက္အတြင္း ေရလယ္ကၽြန္းေဒသက ရြာေတြထဲ ဝင္ေမႊလုယက္ ေဖာက္ထြင္းခိုးယူခဲ့ၿပီး ေရႊလွံရြာ၊ သာေဂါင္ရြာ၊ ျဖဳံဖူးရြာ၊ မိဖုရားရြာ၊ မဲကုန္းရြာ၊ ဘိုကုန္းရြာ၊ ကၽြဲကုန္ရြာ၊ ဆည္သစ္ျမင္ရြာ၊ ငတေရာ္ ၊ ေျမစြန္းရြာ စတဲ့ ေက်းရြာ (၁၀)ရြာက ေနအိမ္ (၆၃)လုံးကို မီးရွို႔ဖ်က္ဆီးသြားတယ္လို႔ ေရလယ္ကၽြန္းေဒသ Phoenix ေျပာက္က်ားတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ေရလယ္ကၽြန္းေဒသ တိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ ျပည္သူ႔ရဲေဘာ္ ခ်မ္းႀကီး (ခ) ေအးခ်မ္းၿဖိဳး /Photo – ေရလယ္ကၽြန္းတပ္ေပါင္းစု

ရေစကြို ရေလယ်ကျွန်းဒေသ တိုက်ပွဲမှာ ရေလယ်ကျွန်းတပ်ပေါင်းစု တပ်စိပ်မှူး ပြည်သူ့ရဲဘော် ချမ်းကြီး ကျဆုံး

MFP ၊ မေ – ၁၄

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လက်ခုတ်ရွာအနီး မေ(၁၃)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းရဲ့ တပ်စိပ်မှူး ဖြစ်တဲ့ ပြည်သူ့ရဲဘော် ချမ်းကြီး (ခ) အေးချမ်းဖြိုး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းကြီး ဟာ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းရဲ့ တပ်စိပ်မှူးဖြစ်သလို မိခင်တပ်ဖွဲ့ ဘီလုံးပြောက်ကျားတပ်က ဖြစ်တယ်လို့ ဆိုပါတယ်။

“ရေလယ်ကျွန်းဒေသရှိ ပြည်သူ့အသက်အိုးအိမ်ကို မီးရှို့ဖျက်ဆီး သက်ဖြတ်နေသော ကြင်စိုးရဲ့ နောက်လိုက်Khwayး တသိုက်ကို ပြည်သူ့ကာကွယ်ရေး ရဲဘော် ပီသစွာ ရှေ့တန်းမှ ရဲရဲတောက် တိုက်ပွဲဝင်ရင်းKhway တသိုက်နဲ့ ထိပ်တိုက်သုံ းပွင့်ဆိုင် ဝန်းရံတိုက်ခိုက်ခံရချိန်မှာ

မတူညီတဲ့ လက်နက်တွေကြောင့် ပြည်သူ့အတွက် ပေးဆပ်လိုက်ရတဲ့ ရဲဘော် ချမ်းကြီး တပ်စိပ်မှူး ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်း အား ရဲဘော် အားလုံးနဲ့အတူ အလေးပြုနေပါတယ် ရဲဘော် ကောင်းရာသုဂတိ လားရောက်ပါစေ။ ရဲဘော်ချမ်းကြီး RIPပါ လို့ ရေလယ်ကျွန်း ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ဖော်ပြပါတယ်

စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေ မေလ ၁၂ ရက် ညနေပိုင်းက ရေလယ်ကျွန်းဒေသ ဘိစပ်ကုန်းရွာနှင့် လှေခုတ်ရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၂၀ ကျော် တေတယ်လို့ ဆိုပါတယ်

တိုက်ပွဲမှာ အထိနာ တဲ့ စစ်အုပ်စုဟာ လက်ခုတ်ကုန်းရွာထဲ ဝင်ပြေးသွားပြီး နောက်တနေ့မနက်ပိုင်း ရွာကို မီးရှို့ဖျက်ဆီးဖို့ ကြိုးစားရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားရင်း ရဲဘော် ချမ်းကြီးတစ်ယောက် ထိမှန် ကျဆုံးတာလို့ ဆိုပါတယ်

စစ်အုပ်စုဟာ မေ ၇ ရက်ကနေ ၁၂ ရက်အတွင်း ရေလယ်ကျွန်းဒေသက ရွာတွေထဲ ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူခဲ့ပြီး ရွှေလှံရွာ၊ သာဂေါင်ရွာ၊ ဖြုံဖူးရွာ၊ မိဖုရားရွာ၊ မဲကုန်းရွာ၊ ဘိုကုန်းရွာ၊ ကျွဲကုန်ရွာ၊ ဆည်သစ်မြင်ရွာ၊ ငတရော် ၊ မြေစွန်းရွာ စတဲ့ ကျေးရွာ (၁၀)ရွာက နေအိမ် (၆၃)လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရေလယ်ကျွန်းဒေသ Phoenix ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေလယ်ကျွန်းဒေသ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် ချမ်းကြီး (ခ) အေးချမ်းဖြိုး /Photo – ရေလယ်ကျွန်းတပ်ပေါင်းစု