ပရိတ်သတ်ကြီးရေပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့မင်းသားချောမင်းမော်ကွန်းဟာဆိုရင်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုကျရာဇာတ်ရုပ်တိုင်းပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်တဲ့အတွက်အကယ်ဒမီထူးချွန်ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှထားတာပဲဖြစ်ပါတယ်နော်။
မင်းမော်ကွန်းကလတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူလှုထုနဲ့အတူထိပ်ဆုံးကနေပါဝင်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
မင်းမော်ကွန်းကလူထုလှုပ်ရှားမှုတွေမှာအောင်မြင်မှုတွေကိုဘေးချိတ်ပြီးလူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေမပျောက်အောင်တာဝန်သိပြည်သူတစ်ယောက်အနဲ့စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းကတည်းကလမ်းမပေါ်ထွက်ထွက်ပြီးပြည်သူလူနဲ့အတူအမှန်တရားအတွက်တိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်နော်။အဲ့ဒီလိုပါဝင်ခဲ့တဲ့အတွက်လည်းပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ဝရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။
ဒါကြောင့်လည်းသူ့အနေနဲ့ခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင့်ခုဆို မိသားစုနဲ့ခွဲခွာကာတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီလို တိမ်းရှောင်နေရတဲ့အချိန်တွေမှာတောင်သူ့ရဲ့လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူပြည်သူတွေခွန်အားဖြစ်စေမယ့် စာလေးတွေကိုဝေမျှပေးနေဆဲပါ။
ဒီကနေ့မှာဆိုရင်လည်းမင်းမော်ကွန်းရဲ့သားအငယ်ဆုံးလေးကအဖေဖြစ်သူနဲ့ခွဲခွါနေရတာကြာလာပြီဖြစ်တဲံအတွက်အဖေကိုအရမ်းလွမ်းတဲ့စိတ်နဲ့အဖေရှိတဲ့နေရာကိုလိုက်မယ်ဆိုပြီးပြင်ဆင်နေတဲ့သားလေးကိုကြည့်ပြီးဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကိုအခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်
မင်းမော်ကွန်းက“အဖေဆီသွားချင်လို့သူ့ဟာသူပစ္စည်းတွေထည့်ထားတယ်တဲ့လေခဏစောင့်ပါဦးသားရယ်အဖေကိုယ်တိုင်တောင်ခုထိဟိုပြေးဒီလွှားနဲ့အတည်တကျမရှိသေးတာကျောပိုးအိပ်တစ်လုံးနဲ့ကျောတစ်ခင်းစာနေရာကလွဲပြီးတနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီးတစ်စစီလိုက်ပြန်ကောက်နေရတဲ့ယုံကြည်ချက်တချို့တလေကလွဲပြီး။
အရင်းအနှီးကြီးလွန်းတဲ့လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီးချစ်ခြင်းမေတ္တာနဲ့သတိရခြင်းတွေကလွဲပြီးခုချိန်ထိလမ်းပျောက်နေရုံကလွဲပြီးအဖေ့ဆီမှာဘာမှမရှိလို့ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါ”ဆိုပြီးသူ့ရဲ့လူမှုကွန်ယင်စာမျက်နှာကနေတစ်တင့်စိတ်မကောင်းစွာပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။
Source ; Kyaw Kyaw Htay Lwin Facebook Acc
Credit ;M. M. H