kyar thi ya tha mya

၁၄/အင်းလျား အိမ်နဲ့ခြံ အစုရှယ်ယာ ၃၀၀ အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်လာ

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျားအိမ်နဲ့ခြံလေလံပွဲမှာ အစုရှယ်ယာ ၃၀၀ (အမေရိကန်ဒေါ်လာ သုံးသောင်း) အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

အစုရှယ်ယာ ၃၀၀ ဝယ်ယူသူဟာ စင်ကာပူနိုင်ငံက ဖြစ်တယ်လို့ လေလံအစီအစဉ်ဆောင်ရွက်နေတဲ့( The End of Dictatorship- EOD) က မနေ့ညက ထုတ်ပြန်ပါတယ်။

၁၄/အင်းလျား အစုရှယ်ယာကို PDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်တဲ့ မေ ၅ ရက်မှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းစတင်တဲ့ရက်မှာ အစုရှယ်ယာ၂၀၀၊ ၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေ ရှိခဲ့ပါတယ်။

၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်းချမှု ၅ ရက်မြောက်မှာ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။

အစုရှယ်ယာ ဝယ်ယူကြသူတွေဟာ မင်းအောင်လှိုင်ကိုတိုက်ရိုက်ထိတယ်လို့ ယူဆတာကြောင့် ဝယ်ယူသူတွေ ရှိသလို အာဏာရှင်စနစ်ကို မကြိုက်လို့၊ တော်လှန်ရေးကာလကို မကြာရှည်စေချင်တာကြောင့်နဲ့ ၁၄/အင်းလျားဝယ်ယူမှုဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုလို ဖြစ်နေတာရယ်ကြောင့်လို့ ဆိုကြကြောင်း EOD က ထုတ်ပြန်ပါတယ်။

အစောင်ရေ မများလှပေမဲ့ ပြည်တွင်းကနေ လှမ်းဝယ်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးက ‘အစ်မ လှူဖို့စုထားတာလေးနဲ့ ဝယ်တာ၊ ၁၄ /အင်းလျားကို ပြန်ရောင်းတဲ့တစ်နေ့ စစ်ကိုင်းက မီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ဖို့ အကုန်လှူမယ်’ လို့ ပြောပါတယ်။

အမိမြေကနေ အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ် ပျောက်ကွယ်သွားဖို့ အာဏာရှင် စစ်အုပ်စုက မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူအားပေးခြင်းနဲ့ တော်လှန်ရေးကို တစ်တပ်တအား ပါဝင်ကြပါလို့ EOD က တိုက်တွန်းထားပါတယ်။DNA

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျားအိမ်နဲ့ခြံလေလံပွဲမှာ အစုရှယ်ယာ ၃၀၀ (အမေရိကန်ဒေါ်လာ သုံးသောင်း) အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

အစုရှယ်ယာ ၃၀၀ ဝယ်ယူသူဟာ စင်ကာပူနိုင်ငံက ဖြစ်တယ်လို့ လေလံအစီအစဉ်ဆောင်ရွက်နေတဲ့( The End of Dictatorship- EOD) က မနေ့ညက ထုတ်ပြန်ပါတယ်။

၁၄/အင်းလျား အစုရှယ်ယာကို PDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်တဲ့ မေ ၅ ရက်မှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းစတင်တဲ့ရက်မှာ အစုရှယ်ယာ၂၀၀၊ ၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေ ရှိခဲ့ပါတယ်။

၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်းချမှု ၅ ရက်မြောက်မှာ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။

အစုရှယ်ယာ ဝယ်ယူကြသူတွေဟာ မင်းအောင်လှိုင်ကိုတိုက်ရိုက်ထိတယ်လို့ ယူဆတာကြောင့် ဝယ်ယူသူတွေ ရှိသလို အာဏာရှင်စနစ်ကို မကြိုက်လို့၊ တော်လှန်ရေးကာလကို မကြာရှည်စေချင်တာကြောင့်နဲ့ ၁၄/အင်းလျားဝယ်ယူမှုဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုလို ဖြစ်နေတာရယ်ကြောင့်လို့ ဆိုကြကြောင်း EOD က ထုတ်ပြန်ပါတယ်။

အစောင်ရေ မများလှပေမဲ့ ပြည်တွင်းကနေ လှမ်းဝယ်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးက ‘အစ်မ လှူဖို့စုထားတာလေးနဲ့ ဝယ်တာ၊ ၁၄ /အင်းလျားကို ပြန်ရောင်းတဲ့တစ်နေ့ စစ်ကိုင်းက မီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ဖို့ အကုန်လှူမယ်’ လို့ ပြောပါတယ်။

အမိမြေကနေ အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ် ပျောက်ကွယ်သွားဖို့ အာဏာရှင် စစ်အုပ်စုက မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူအားပေးခြင်းနဲ့ တော်လှန်ရေးကို တစ်တပ်တအား ပါဝင်ကြပါလို့ EOD က တိုက်တွန်းထားပါတယ်။ DNA